One shot လေးပါဖတ်ပေးပါနော်
#"ကျမကို အမေမွေးခဲ့သည်"#
"အမလေး သမီးငယ်ရယ် လင်နောက်လိုက်ရသလား "
ဒေါ်စိုး ရင်ဘက်ထုရပြီလအငယ်ဆုံးသမီးလေးက လင်နောက်လိုက်မှတော့
သီတာကတော့ကိုထွန်းနဲ့ပေါင်းရပြီမို့ အပျော်လွန်နေတော့တာ အချစ်ဦးလေ ကိုထွန်းက ဆယ်တန်း ၁၆ နှစ်နဲ့သီတာတို့ခိုးပြေးကြတာ
အခုတော့လဲ မိဘတွေလဲလက်လျော့ပြီးပေးစားရပြီ သီတာတော့ပျော်တယ်ကိုထွန်းကလဲ ပျော်နေရော
နှစ်ဘက်လုံးဆင်းရဲကြတော့မင်္ဂလာလဲမဆောင်နိုင်ပေါင်လူကြီးစုံရာနဲ့ယူလိုက်ကြတာပဲ
ကိုထွန်းက စာရင်းငှါးလုပ်တယ် သီတာကတော့ ထမင်းဟင်းချက်ပေါ့
"တော့ကိုထွန်းရယ် သီတာလဲ ကောက်စိုက်ချင်တယ်"
"အမလေးငါ့မိန်းမနုနုလေးကိုခိုင်းရက်ပါဘူး ကိုထွန်းရှာကျွေးမယ်ဟုတ်ပြီလား'
"ဒါနဲ့ ကိုထွန်းကျုပ်မှာ ကိုယ်ဝန်ရှိနေပြီတော့"
"ဟေ ဟုတ်လား ငါလူဖြစ်ပြီကွ"
အဲ့နေ့က ကိုထွန်းပျော်တာမျက်လုံးထဲကမထွက် အိမ်ထောင်ကျပြီး တစ်နှစ်နဲ့ကလေးတန်းရတာ
သီတာကလဲ ဗိုက်လေးပွတ်ကာပွတ်ကာနဲ့ ကျက်လိုက်ရတဲ့ဘုရားစာတွေ ကလေးလေးခြေလက်စုံဖို့ကအဓိကက
"မွေးပြီးဟေ့မွေးပြီး ကိုထွန်းရေ သမီးလေးဟ"
လက်သည်ရဲ့အော်သံကြောင့် ကိုထွန်းမီးနေခန်းထဲဝင်မယ်တကဲကဲ
ပျော်လိုက်တာလေ သီတာ့သမီးလေးကမျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းချော သီတာနဲ့တူတာကိုး
သမီးလေးမွေးတော့ ကိုထွန်းလစာကို လောဘတက်မိပြီ သမီး ၅လနေတော့ သီတာ မနေနိုင်တော့ သမီးကျောပိုးပြီးကောက်စိုက်တော့တာ
YOU ARE READING
ဖြစ်ရပ်မှန် အတိုလေး တစ်ပိုင်းအပြီးလေးတွေစုတင်ပါမယ်နော်
Short Story.nomal