"မေဘယ်ရွက်လေးတစ်ရွက် ပုခုံးထက်ပြုတ်ကျလာခြင်းနဲ့အတူ ~~"______________Chapter 1______________
"Seungwan unnie"လွန်ခဲ့သောလကတည်းက မိမိတို့နဲ့ အိမ်ချင်းကပ်ရက်ကို လာလည်သည့် Korea က မိသားစုမှာ ပါလာတဲ့ ကလေးငယ်လေး......
"အွန်း ပေါက်စလေး "
"ကြီးလာရင် သမီးကိုလက်ထပ်မှာလား"
ဖလူး~~~
သောက်လက်စ Bubble Tea တစ်ချို့သီးသွားသလို Bubble လုံးတစ်ချို့ပါ နင်သွားသည်။ဗုဒ္ဓေါ!!!
ဒီကလေး ဒါတွေဘယ်လိုသိတာလဲ ဘယ်သူသင်ပေးလိုက်တာလဲ
အသက် 13နှစ်အရွယ်သူမတောင်စိတ်မဝင်စားမလေ့လာဖူးတဲ့ အရာလေ၊
ဒီ6နှစ်အရွယ်လေးက နှုတ်ခမ်းလေးထော်ကာလာပြောနေသည်။"မမSeungwan......"
" အာ....အင်း"
"ပြန်ပြောလေ"
"ဘာပြန်ပြောရမှာလဲ ပေါက်စလေးရဲ့"
" ကြီးလာရင်သမီးနဲ့လက်ထပ်မယ်လို့"
ပြောပြန်ပြီ ဒီကလေး
"ပြောပါအုံးပေါက်စလေးရဲ့ မမကိုဘာလို့ လက်ထပ်ချင်ရတာလဲ "
သူမရဲ့ပါးဖောင်းဖောင်းလေးကို လက်နှစ်ဖက်နဲ့ ဖွဖွဖျစ်ရင်းမေးမိသည်။
"အမ်း....."
အံမယ်... မေးစေ့ကိုပွတ်ရင်းစဉ်းစားချင်ယောင်ဆောင်နေတဲ့ ဒီကလေးပေါက်စကို ပြုံးပြီးကြည့်နေမိသည် ။ မရမ်းနုရောင်Floralဂျိုင်းပြတ်လေးနဲ့ ရှည်စပြုနေတဲ့ဆံပင်ကို ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာ ခပ်မြောက်မြောက် ထုံးထားသည့် ကလေးမလေးဟာ လက်တစ်ဖက်မှာလဲ သူမကျွေးထားတဲ့ တုတ်ထိုးချိုချဉ်ကိုလက်သီးဆုပ်ဖွဖွလေးနဲ့ကိုင်ထားပြန်သည်။
အတော်တတ်တဲ့ကလေးလေးး
"သမီးတို့ အိမ်ရှေ့က အကိုကြီးကလေ~~ သူတို့အိမ်အပေါ်ဆုံးထပ်မှာနေတဲ့ မမကိုလေ ချောကလက်တွေ ပေးပြီး သူ့ကို လက်ထပ်ရမယ်တဲ့ "
"အင်း အဲ့တော့"
"အဲ့တာ အဲ့မမကလေ ငိုသွားတယ်သိလား "
