[Kay : ဒီအကြောင်းအရာလေးက YouTubeမှာ videoကြည့်နေရင်း တွေ့ခဲ့တဲ့ commentလေးတစ်ခုကို အရမ်းသဘောကျသွားလို့ အနည်းငယ်ပြန်စီပြီး ရေးလိုက်တာပါ။ အကြောင်းအရာလေးက တိုပေမယ့် အတော်လေးအဓိပ္ပါယ်ရှိတာဖြစ်လို့ သေချာစိတ်နှစ်ပြီး ဖတ်ကြည့်စေလိုပါတယ်။ မူရင်းရေးသားသူကို creditပေးပါတယ်။]
{Zawgyi}
တစ်နေ့မှာ ကလေးမလေးတစ်ယောက်ကို ထိန်းကျောင်းပေးဖို့အတွက် သူမရဲ့မိဘတွေက ကလေးထိန်းကြီးတစ်ယောက်ကို ငှားခဲ့တယ်။ သူတို့တွေစတွေ့ကြတဲ့ ပထမနေ့မှာပဲ ခင်မင်သွားခဲ့တယ်။
ကလေးမလေး : ဦးဦး လက်မှာဘာဖြစ်ထားတာလဲဟင်?
ကလေးထိန်း : ဒါတွေက စစ်ပွဲမှာတုန်းက ရခဲ့တဲ့ဒဏ်ရာတွေပါကွယ်..
ကလေးမလေး : စစ်တိုက်ခဲ့ရတာလား?
ကလေးထိန်း : ဟုတ်တာပေါ့ ရှည်လျားပြီး ခက်ခဲလွန်းတဲ့တိုက်ပွဲတစ်ခုပေါ့။
ကလေးမလေး : အရမ်းမိုက်တာပဲ! သမီးလည်း တစ်ခုလောက်လိုချင်လို့ရလား?
ကလေးထိန်း : မလိုချင်လိုက်ပါနဲ့... ကျေးဇူးပြုပြီး ဒီလိုမျိုး တစ်ခုမှမရပါနဲ့ကွယ်၊ ဒါပေမယ့် ဦးဦး သမီးကို တစ်ခုတော့ပြောပြမယ်။ သမီးလေး ဒီလိုဒဏ်ရာနဲ့ လူတွေကိုတွေ့မိတိုင်း သူတို့တွေကို ပွေ့ဖက်မှုလေးတစ်ခုတော့ လုပ်ပေးစေချင်တယ် အိုကေမလား? ဦးဦးကို ကတိပေးနိုင်မလား?
ကလေးမလေး : ဟုတ် သမီးကတိပေးပါတယ်။
ရက်အနည်းငယ်ကြာတော့ သူတို့တွေ ဈေးဝယ်ထွက်ခဲ့ကြတယ်။ ရုတ်တရက် ကလေးမလေးက ကလေးထိန်းလူကြီးရဲ့လက်ကို ဖြုတ်ချပြီး ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆီကို ပြေးသွားတယ်။
ဆယ်ကျော်သက်ကောင်မလေး : ဘာလို့ လာဖက်တာလဲ?
ကလေးမလေး : ဘာလို့လဲဆိုတော့... *လက်ညှိုးထိုးပြ* မမမှာ သမီးရဲ့ကလေးထိန်းဦးဦးလိုမျိုး စစ်ပွဲကဒဏ်ရာကြီးတွေနဲ့မို့လို့လေ။
ဆယ်ကျော်သက်ကောင်မလေးက ကလေးထိန်းကြီးကိုမော့ကြည့်တော့ ထိုလူကြီးက သူ့ရဲ့အကျီလက်ကို လိပ်တင်ပြီးပြလိုက်တယ်။