ဖြစ်ရပ်မှန် အတိုလေးရေးမယ် အပျင်းပြေဖတ်ချင်ဖတ်လို့ရအောင်
(မေကိုယ်တိုင် အမျှဝေပါ မေ)
နယ်မြို့လေးတစ်မြို့မှာ အစိုးရဝန်ထမ်းလုပ်နေတဲ့ မောင်ဘုန်းနဲ့ မေပန်းခိုင် ဆိုတဲ့ ကြင်စဦး ဇနီးမောင်နှံလေးရှိတယ်
"ဟာမေ တကယ်ပြောတာလား ဟား.....မောင် ...မောင် ...လူဖြစ်ပြီ "
မောင်ဘုန်း မေ့ကို ပွေ့ချီလိုက်တယ် ပျော်လွန်းလို့ရူးမှာပဲ
မေ့ဗိုက်ထဲမှာ မောင့်ကိုယ်ပွားလေးရှိနေပြီတဲ့လေ မေရယ် မောင့်လောက်ပျော်တဲ့သူရှိပါ့မလားကွာ
"မေ မောင်အလုပ်သွားတော့မယ် ထမင်းချက်ခဲ့တယ်နော် ဟင်းကနွှေးစားလိုက်နော် တံမြတ်စည်းလည်းမလှဲနဲ့ မောင်ပြန်လာမှ လှဲမယ်"
"မောင်ရယ် မေက ဘာလုပ်ရမှာလဲ အဲ့ဆို "
"ဘုရားစာလေးရွတ်လေ မွေးရဖွားရလွယ်အောင် ဘာမှမလုပ်ထားနဲ့နော် မောင်ပဲ အကုန်လုပ်မယ်"
မောင်ရယ် ဘာလို့များအဲ့လောက်ချစ်ရတာလဲ ကိုယ်ဝန်စရှိကတည်းက မေ့ကိုအရိပ်တကြည့်ကြည့် သိပ်ချစ်တတ်ပါသောမောင်ပါလေ
"ဟာ မေ ကြွတ်တတ်လို့လား လာမောင်နှိပ်ပေးမယ် "
"ဟာမောင်ကလည်း ငရဲကြီးပါမယ် မေ့ဖာသာ လုပ်ရင်ရပါတယ်"
"မေရယ် မေကကိုယ်ဝန်ကြီးနဲ့လေ လင်မယားကြားဘုန်းကံတွေဘာတွေအရေးမကြီးပါဘူး လာမောင်နှိပ်ပေးမယ်"
အတွင်းခံကအစ လျော်ပေးပါသောမောင်ပါလေ
"မောင် မိန်းကလေးတဲ့ "
"ဟာ ပျော်လိုက်တာမေရာ မောင်တော့သမီးလေးရတော့မှာပေါ့ ဂါဝန်လေးနဲ့လှနေမှာနော် မောင့်သမီးလေးက "
၆ လပြည့်တော့ဘာလေးလဲ သိကတည်းက မောင်က မိန်းကလေးအင်္ကျီတွေကြိုဝယ်တော့တာ
YOU ARE READING
ဖြစ်ရပ်မှန် အတိုလေး တစ်ပိုင်းအပြီးလေးတွေစုတင်ပါမယ်နော်
Short Story.nomal