"ဘာလုပ်နေတာလဲ အဲ့ဒါ။"
ဆယ်ဟွန်းရဲ့ မေးသံ ခပ်ကျယ်ကျယ်ကြားလိုက်မှ
ပုံရိပ်ဖြူ လေးက အနည်းငယ် လှုပ်ရှားလာတယ်။ပုံရိပ်ဖြူ လေး ဆိုတာက
ဝတ်ထားတဲ့အဖြူ ရောင်ရှပ်အရှည်ပွပွနဲ့
နဂိုဖြူ ဝင်းနေတဲ့ အသားအရေတို့ ပေါင်းစပ်လိုက်မှုကြောင့်
တစ်ကိုယ်လုံး ဖွေးဖွေးစွတ်နေတဲ့
အိုဆယ်ဟွန်းရဲ့ ယောက်ျားလေးပဲ ဖြစ်ပါတယ်။ဟုတ်တယ်လေ...ယောက်ျားပေါ့....
လုဟန်နဲ့ သူက ခိုးပြေးလာခဲ့လို့ပဲ တစ်ညကြီးတောင်
ကြာသွားပြီကို။"ဒီဘက်လှည့်....."
ကွေးထားတဲ့ ဒူးလေးကို တင်းတင်းပိုက်ကာ
ငေးမှိုင်ကျနေတဲ့ ကိုယ်ခန္ဓာသေးကွေးပုစိလေးအား
ဆယ်ဟွန်း အသာဆွဲလှည့်ယူ မျက်နှာချင်းဆိုင်လိုက်တယ်မော့ကြည့်လာတဲ့ မျက်ဝန်းစိုမည်းလေးတွေက
အရည်ကြည်တစ်စွန်းတစ်စ ကပ်တွယ်လို့ရယ်။"ဘာလို့ ငိုနေသေးတာလဲ ဘေဘီလေးရဲ့။"
ခါးလေးကို လက်နှစ်ဖက်နဲ့ ဆွဲပင့်ချီလိုက်တယ်။
မတော်မရော် ဝတ်ထားတဲ့ ရှပ်အဖြူ က ချောင်လွန်းလို့
လုဟန် နှစ်ကိုယ်စာ ဝင်ရင်တောင် ရနိုင်လောက်တယ်။အင်္ကျီက ပါးလွှာလွန်းတာမလို့ အနီးကပ်ကြည့်တာနဲ့
ကိုယ်အတွင်းပိုင်းအသားတွေကို မြင်ရသေးရဲ့။ဝတ်ထားတဲ့ ဒူးကျဘောင်းဘီက
အသားရောင်ဖျော့ဖျော့ကိုမှ
အဖြူဘက်သမ်းတဲ့အရောင်မျိုး။အဝေးကများ ကြည့်ရင်
ဒီကောင်လေး ဘောင်းဘီဝတ်ထားရဲ့လားလို့
တွေးမိလောက်စရာ။"ကိုကို့....ဟင့်။"
မဲ့နေတဲ့ နှုတ်ခမ်းလေးမှ ခပ်တိုးတိုးခေါ်တဲ့ လေသံလေး။
"အိုး...ဘေဘီလေးရယ်...."
ရင်ခွင်ထဲ ဆွဲထည့်၊ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးမှပဲ
ရှိုက်သံတွေက ပိုကျယ်လာခဲ့တယ်။ညက လုဟန် မူးပြီး အိပ်ပျော်နေရာက နိုးလာတော့
အချိန်ပင်အတော်လင့်နေပြီး အခု သူတို့ တည်းနေတဲ့
နေရာကိုပင် ရောက်နေလေပြီ။