ZAWGYI
ဒုန်း!
တိတ်ဆိတ်အေးချမ်းနေသော ပတ်ဝန်းကျင်အခြေအနေအား ဖြိုခွင်းလိုက်သော ငြင်သာမှုအလျင်းမရှိပါသည့် တံခါးဖွင့်သံ။
"မင်း ဘယ်သူလဲ...ဘယ်လိုလုပ်ပြီး ဒီအိမ်ထဲကို ၀င်လာတာလဲ..."
နန်းတော်တမျှ ကျယ်ဝန်းသောအိမ်ကြီးတွင်းရှိ စာကြည့်ခန်းမှ အမျိုးသမီးတစ်ဦး။အသက်အရွယ်အားဖြင့် ၄၀ကျော်မျှခန့်သာ ရှိဦးမည်ဖြစ်သောသူမ။အဖြူရောင်ဝမ်းဆက်ကို ၀တ်ဆင်ကာ စာကြည့်စားပွဲ၌ထိုင်၍ တည်ငြိမ်စွာစာဖတ်နေသော သူမကား မြင်ရသူ ရင်အေးစေရလောက်အောင်ပင် ကျက်သရေရှိလှ၏။ထိုကဲ့သို့သော ကဗျာဆန်ဆန် မြင်ကွင်း အခြေအနေမျိုးအား ၀င်ရောက်နှောင့်ယှက်လာသူမှာ ခန္ဓာကိုယ် တစ်ခုလုံးထက်၌ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောအမည်မသိလူတစ်ဦး။ထို့ပြင် အနက်ရောင်maskကိုပါတပ်ဆင်ထားသည်ကြောင့် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်း၍မရနိုင်သော အခြေအနေ တစ်ခုပင်ဖြစ်နေလေသည်။
"မင်းကို ဘယ်သူလဲလို့ မေးနေတယ်လေ...ဘာလိုချင်လို့ ငါ့အိမ်ထဲကို အခုလိုမျိုး ၀င်လာရတာလဲ..."
"ခင်ဗျားရဲ့ အသက်..."
မိမိအမေးကိုပြန်ဖြေလိုက်သောတစ်ဖက်လူ၏သွေးအေးအေး စကားကြောင့် အမျိုးသမီးဘက်မှ အနည်းငယ် တုန်လှုပ်သွား မိသည်ကို ၀န်ခံပါ၏ေ။သို့ပါသော်လည်း သူမ မကြောက်မိပါ။နန်းတော်တမျှ ကျယ်ဝန်းလှပါသော စံအိမ်တွင် နေထိုင်သည့် သူမအဖို့ သူမ၏ဂုဏ်အဆင့်အတန်းနှင့် လိုက်လျောညီစွာပင် သက်တော်စောင့်များစွာကရှိနေသည်လေ။
"မင်းကသိပ်လေကျယ်တာပဲ...အခုချိန်မှာသာ ငါအချက်ပြ ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင် ငါ့ကိုမသတ်ခင် တစ်အိမ်လုံး လုံခြုံရေးတွေက မင်း အရင်ဆုံးနောက်ဘ၀ကူးသွားအောင် လုပ်လိုက်လိမ့်မယ်..."
"အဟက်..."
အမျိုးသမီး၏ ခြိမ်းခြောက်ပုံမည်သော သတိပေးစကားသံကို
တစ်ဖက်လူဘက်မှအလေးမထားသယောင်ပင်လှောင်ရယ်၍ ပြက်ရယ်ပြုလိုက်သေးသည်။"ခင်ဗျားရဲ့လုံခြုံရေးတွေသာ အသက်ရှင်လျက်ရှိနေသေးရင် သူတို့တွေက ကျုပ်ကိုအသာတကြည်နဲ့ ခင်ဗျားအခန်းထဲကို ၀င်ခွင့်ပြုပါ့မလား..."

YOU ARE READING
Fate Or Fake? (Complete)
FanfictionWhich started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not,...? Written By W