ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 15
Chapter 1 (အထွဋ်အထိပ် မူလတာအို)
"ဆရာ... ဆရာက ရတနာ လေလံပွဲမှာ နာမည်ကြီးသွားလို့နေမယ်။"
ချွင်ကလေးက လှမ်းပြောလိုက်ပါတယ်။
"ဒါကြောင့်လည်း မင်းသမီး ရှီးယွဲ့က ဆရာကို တွေ့ချင်နေတာ ဖြစ်မယ်။"နင်လည်း ငါးခူပြုံးပြုံးလိုက်ပါတယ်။ ရတနာ လေလံပွဲမှာတုန်းက ဓာတ်ကြီးငါးပါး ဒေါင်းတောင်ကို အရည်ဖွဲ့ ဓာတ်စွမ်းအင် အမြူတေ ၂.၅ သန်း ကီလိုဂရမ်နဲ့ ၀ယ်ယူခဲ့တယ်လေ။ မီးလျှံငယ်ရှီးစွေတောင်မှ နောက်ဆုံး အလျှော့ပေးသွားရတယ်။ ဒီသတင်းက တောမီးလိုကို ပျံနှံ့သွားမှာ သေချာပါတယ်။ နောက်ဆို သူ့ကို တွေ့ဆုံဖို့ လာမဲ့ ကလန်ကြီးတွေ အင်အားကြီးတွေ အများကြီး ရောက်လာတော့မှာ။ ဒါကတော့ အခုလောလောဆယ် သူတွေးထားတာတွေပါ။ ဒါပေမဲ့ မင်းသမီးလေး ရှီးယွဲ့က ရတနာ လေလံပွဲ မပြီးသေးခင်မှာသူ့ကို တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တယ်လား...။ သူ့နာမည်က ထင်တာထက်တောင် ကြီးသွားပြီလား မသိ...။
"မင်းသမီးရှီးယွဲ့ဆိုတာ ဘယ်သူလည်း မသိ..။"နင် မေးကြည့်လိုက်ပါတယ်။
"မင်းသမီးရှီးယွဲ့က ယန်ဘုရင့် နန်းတော်ကပါ။"ယုချီက ရှင်းပြလိုက်ပါတယ်။
"ယန်ဘုရင်...?"
နင်ရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့ပါပြီ။ တော်ဝင်ရှအင်ပါရီယာ နန်းမြို့တော်က အဓိကကျတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို နင်ဝယ်ဖတ်ကြည့်ြ့ပီးပါပြီ။ ယန်ဘုရင် ဒီပုဂ္ဂိုလ်ကြီးတွေထဲက တစ်ယောက်ပါ။ သူက လတ်တလောမှ မိုးကောင်ကင် စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွားနိုင်တဲ့ ကောင်းကင်အင်မော်တယ် တစ်ဦးပါပဲ။
မှန်ပါတယ်။ သူက ကောင်းကင်အင်မော်တယ်ပါ။ ကောင်းကင်အင်မော်တ်ယ ဖြစ်ဖို့ဆိုတာက အင်မတန်မှကို ခက်ခဲလွန်းပါတယ်။ အဖြူအနက် ကောလိပ်ရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို တွေ့နိုင်ပါတယ်။ နှစ်သန်းပေါင်းမေ၇မတွက်နိုင်စွာ ကြာမြင့်အောင် တည်ရှိခဲ့တဲ့ အဖြူအနက်ကောလိပ်မှာ နှစ်တစ်သောင်းတိုင်း မြေကမ္ဘာအင်မော်တယ်နဲ့ လွတ်မြောက်အင်မော်တယ်တွေ ထွက်ပေါ်လာဖူးပါတယ်။ ဒီလို မရေမတွက်နိုင်တဲ့ နှစ်တွေကြာမြင့်ခဲ့မှတော့ ဒီအင်မော်တယ်တွေ ဘယ်လောက်တောင် ပေါ်ထွက်ခဲ့ပြီးပြီးလဲ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ကောင်းကင်အင်မော်တယ်က တစ်ယောက်တည်းပဲ ပေါ်ထွက်လာခဲ့ဖူးပါတယ်။
![](https://img.wattpad.com/cover/212084892-288-k564841.jpg)
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁၅)
Fantasíaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...