Part-9

2.2K 268 95
                                    

(ဒီအပိုင်းကစပြီး ဒီSystemရဲ့ အကြောင်းတွေကို နဲနဲချင်းစီ hintပေးသွားမှာပါနော်)

Systemသည် Momoဆီ မှစကားများကို ကြားရပြီး အတော်လေးအံ့ဩ ထိတ်လန့်သွားရသည်။ သူနဲ့ အတူတူအလုပ်လုပ်ဖူးတဲ့
ကစားသမားတွေ ထဲမှာ တစ်ခါမှ သူ့သရုပ်မှန်ကို သိတဲ့သူ မပေါ်လာဖူးခဲ့။ ဒါပေမဲ့ အခု Momoသည် သူနဲ့ နှစ်ဘ၀သာ အလုပ်တွဲလုပ်ရသေးသော်လည်း သူနဲ့ပတ်သက်ပြီး
အတော်များများကို သိထားပြီးနေပြီဟုထင်ရသည်။

Systemသည် အချိန်အကြာကြီး စဉ်းစားပြီးမှ ဒီကိစွကို ဌာနချုပ်ကို သွားအကြောင်းကြားဖို့ဆုံးဖြတ်လိုက်သည်။
"Host, ကျွန်တော် ကိစွရှိလို့ အခုတလောတော့
Hostကို ကူညီပေးနိုင်မှာမဟုတ်ဘူး။ ခဏပဲကြာမှာမို့ ဒီအတောအတွင်း mission
ကို ကောင်းကောင်းလုပ်ထားပါ"

"ဘာရယ် နင်တို့ကတစ်ဖြည်းဖြည်းနဲ့ တာဝန်ယူမှုကင်းမဲ့လှချည်လား။ ငါ့ကို ဒီထဲကို အတင်းဆွဲခေါ်လာပြီးေ‌တာ့ မကူညီနိုင်ဘူးဆိုတာဘာသဘောလဲ"

"Sorryပါ Host,ကျွနိတော်တို့ ဌာနချုပ်မှာ အရေးပေါ်ကိစြွဖစ်လို့ပါ။ သွားလိုက်ပါဦးမယ်"
"ဘာ ဟဲ့ ဟဲ့ System နင်တော့လား" သူမကသာခေါ်နေတယ်။ ဟို Systemကတော့
ဖြင့်အစောချည်းကတည်းက သူမကို Mute
လုပ်ပြီး ထွက်သွားပြီဖြစ်သည်။ သူမစကားကို
အဖတ်တောင်မလုပ်သွား။ သူမ သေချာမှတ်ထားတယ်။*Systemရေ နင်ပြန်လာရင်တော့ ငါ့ကို ကောင်းကောင်းအကြွေးဆပ်ဖို့ပြင်ထား*

"အောင်မလေး တစ်ညတည်းနဲ့ ကိစွတွေ ‌ဖြေရှင်းရတာ ပင်ပန်းသွားပြီ။ အိမ်ပြန်ပြီး အနားယူရမယ်" Momoသည် အဲ့လို‌တွေးပြီး
အိမ်ပြန်လိုက်သည်။ အိမ်ပြန်ရောက်တာနဲ့ပင်
ကုတင်ပေါ်တက်ပြီး အိပ်ဖို့ကြိုးစားလိုက်တော့သည်။ အခုသူမသည်
Systemထဲတွင်ရောက်နေခြင်းဖြစ်တာကြောင့်
အရာအားလုံးသည် သူမ၏ ညဏ်ရည် အပေါ်တွင်
သာမူတည်သည်ကို လည်း သိထားသည်။ သူမရဲ့မူလဘ၀ကို ပြန်သွားနိုင်ရေးအပါအ၀င် သူမ၏သေရေး ရှင်ရေးအထိ ။
သို့သော်အခုလောလောဆယ်တွင်တော့ ရှေ့လျောက် ကြုံတွေ့ရမည့်အရာများထက်
အခုလက်ရှိသူမရဲ့ missionကိုသာ အောင်မြင်အောင်လုပ်ရန် ဆုံးဖြတ်ထားသည်။

Let's Beat The Female LeadWhere stories live. Discover now