Part 5

2.3K 283 5
                                    

သူမ အိမ်ထဲရောက်သည်နဲ့ တစ်ပြိုင်နက် ကျက်သရေတုံး ညီအမနှစ်ယောက်ရဲ့ မေးခွန်းတွေ အပြစ်တင်မှုတွေကို နားနဲ့မဆံ့အောင် ကြားရတော့သည်။ လုံးဝအဓိပွာယ်မရှိသော်လည်း
သူမ လွှတ်ထားပေးလိုပ်သည်။ ဘာလို့ဆို ဒီနေ့က
သူမတို့နှစ်ယောက်က သူ့ကိုဒီလိုမျိုး ပြောဆိုခွင့်ရမယ့် နောက်ဆုံးနေ့ပဲလေ။
ဘာလို့ဆို ဒီနေ့ကစ
ပြီးတော့ သူမအဲ့နှစ်ယောက်နဲ့ အပြတ်ဖြတ်တော့မှာ ဖြစ်သည်။ ဒီအိမ်ကိုရောင်းပြီး ရှိသမျှအမွေတွေ အားလုံးကို
၃ပုံပုံ ပြီးပေးလိုက်ဖို့လုပ်ထားပြီးပြီ။
သူမ အကူအညီမပါဘဲနဲ့ အဲ့ဒီ မရင့်ကျက်သေးတဲ့
ကောင်မလေးနှစ်ယောက်က ဒီလောကကြီးအလယ်မှာ ကောင်းကောင်းမွန်မွန်
ရပ်တည်နိုင်မလားဆိုတာ ကြည့်တာပေါ့။သူမလား သေချာပေါက် သူမကတော့ မဟာဇာတ်လိုက်ကြီးလုမင်ဖနိ့
အိမ်မှာ သွားနေမှာပေါ့။ အခု သူမက အဲ့အိမ်က၀န်ထမ်းပဲဟာ။

ပြီးတော့လည်း လုအဘွားကိုယ်တိုင်က သူမကို
အဲ့အိမ်မှာလာနေခွင့်ပြုထားတာပဲဟာ။ဘာ
ပြသာနာမှ မရှိနိုင်ဘူးလေ။ လုမင်ဖန့်မရှိပေမယ့်
လည်း ဒီအချိန်အတွင်းမှာ သုမလုဘွားဘွားကို
အပိုင်ပေါင်းထားပြီး သူမဘက်တော်သားဖြစ်
အောင်လုပ်ထားနိုင်ရင် သူမရှေ့ရေးအတွက်စိတ်ချ
ရလောက်ပြီမဟုတ်လား။ အဲ့တော့ အခုတော့ သူမ
ဒီမိန်းကလေးငယ်လေးနှစ်ယောက်ကို သည်းခံ
ပေးထားလိုက်ဦးမည်။ သူမတို့တွေ တစ်ယောက်တစ်ခွန်း ဝိုင်းအပြစ်တင်ပြောဆိုလို့
ဝလောက်တဲ့ အချိန်လောက်မှ သူမစကားစလိုက်သည်။

"ကဲ ညီမလေးတို့က မမကိုတကယ်ပဲစိတ်မကောင်း
ဖြစ်အောင်လုပ်ကြတာပဲ။ မမ ဒီအတောအတွင်း
အချိန်တွေကို အလဟဿဖြစ်စေမိခဲ့တယ် "
သူမ မျက်ရည်တွေကို မထွက်ထွက်အောင်ညှစ်ထုတ်လိုက်ပြီးမှ
သူမ အခန်းထဲက ‌အိမ်စာချုပ်နဲ့ အခြားပစွည်း
တွေကိုယူလိုက်သည်။ ထို့နောက် ဒီနေ့တင်
သွားစုံစမ်းလာခဲ့သည့် ရှေ့နေကိုခေါ်လိုက်သည်။
သူမ ရှေ့နေ ခေါ်လိုက်တော့မှ ရှန်းယုချင်းနဲ့
ရှန်းယုဖေးလည်း လန့်ရကောင်းမှန်းသိလာရသည်။
ရှန်းယုဖေးက" နင် နင် တကယ် ရှေ့နေခေါ်ရဲတယ်ပေါ့ ။ နင်ကခေါ်ပြီး ဘာလုပ်မလို့လဲ။ အခုတော့ ပေါ်တင်ပဲ ငါတို့ကို
နှင်ထုတ်တော့မယ်ပေါ့ ဟုတ်လား။"
သူမ မဖြေ။ မကြားချင်ယောင်သာဆောင်လိုက်ပြီး
ရှေ့နေအလာကို စောင့်နေသည်။ ဒေါသတကြီး
ဖြစ်နေတဲ့ ရှန်းယုဖေးကို ရှန်းယုချင်းက ဆွဲထားသည်။ ပြီးတော့ နှစ်ယောက်သား တိုးတိုး
တိတ်တိတ်နဲ့ ပြောနေကြသည်။ သူမကတော့ ဂရုမစိုက်ပါဘူး။ အခုဇာတ်လိုက်မကလည်း
ဘာအာဏာမှ မရှိသေးသလို ရှန်းယုချင်းလည်း
အတူတူပဲ။ သူမကဘာလို့ဂရုစိုက်ရမှာတဲ့လဲ။

ခဏလောက်ကြာတော့ ခေါ်ထားတဲ့ရှေ့နေက စာချုပ်စာတမ်းတွေနဲ့ အတူရောက်လာသည်။
"ဒီနေ့ ကျွန်တော်လာခဲ့ရတာကတော့ ရှန်းမိန်းကလေး ၃ယောက်ရဲ့ မိဘပိုင်ဆိုင်မှု ခွဲဝေမှုနဲ့
ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးဖို့ပါ။
ဒီမှာ ကျွန်တော်တွေ့ရှိခဲ့ကြတာကတော့
Mr.ရှန်းနဲ့Mrs.ရှန်းတို့ဟာ အခုမိန်းကလေးတို့
နေထိုင်နေတဲ့အိမ်နဲ့ လက်ဝတ်လက်စားအနည်းငယ်
ကို ချန်ထားခဲ့ပါတယ်။"

"မဖြစ်နိုင်ဘူး။မားမား မှာ အရင်ကစုထားတဲ့
စုငွေတွေရှိသေးတယ်။ အဲ့တာ တွေကရော"
"အားယိုး ချင်းအာမေးမေး ပါးနဲ့မား
ဆုံးသွားတာပဲ၇နှစ်လောက်ရှိနေပြီ။ ဒီအတောအတွင်း မေးမေးတို့နဲ့ မမရဲ့စားသောက်စရိတ်၊ အိမ်စရိတ်နဲ့ ကျောင်းစရိတ်တွေက ဘယ်သူမှလာပေးထားတာမှမဟုတ်တာ။မား
တို့ဆုံးပြီး တစ်နှစ်လောက်တည်းက ကုန်နေပြီလေ"
ရှန်းယုကျင်းက ပြန်ပြောလိုက်တော့ သူမ
ဘာဆက်ပြောရမှန်းမသိတော့။ တကယ်လည်း
အဲ့ငွေ တွေကကုန်‌တာ ကြာပြီ ဖြစ်သည်။
မူလရှန်းယုကျင်းက အရမ်းကို တာဝန်သိစိတိရှိပြီး
ချွေတာ သုံးစွဲပြီး ကျောင်းတစ်ဖက်နဲ့အလုပ်မှန်သမျှလုပ်ပြီး
အိမ်စရိတ်ရှာခဲ့တာ ကြောင့်သာ သူတို့အခုချိန်ထိ
အိမ်ပေါ်မှာ အေးအေးဆေးဆေး နေနိုင်ခဲ့တာဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ယောက်က
မိဘတွေကို အစောကြီး ဆုံးရှုံးရပြီး ကျန်ရစ်ခဲ့
တဲ့ ညီမ နှစ်ယောက်ကို ပင်ပင်ပန်းပန့်းနဲ့ပြုစုစောင့်ရှောက်ခဲ့တယ်။
ဒီ ဇာတ်ကြောင်းလေးကကို အရမ်းကြာပန်းဖြူနေ
ဆန်ပြီး ဇာတ်လိုက်မင်းသမ်ီး ဖြစ်ဖို့သင့်တော်နေပြီ
ဖြစ်သည်။ အဲ့တာကို ဘယ်လိုလုပ်ဒီလို သနားစရာ
ဇာတ်သိမ်းမျိုး ဖြစ်သွားခဲ့တာပါလိမ့်။ Momo
တစ်ယောက်တကယ့်ကို သနားနေမိသလို တစ်ချိန်
ထဲမှာပဲ ထူးဆန်းတဲ့ ခံစားချက်မျိုးလည်းရနေမိသည်။ ဘာကြောင့်လဲ
ဆိုတာတော့ သူမကိုယ်တိုင်ပင်မသိချေ။

Let's Beat The Female LeadWhere stories live. Discover now