Title: Mum, I used to hate you (From Zi Xinyu's Short Stories)
Translated by timebun
Myanmar Translation by Kay_Wine
_____အမေ၊ သမီးအမေ့ကိုအရင်က မုန်းခဲ့ဖူးတယ်။
ကျွန်မတစ်ခါတုန်းက ကျွန်မရဲ့အရိုးထဲထိစိမ့်ဝင်နက်ရှိုင်းတဲ့လောက်အောင် မမေ့နိုင်တဲ့အတွေ့အကြုံကို ခံစားဖူးလားလို့ အမေးခံရဖူးတယ်။
အဲ့တော့ ကျွန်မအဲ့တာကို သေချာစဉ်းစားကြည့်လိုက်တယ်။
တကယ်တော့ ကျွန်မရဲ့ဘဝက တော်တော်လေးကိုသာမာန်ဖြစ်ပြီး အတော်အတန်တော့ အေးချမ်းခဲ့ပါတယ်။
ကျွန်မကငယ်သေးတာကြောင့်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။
ဒါပေမယ့် အဲ့အပေါ်မှာသေချာလေးလေးနက်နက်တွေးလိုက်တော့ ကြည့်ရတာတစ်စုံတစ်ယောက်ကို တကယ်ကြီးမုန်းခဲ့ပုံရတယ်။ကျွန်မအမေ
အဲ့အချိန်တုန်းက ကျွန်မအသက်လေးနှစ်ပဲရှိသေးတယ်။
ကျွန်မရဲ့အသက်အရွယ်နဲ့ ဝိုးတိုးဝါးတားဖြစ်နေတဲ့မှတ်ဉာဏ်ကိုပဲ အပြစ်ပုံချရမယ်၊ ဆုံးသွားတဲ့ကျွန်မအဖေက ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာကို ကျွန်မမမှတ်မိနိုင်ခဲ့ဘူး။
ကျွန်မတချို့အကြောင်းအရာ အနည်းငယ်ကိုပဲမှတ်မိတယ်။
ကျွန်မမှတ်ဉာဏ်ထဲကအဖေက အရမ်းအရမ်းကို ရက်စက်တဲ့လူတစ်ယောက်ဖြစ်တယ်။
သူက ကျွန်မကိုရိုက်ဖို့အတွက် ဝါးရင်းတုတ်ကိုသုံးပြီး ကျွန်မနာကျင်လွန်းလို့ ကြမ်းပြင်ပေါ်မှာလူးလှိမ့်ရတဲ့အထိရိုက်လေ့ရှိတယ်။
ကျွန်မပြောစကားနားမထောင်တဲ့အခါတွေဆိုရင် ထိုင်ခုံမှာကြိုးတုပ်ထားပြီး တစ်ယောက်ကိုမှ ကြိုးဖြည်ခွင့်မပေးဘူး။
သူကအမြဲတမ်း အဲ့ဒီ့ဈေးပေါတဲ့ ၂၀centလောက်ပဲရှိတဲ့စာအုပ်တွေ ဝယ်လာပြီး ကျွန်မကိုတစ်အုပ်ပြီး တစ်အုပ်ရေးခိုင်းလေ့ရှိတယ်။
အမြဲတမ်းသူက ကျွန်မကိုငိုယိုနေရအောင်ပဲ လုပ်တာကြောင့် သူ့အပေါ်ကျွန်မဘယ်လိုတွေးပေးရမှန်း တကယ်မသိတော့ဘူး။
ကျွန်မတွေးလိုက်တာက တခြားအဖေတွေလည်း သူတို့ကလေးတွေကိုအဲ့လိုမျိုးရိုက်ကြမှာပဲပေါ့။
ဒါပေမယ့် သူတို့အမေတွေကတော့ တခါတရံမှာသေချာပေါက်ကူညီကြမယ်။
ကျွန်မအမေကတော့ အမြဲတမ်းအဝေးကနေပဲ လှမ်းကြည့်နေလေ့ရှိတယ်။အဲ့တာကြောင့် သူမကို စတင်မုန်းတီးလာခဲ့တယ်။
ကျွန်မအသက် ခုနစ်နှစ်ရောက်တဲ့နှစ်။
ကျွန်မအဖေဆုံးပြီး သုံးနှစ်ကြာတာတောင် သူမကမုဆိုးမတစ်ယောက်အဖြစ်ပဲနေနေခဲ့တယ်။
တစ်ယောက်တည်း ကျွန်မနဲ့ ကျွန်မထက်နှစ်နှစ်ငယ်တဲ့မောင်လေးကို ပြုစုပျိုးထောင်ပေးခဲ့တယ်။
သူမအမြဲပြောလေ့ရှိတာက သူမမှာအသက်ဆက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့ဘူးတဲ့။
ကျွန်မကမကြာမကြာနေမကောင်းဖြစ်တတ်ပြီး ပြန်ကောင်းဖို့ကလည်း အရမ်းကြာတာကြောင့် သူမကနေရာအနှံ့ပြေးလွှားပြီး ဆရာဝန်ကို သွားသွားရှာရတယ်။
အဲ့လိုနဲ့ သူမမှာပိုက်ဆံပြတ်သွားတော့တယ်။
အဲ့တာကြောင့် သူမကကျွန်မရဲ့အဖိုး၊ အဖေ့ရဲ့အဖေဆီမှာ ဒူးထောက်ရလုနီးပါးတောင်းဆိုခဲ့ရတယ်။
ကျွန်မအဖိုးက သူမကိုဒေါ်လာတစ်ရာပေးပြီး နောက်ကျရင်ပြန်ဆပ်ဖို့လည်း ပြောတယ်။
သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေကလည်း ကျွန်မတို့ကိုရှုံ့ချပြီး သေသေရှင်ရှင် ဂရုမစိုက်ကြတော့ဘူး။
ကျွန်မက ထိုအချိန်တုန်းက ငယ်ရွယ်ပြီး ဆင်ခြင်တုံတရားမရှိဘူး။
ကျွန်မအမြဲခံစားနေရတာက တခြားသူတွေရဲ့အမေတွေမှာကျတော့ ပိုက်ဆံတွေအများကြီးရှိကြတယ်။
ဒါပေမယ့် ငါ့အမေကျတော့အရမ်းဆင်းရဲလွန်းလို့ တခြားကနေပိုက်ဆံတွေလိုက်ချေးနေရတယ်။