"ကလေး ကလေးရ ကိုကိုပြန်လာပြီလေ.."
"သခင်လေးပြန်လာပါပြီလား အကိုလေးက သူငယ်ချင်း
တေနဲ့ အပြင်ထွက်သွားပါတယ်.."
"အော် အဲ့ဆို ကျနော် နားလိုက်အုံးမယ်.."
_ကလေး မင်းကိုယ့်ကို ဘယ်အချိန်ထိ ဒီလိုဆက်ဆံနေ
အုံးမှာလဲကွာ ကျနော်နဲ့ ဝမ်လေးက လက်ထက်ထားတာ
နှစ်နှစ်ရှိပြီ သူရောကျနော်ရော တယောက်ကိုတယောက်
အရမ်းချစ်ကြတာပါ.ချစ်သူဘဝတုံးကပေါ့
သူ့ကိုလက်ထက်ဖို့စီစဉ်တော့မှ ကျနော်ကို အမြင်မကြည်
တော့တာ သူရဲ့ လွတ်လပ်ခွင့်တေကို ပိတ်ပင်တယ်
ချုပ်ချယ်တယ်တဲ့ ကျနော်က သူ့ကို အရမ်းချစ်လွန်းလို့
အရာရာကို စိတ်ပူနေမိတာပါ..သူကျနော့်ကို
နားလည်မပေးနိုင်ဘူး...
.
.
.
"အေ့ ဟိတ်ကောင်တေ ငါပြန်တော့မယ် အိမ်မှာ ဟိုဘဲ
ကြီးရောက်နေလောက်ပြီ..ပြီးရင်ပွားတော့မယ်"
"အဲ့ဒါ မင်းစိတ်မညစ်ဘူးလား ဟမ်း.."
"ဟ ညစ်တာပေါ့ကွ သူနဲ့ လက်ထက်လိုက်ရလို့ ငါမှာ
လွတ်လွတ်လပ်မနေရတော့တာလေ. အေ့."
"ဟျောင့် ကျူမင် မင်းရိပေါ်ကို မီးလောင်ရာ လေပင့်
လုပ်မနေနဲ့.. "ဖန်ရှင်းမှ ကျူမင်ကို လှမ်းတားလိုက်ပြီး
"ရိပေါ် အဲ့ဒါဆို မင်းက ကျန့်ကောကို မချစ်ပဲနဲ့ ယူထား
ရတာပေါ့ ဟုတ်လား.."
_ရိပေါ်မှာ ပြောစရာသကားမရှိ သူ..သူ..သေချာမသိဘူး
ချစ်သူဘဝတုံးကလဲ အဲ့လူကြီးရဲ့ ဂရုစိုက်မှုတေ အချစ်ခံ
ရမှုတေကို သဘောကျလို့ တွဲခဲ့တာ အခု လက်ထက်ပြီး
တဲ့ အထိ အဲ့လူကြီးက အချစ်မလျော့သေးတာ ကျနော်
ခံစားမိပါတယ် ဒါပေမဲ့...
"မသိဘူးကွာ သူ့ကြောင့်ငါမလွတ်လပ်တာပဲ သိတယ်
ပြန်တော့မယ်.."
.
.
.
"ကလေးရယ် ဘာလို့အများကြီးသောက်လာရတာလဲ."
"ခင်ဗျားကြီး ကျနော်ကို ဆူမလို့လား.အေ့.မရဘူးနော်
မဆူနဲ့..မဆူနဲ့.."ပြောရင် အိပ်ပျော်သွားပြိီ ဟင်းးး
တကယ့်မလွယ်ကြောလေး သူအိပ်မှပဲ အင်္ကျီလဲပေး
ရဲတယ် နို့မို့စို သူ့ကို မကြောင်းကြံပါတယ်ဆိုပြီး အော်
နေအုံးမှာ ကလေး တခုတော့ သိထားပေးနော်
ကိုယ်က ကလေးကို အရမ်းချစ်တယ်ဆိုတာ..
.
.
"ဒီမှာ ရှောင်ကျန့်.."
"ဟာ ခေါ်နေတယ်လေ.."
"ဟင် အရင်လို ကိုကိုလို့ ခေါ်လေ အဲ့ဒါမှထူးမှာ.."
"ဟ ခင်ဗျားရစ်မနေနဲ့..အဲ့မိန်းမက ဘယ်သူလဲ
ဘာလို့ အဲ့လောက်တောင်ပက်ကျိလိုကပ်ချွဲနေရတာလဲ"
"ကလေးက ကိုယ့်ကို သဝန်တိုနေတာလား ဟင်"
"Hkk စိတ်ကူးယဉ်မနေနဲ့ ကျနော် နောက်ကွယ်မှာ
ဖောက်ပြန်တာ အားမရလို့ ရှေ့တင်ဖောက်ပြန်နေတာ
လားလို့ သေချာအောင်မေးကြည့်တာ သေချာရင်တော့
hkk ကွာရှင်းကြမယ် လေ.."
"ကလေး မင်းက ကိုယ့်သိက္ခာကို စော်ကားနေတာပဲ
ကိုယ့်ကိုမယုံကြည်ဘူးလား ဟမ်"
"ယုံစရာလား မယုံဘူး ဘယ်သူမှကို မယုံတာ.
အဖုအထစ်အမို့အမောက်နဲ့ မိန်းမတေက ပိုပြီးစွဲဆောင်
မှုရှိတယ်ဆိုတာကို ခင်ဗျားခံစားတတ်နေပြီမလား.."
"ဝမ်ရိပေါ်!! မင်း..မင်းအပေါ်ထားတဲ့ ငါ့ရဲ့အချစ်ကိုပါ
မင်းစော်ကားတယ် မင်းအရမ်းရိုင်းတာပဲ ထွက်သွား
ငါ့ရှေ့က ထွက်သွားစမ်းပါ.!!"
"ဟင်.."ရိပေါ် ပြေးထွက်ခဲ့မိတယ်.သူ့ကိုသဲသဲလှုပ်
အောင် ချစ်တဲ့လူကြီးက သူ့ကိုထွက်သွားတဲ့..
ကျနော့်ကို အော်တယ် ဟင့် ကျစ် ဒီမျက်ရည်တေကလဲ
ဘာလို့ကျလာရတာလဲ....
T. Tttttt. ကျွီ..
."ကလေး!!.."ဒုန်း..
.
.
.
_XZ ကလေးက သူ့အချစ်ကို စော်ကားလို့ အရမ်း
ဒေါသထွက်ကာ အော်လွှတ်မိလိုက်တယ် ကလေး
စိတ်မကောင်းဖြစ်သွားတော့မှာပဲ သွားပြန်ချော့မှပဲ...
ကားတစီး ကလေးက ရှေ့ကို မကြည့်ပဲ ဇွတ်ပြေးနေ
တယ်..တိုက်မိတော့မယ်လေ..
ကလေးကို ရင်ခွင်ထဲလှမ်းဆွဲပြိီး ဘေးကို ကပ်လိုက်တာ
တော်သေးတာပေါ့ ကားက ဘရိတ်အုပ်မြန်ပြီး ဘေးက အမှိုက်ပုံးတေကိုသာ တိုက်မိသွားတာပေါ့..ပြသာနာ
ကြီးကြီးမားမားတော့ မဖြစ်သွားဘူးပေါ့...
"ကလေးရယ် ဘာလို့ဇွတ်ပြေးရတာလဲ ကို့ယ်မှာ
ရင်ထဲမီးတောင်ပေါက်ကွဲသွားသလိုပဲ သိရဲ့လား"
"ဟင့် အဲ့ဒါခင်ဗျားကြီးကြောင့် ကျနော့်ကိုထွက်သွားလို့
အော်တာကို ဟင့်. ခုနက ကားနဲ့ တကယ်တိုက်မိသွား
ရမှာ ဟင့်.."ကလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး
"ကိုကိုတောင်းပန်ပါတယ်နော် မငိုပါနဲ့တော့ကွာ.."
"နောက်တခါမအော်တော်ဘူးလို့ကတိပေး "
"အင်း ပေးတယ်နော်.. "
.
.
အရင်ကလို ဆက်ဆံရေးက အေးစက်မနေတော့ပဲ
ပြေလည်လာခဲ့တယ်.ဝမ်လေးကလဲ သူ့ကို ကလေးတယောက်လိုတောင် ပိုချွဲလာသေးတယ်
ကျနော် ဒီအခြေအနေလေးကို ကျေနပ်ပါတယ်
ဝမ်လေးက ကျနော့်ကို ချစ်တယ် တခွန်းမပြောပဲနဲ့ပေါ့
................
ဝမ်လေးမူပျက်လာသလိုပဲ အပြင်ကိုလဲ ခနခနထွက်
လာတယ် ညခင်းဆိုလဲ ညဥ့်နက်မှ အရက်တေသောက်
ပြီး ပြန်လာတယ် ဘာကိစ္စ တေများရှိလို့လဲ ကလေးရယ်
"ကလေး ဘာစိတ်ညစ်စရာတေ ရှိနေလဲဟင် ကို့ကို
ပြောပြလေ ကလေးရဲ့."
"ဘာမှ မရှိပါဘူး.."
"ကလေးကြည့်ရတာ တခုခု ဖြစ်နေတာပါ ကိုယ်ဖြေရှင်း
ပေးမယ်လေ."
"ခင်ဗျားနဲ့ မဆိုင်ပါဘူး တော်တော်ဖြေရှင်းပေးချင်လဲ
ကွာရှင်းပေး.."ဘုပြောပြီး ဘောက်ဆက်ဆက်နဲ့ ထွက်
သွားတဲ့ ကလေးငယ် မင်းက အခုထိ ကိုယ့်ကိုသံယော
စဉ် မရှိသေးဘူးကို အဆုံးသတ်မှာတောင် မင်းရဲ့
ရွေးချယ်မှုက ကိုယ်ဖြစ်ပါ့မလား.....
.
.
.
_ဒီနေ့ အလုပ်ကိစ္စနဲ့ အပြင်သွားပြီး အပြန်မှာ ဝမ်လေးနဲ့
ချစ်သူဘဝက အတူတူ နေခဲ့တဲ့ တိုက်ခန်းလေးကို
ဝင်ကြည့်ဖို့ စဉ်းစားမိလိုက်တယ်....
အခန်းဆီလာတဲ့ လျှောက်လမ်းမှာ ဒါက ဘယ်လို
အခြေအနေကြီးလဲ တယောက်လောက်ရှင်းပြကြပါအုံး
ကလေး...ဝမ်လေးကို ယောကျာ်း တယောက်က နံရံမှာ
ကပ်ပြီး နမ်းနေတာ ...မင်းကွာ...
"ဟင်...အင့် လွှတ်. အင့် ခွပ်...".ရိပေါ်သူ့ရှေ့က လူကို ဆွဲထိုးပစ်လိုက်တယ်...
"ကိုကို.."
"ကလေး.... "ဆွေးဆွေးမြေ့မြေ့ခေါ်သံ..
"ကျနော်ရှင်းပြမယ်.. ကိုကို.."
"ကလး မင်းမပြောပါနဲ့တော့ မင်းပြောလာမဲ့ စကားလုံး
တေကို ကိုယ်မကြားပါးရစေနဲ့ မင်းက ကိုယ့်ကို
ဘယ်တုံးကမှ တကယ်မချစ်ခဲ့ဘူးပဲ...
ကိုယ့်ဘက်ကိုလဲ နဲနဲလေးတောင် စောင်းငဲ့မကြည့်
ပေးခဲ့ဘူး.."
"ကိုကို ထင်သလိုမဟုတ်.."..
"ကိုယ်ပြောလိုမပြီးသေးဘူး ကိုယ်တွေးခဲ့မိဖူးတယ်
သိလား နောက်ဆုံးမှာတော့ မင်း ကိုယ့်ရဲ့ အချစ်တေကို
မြင်လာနိုင်ပါလို့ ....ဒါပေမဲ့.. အခုတော့ မင်းက. မင်းက
ကိုယ့်ကို မရွေးချယ်ခဲ့ဘူး ကိုယ်ကမင်းကို အရမ်းချစ်တာ
မင်းကတော့ ကိုယ့်ကို မချစ်ဘူး.."
_XZ အသက်ရှုမဝနိုင်တော့ဘူး စကားလုံးတေလဲ ထပ်မထွက်နိုင်တော့ဘူး ကိုယ်ကျောခိုင်းပါရစေ..
"ဟင့်အင်း မဟုတ်ဘူး ကိုကို ကျွန်တော် ကိုကို့ကို
ချစ်တယ်..တကယ်ပါ.."
_အဲ့လိုကြီး အပြုံးနဲ့ ကိုကို... ကိုကိုနဲ့ ခနဲ့တဲ့ အပြုံးကြီး
က တကယ်မလိုက်ဘူး ကျနော့်ကို မပြုံးပြပါနဲ့.
ကိုယ်က အကြိမ်ကြိမ် ကိုကို့ကို ကျောခိုင်းခဲ့ဖူးတယ်
ကိုကို့ရင်ထဲကိုတော့ ဝင်မကြည့်ဖြစ်ခဲ့ဘူး.. အခု
သူ့ကို ကိုကိုက ကျောခိုင်းသွားပြီ မသွားပါနဲ့ ကိုကိုရယ်
လို့ တားချင်ပေမဲ့ စကားလူံးတို့ ထွက်ကြမလာတော့ဘူး
မောဟိုက်လာပြီ အသက်ရှုရကြပ်လာတယ်..
ခနလောက်အိပ်ပရစေ..ရိပေါ်ကို အမှောင်ကမ္ဘာက
ကြိုဆိုသွားပြိ....
.
.
_ရိပေါ်နှင်းတောလို နေရာမျိုးကြီးမှာ တယောက်ထဲ
လမ်းလျှောက်နေရတယ် ဘယ်သူမှလဲ မရှိဘူး.
ရှေ့ က ကိုကိုလား.ကိုကိုမလားဟင်....
"ကိုကို..."ဝမ်းသာအားရနဲ့ ကျောပြင်ကျယ်ကြီးကို
ပြေးဖက်လိုက်တယ် ဘာလို့ နွေးထွေးမနေတာလဲ
ကိုကို သူ့ကိုဖက်တိုင်း အမြဲနွေးထွေးလွန်းတယ်လေ
အခု ဘာလို နွေးမနေရတာလဲ.. ကိုကိုသူ့ကို မချစ်တော့
လို့များလား..
"ကိုကိုက မင်းကို အမြဲတမ်းချစ်ပါတယ် ကလေး."
ကိုကိုက သူ့အတွေးတေကို သိနေတာလား.
ကိုကို့မျက်နှာလေး လှည့်လာတယ် အပြုံးလေးက
လှလိုက်တာ ဒါပေမဲ့ နှုတ်ဆက်နေတာလား.
"ကလေး ပျော်အောင်နေရမယ်နော် ကိုကိုမရှိလဲ."
"ကို.."ရှူး ကိုကို့ လက်ညှိုးလေး က သူ့နှုတ်ခမ်းထက်
သူဘာစကားမှ ပြောလို့မရတော့ဘူး..ကျနော်ပြောစရာ
တေ ရှိသေးတယ်...
"ကလေးက ကောင်းကောင်းအသက်ဆက်ရှင်ရမယ်
ကလေးဖြစ်ချင်သလို ကလေးလွတ်လပ်တော့မှာ
ကိုကို ကလေးနားက ထွက်သွားတော့မယ်..နော်
ကလေး တခုတော့ သိထားပေး ကိုယ်က ကလေးကို
အရမ်းချစ်တာ.." _ကိုကို ကိုယ်လေးက တဖြည်းဖြည်းနဲ့ အရောင်တေမှိန်သွားတယ်...
နောက်ဆုံး မြူမှုန်လေးတေ အဖြစ်နဲ့ ပျောက်ကွယ်
သွားပြီ ကိုကို ပြန်လာခဲ့...ကိုကို.....
.
.
.
"နှလုံး အစားထိုးခွဲစိတ်မှု အောင်မြင်ပါတယ်.."
.
.
. The End........
ကဲ အပ်လိုက်ပြီနော်......😁😘
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.(နောက်တပိုင်းကို ထပ်upပေးရမလား
ဒီမှာပဲ end လိုက်မလားပြော...
မပြောရင် လုံးဝ မupပေးဘူးနော်)👻👻