Chapter(4)

13K 1.6K 17
                                    

Unicode

Part(4)

"ရဲဟို"

ရဲဟိုကသူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာနဲ့လှည့်ကြည့်လိုက်သည်။ သူ့ရဲ့ကျဉ်းမြောင်းလှတဲ့ ပုခုံးနဲ့ ပိန်ပါးတဲ့မျက်နှာက ဧကရာဇ်အား စိတ်ရှုပ်ထွေးစေ၏။

"မင်းထပ်ပြီး မစားပြန်ဘူးလား"

"ကျွန်တော်ဗိုက်မဆာလို့ပါ၊ တကယ်လို့ကျွန်တော်သာ ဒီလောက်များတဲ့ အစားအစာတွေကို တစ်နေ့သုံးကြိမ် စားနေရရင်......ကျန်းမာတဲ့ ယောကျ်ားလေးတစ်ယောက်အတွက် ဆိုရင်တောင် များလွန်းပါတယ်....မဟုတ်ဘူးလား အရှင်မင်းကြီး?"

"ဒါဆိုလည်းမင်း ငါပြင်ပေးထားတဲ့ထဲက တစ်ခုခုတော့ စားသင့်တာပေါ့...ဂျင်ဆင်းဆန်ပြုတ်ပဲဖြစ်ဖြစ်....ငါအဲ့ဒီထဲမှာ ငုံးသားထည့်ပေးဖို့တောင် အထူးမှာထားရတာ"

"ဟားဟားဟား.....အဲ့လိုလုပ်ဖို့ အရှင်ပြောခဲ့တာလား? အရှင့်ကိုတော့ ဟာသလုပ်တော့မှာပဲ....ဘယ်ဧကရာဇ်က သူ့စားတော်ပွဲသူ အသေးစိတ်လိုက် ဂရုစိုက်လို့လဲ"

"ငါ့စားတော်ပွဲ ဆိုရင်တော့ ငါဝင်ပါမလား"

"ဒါဆိုရင်တော့ ပိုဆိုးသွားပြီ"

ရဲဟိုကလိုက်နောက်ပြောင်ပြီး ချောင်းထပ်ဆိုးပြန်သည်။ ဧကရာဇ်လည်း အလန့်တကြားဖြစ်သွားကာ သူ့ကျောလေးကို အသာအယာ ပုတ်ပေးလိုက်သည်။

"အာ...ကျွန်တော်အဆင်ပြေပါတယ် ဒါကသာမာန် ချောင်းဆိုးယုံလေးပါ"

"ငါကြားတာတော့ မင်းမနေ့က မိုးရွာတာကို ထပ်ကြည့်ပြန်ပြီဆို"

ရဲဟိုကပြုံးယုံသာ ပြုံးနေလိုက်သည်။

"ငါပြောတယ် ပြတင်းပေါက်ကို နောက်တစ်ခါ မဖွင့်ထားပါနဲ့တော့ ဆိုတာကို...နွေဦးရာသီဆိုရင်တောင် အဲ့ဒါက အရမ်းအေးနေသေးတယ် ဆောင်းတွင်းတုန်းက နေမကောင်းဖြစ်နေခဲ့တာ အခုမှ သက်သာခါစ ရှိသေးတာကို။ မင်းကိုငါ ဘယ်လောက်တောင် ပြောပြနေရဦးမှာလဲ?"

"မိုးရွာတော့ ကျွန်တော်ပျော်လို့ပါ.....ပြီးတော့ မိုးရွာလိုက်တော့ ဒီနေ့အရမ်းကြည်လင်နေတယ်လေ မဲမှောင်နေတဲ့ ကောင်ကင်ကိုမြင်ပြီးမှ ဒီလိုကြည့်စင်နေတဲ့ ကောင်းကင်ကိုမြင်ရတော့ ကျွန်တော့ခံစားချက်တွေလည်းပိုကောင်းလာတယ် ပြီးတော့ လေကလည်း တအားလတ်ဆတ်နေတာ"

(Completed) YehoWhere stories live. Discover now