ကျွန်တော် အလုပ်မရှိသည့်.. ညဘက်တွေဆိုရင် နှစ်ယောက်သား Seoulမြို့ကို ခြေကျင်ပတ်ကြသည်။ အရမ်းဗိုက်ဆာနေရင် မုန့်နည်းနည်းဝယ်စားလိုက်သည်။ နှစ်ယောက်လုံး တစ်နေကုန် ခိုင်းထားတာတောင် အခုထိ လျှောက်နေရတဲ့ ခြေထောက်တွေက ညောင်းဟန်မတူပါ။ တစ်ယောက်နဲ့ တစ်ယောက် မြဲနေအောင် ယှက်သွယ်ထားတဲ့ လက်ချောင်းတွေဆီက အားအင်တွေ ရနေလို့ ဖြစ်မည်။
လမ်းဘေးမှာ အိတ်အလွတ်ချပြီး ဂစ်တာတစ်လက်နဲ့ ဖျော်ဖြေနေသူတွေ တွေ့ရင် ခပ်လှမ်းလှမ်းက နားထောင်ကြသည်။ သူ့ကိုပေးဖို့ နေနေသာသာ ကိုယ်တိုင်ပင်် မရှိသူတွေမို့ အားနာစရာလည်းမဖြစ်အောင် အဝေးကနေဘဲ သူ့အနုပညာကို ချီးကျူးရသည်။
အခုတလော ညဘက်တွေမှာ ကျွန်တော် သူဋ္ဌေးတစ်ဦး၏ ဒရိုင်ဘာ လုပ်ရသည်။ သူဋ္ဌေးကလည်း ငယ်သေးသည့်အပြင် ကျွန်တော့ကို ညီတစ်ယောက်လိုပါ ဆက်ဆံသည်။ ဒီလိုဆင်းရဲနေပေမယ့် ကြိုးစားဖို့ အခွင့်အလမ်းတွေ အများကြီးရှိကြောင်းလည်း ခဏခဏပြောကာ အားပေးသည်။ Hunအကြောင်းပါ သူ့ကို ပြောပြတော့ သူက အံ့ဩသွားသည်။ ဒီလိုအချစ်တွေလည်းရှိတာဘဲဆိုပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ သူလက်ခံသည်။
Hunကို ဒါတွေ ပြောပြရင် Hunက ပြုံးပြုံးလေးဘဲ နားထောင်သည်။ ကျွန်တော့ ပုခုံးကို သူ့ခေါင်းလေးမှီရင်း တစ်ချက်တစ်ချက် စိတ်ပေါက်လျှင် လူကြားထဲမှာပင် ထ,ကိုက်တတ်သည်။ ကျွန်တော့မှာတော့ သူကိုက်တာ မနာတဲ့အပြင် အသည်းတယားယားပါ ဖြစ်ရသည်မို့...။
"Jongin..! နားထောင်..! Say you won't let go.. ဆိုနေတာ..."
ဖာသာတစ်ဦး တည်ထောင်သည့် မိဘမဲ့ကျောင်းမှာ ကြီးပြင်းခဲ့ရသောကြောင့် နှစ်ယောက်လုံး အင်္ဂလိပ်စာကိုတော့ ကောင်းကောင်းနားလည်ပါသေးသည်။
"We've come so far my dear
Look how we've grown
But I wanna live with you
Until we're grey and old တဲ့.... ဒီလောက်အကြာကြီး မင်းနဲ့ အတူ ကြီးပြင်းလာပြီးပြီတဲ့..ဒါတောင် ဆံပင်တွေဖြူပြီး အိုမင်းသွားတဲ့အထိ မင်းနဲ့ အတူတူရှိချင်တုန်းပါတဲ့.... အဲ့ဒါJonginကို ငါအပြောချင်ဆုံး စကားတွေဘဲ....။ အခုချိန်ထိ ငါ့ဘေးမှာ ရှိနေပေးတာ... သိပ်ကျေးဇူးတင်တယ် Jongin..."
![](https://img.wattpad.com/cover/188760100-288-k777996.jpg)