အပိုင်း - ၁ (Unicode)

698 48 6
                                    

မီးပန်းဆိုင်းတွေဆွဲထားပြီး နံရံတိုင်း၌ကြီးမားသောပန်းချီကားချပ်ကြီးတွေချိတ်ဆွဲထားသည့် အိမ်ကြီးဟာ အလွန်မှခမ်းနားလှပလွန်းသည် ။ သို့ပေမဲ့ အိမ်ကြီးထဲမှမြင်ကွင်းတစ်ခုကတော့ ထိုခမ်းနားလှပလွန်းသော အိမ်ကြီးနှင့်ဆန်ကျင်စွာပင် အကျည်းတန်စေပါသည် ။ အနက်ရောင်ပေါ်ရွှေရောင်ရောယှက်နေသည့် ကောဇောကြီးပေါ်၌ လက်ပြန်ကြိုးတုတ်နှောင်ခံထားရသော ယောကျာ်းကြီးတစ်ဦးဟာ တစ်ကိုယ်လုံးသွေးအလိမ့်လိမ့်ဖြင့် တုံးလုံးလဲနေ၏ ။ ထိုယောကျာ်းကြီးရဲ့မလှမ်းမကမ်းနားမှာရှိနေသည့်သူကတော့ မိန်းကလေးတစ်ဦးပင်ဖြစ်သည် ။ ထိုမိန်းကလေးဟာ အခန်းထဲကစာအုပ်စင်နားသို့လျှောက်သွားပြီး စင်ပေါ်၌ထောင်ထားသည့် မှန်ဘောင်အတွင်းမှဓာတ်ပုံတစ်ပုံကို စူးရှသည့်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လို့နေသည် ။

" နှင်းနုနုယဉ် ... သူက ရှင့်သမီးပေါ့ ဟုတ်လား ... "

နှုတ်ခမ်းထောင့်ကိုတွန့်ကွေးရင်း သူမပြောလိုက်တော့ ကောဇောပေါ်သွေးအလိမ့်လိမ့်ဖြင့်လဲနေသော လူကြီးဟာအတင်းကုန်းရုန်းပြန်ထလာကာ

" မင်း .. မင်း ငါ့သမီးလေးကို ဘာမှမလုပ်ပါနဲ့ကွာ ... ငါတောင်းပန်ပါတယ် .. "

" ဟက် .. ရယ်ရသား .. ရှင်ကျွန်မတို့ မိသားစုအပေါ်ကျ လုပ်ချင်တိုင်းလုပ်ခဲ့ပြီး အခုရှင့်အလှည့်ကျတော့ ဘာမှမလုပ်ပါနဲ့တဲ့လား .. "

သူမ ခနဲ့တဲ့တဲ့ရယ်လိုက်ရင်း ထိုယောကျာ်းကြီးရှေ့၌ မုဆိုးထိုင်ထိုင်ချလိုက်၏ ။ ထို့နောက်မျက်နှာပေါ်အုပ်ထားသည့် mask ကိုလက်ဖြင့်အောက်ဆွဲချလိုက်သောအခါ ဖြောင့်စင်းနေသည့် နှာတံကလှပသေသပ်စွာပေါ်ထွက်လာလေသည် ။

" စိတ်ချ ရှင့်သမီးကို ရှင့်လိုချက်ချင်းမသေစေရဘူး ... မသေမရှင်ဘဝမျိုးနဲ့ ညှင်းထားပေးမှာ .. ကျွန်မခံစားခဲ့ရသလိုမျိုး ရှင်လျက်နဲ့ငရဲရောက်နေသလို အရသာမျိုးကို ကျန်နေမဲ့သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ခံစားစေရမယ် .. ဘယ်လိုလဲ ကျေနပ်တယ် မဟုတ်လား ဦးဇော်ရဲထွဍ် .. "

ပြောနေရင်း သူမ၏ခါးနောက်မှာထိုးထားသည့် ငွေရောင်ဓားမြှောင်ကိုဆွဲထုတ်လိုက်ပြီး လဲကျနေသည့် ယောကျာ်းကြီး၏ ဘယ်ဘက်ရင်အုံတည့်တည့်ဆီသို့ ဓားသွားတစ်ဆုံးထိုးထည့်သွင်းလိုက်ပါတော့သည် ။

Prisoner For HerWhere stories live. Discover now