မေကိုယ်​တိုင်​ အမျှ​ဝေပါ ​မေ

283 10 0
                                    

ဖြစ်​ရပ်​မှန်​ အတို​လေး​ရေးမယ်​ အပျင်း​ပြေဖတ်​ချင်​ဖတ်​လို့ရ​အောင်

(​မေကိုယ်​တိုင်​ အမျှ​ဝေပါ ​မေ)

နယ်​မြို့​လေးတစ်​မြို့မှာ အစိုးရဝန်​ထမ်းလုပ်​​နေတဲ့ ​မောင်​ဘုန်းနဲ့ ​မေပန်းခိုင်​ ဆိုတဲ့ ကြင်​စဦး ဇနီး​မောင်​နှံ​လေးရှိတယ်

"ဟာ​မေ တကယ်​​ပြောတာလား ဟား.....​မောင်​ ...​မောင်​ ...လူဖြစ်​ပြီ "

မောင်​ဘုန်း ​မေ့ကို ​ပွေ့ချီလိုက်​တယ်​ ​ပျော်​လွန်းလို့ရူးမှာပဲ

မေ့ဗိုက်​ထဲမှာ ​မောင့်​ကိုယ်​ပွား​လေးရှိ​နေပြီတဲ့​လေ ​မေရယ်​ ​မောင့်​​လောက်​​ပျော်​တဲ့သူရှိပါ့မလားကွာ

"​မေ ​မောင်​အလုပ်​သွား​တော့မယ်​ ထမင်းချက်​ခဲ့တယ်​​နော်​ ဟင်းက​နွှေးစားလိုက်​​နော်​ တံမြတ်​စည်း​လည်းမလှဲနဲ့ ​မောင်​ပြန်​လာမှ လှဲမယ်​"

"​မောင်​ရယ်​ ​မေက ဘာလုပ်​ရမှာလဲ အဲ့ဆို "

"ဘုရားစာ​လေးရွတ်​​လေ ​မွေးရဖွားရလွယ်​​အောင်​ ဘာမှမလုပ်​ထားနဲ့​နော်​ ​မောင်​ပဲ အကုန်​လုပ်​မယ်​"

မောင်​ရယ်​ ဘာလို့များအဲ့​လောက်​ချစ်​ရတာလဲ ကိုယ်​ဝန်​စရှိကတည်းက ​မေ့ကိုအရိပ်​တကြည့်​ကြည့်​ သိပ်​ချစ်​တတ်​ပါ​သော​မောင်​ပါ​လေ

"ဟာ ​မေ ကြွတ်​တတ်​လို့လား လာ​မောင်​နှိပ်​​ပေးမယ်​ "

"ဟာ​မောင်​ကလည်း ငရဲကြီးပါမယ်​ ​မေ့ဖာသာ လုပ်​ရင်​ရပါတယ်​"

"​မေရယ်​ ​မေကကိုယ်​ဝန်​ကြီးနဲ့​လေ လင်​မယားကြားဘုန်းကံ​တွေဘာ​တွေအ​ရေးမကြီးပါဘူး လာ​မောင်​နှိပ်​​ပေးမယ်​"

အတွင်းခံကအစ ​လျော်​​ပေးပါ​သော​မောင်​ပါ​လေ

"​မောင်​ မိန်းက​လေးတဲ့ "

"ဟာ ​ပျော်​လိုက်​တာ​မေရာ ​မောင်​​တော့သမီး​လေးရ​တော့မှာ​ပေါ့ ဂါဝန်​​လေး​နဲ့လှ​နေမှာ​နော်​ ​မောင့်​သမီး​လေးက "
၆ လပြည့်​​တော့ဘာ​လေးလဲ သိကတည်းက ​မောင်​က မိန်းက​လေးအင်္ကျီ​တွေကြိုဝယ်​​တော့တာ

ဖြစ်​ရပ်​မှန်​ အတို​လေး တစ်​ပိုင်းအပြီး​လေး​တွေစုတင်​ပါမယ်​​နော်​Wo Geschichten leben. Entdecke jetzt