_ရိပေါ် ကိုကို့ရဲ့ ကျောခိုင်းခြင်းကို ခံလိုက်ရပြီး
လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်
.
.
တဖက်တွင်
_ကလေး မင်းလုပ်ရက်တယ် ကိုယ့် အချစ်တေကို
မင်းမြင်အောင် မကြည့်ပေးခဲ့ဘူး.... ကလေးရယ်
XZ အသိစိတ်မဲ့စွာနဲ့ ကားလမ်းတစ်ဖက်က ကားဆီကို
အလာ ဘေးပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်မိ...
💢T Ttt ဒုန်း💢
.
XZ တကိုယ်လုံးပေါ့ပါးသွားပြီး လေထဲမြောက်တတ်သွားတယ်...ဦးခေါင်းထက်က
စေးကပ်ကပ်အရည်တေ ခြေလက်တေကလဲ ရိုက်ချိုး
ထားသလိုပဲ ဘေးနားက အော်သံတေဆူညံလာတယ်
ပြီးတော့... ပြိီးတော့ သူမျက်လုံးမှိတ်လိုက်တယ်
ကလေး မျက်နှာလေးကို မြင်ယောင်ပြီး..
.
.
"ဘာ ကလေးက နှလုံးအစားထိုးကုမှရတော့မယ်
ဟုတ်လား.."
"ဟုတ်တယ် XZ ဆရာဝန်တေ ပြောကြတာ
ရောဂါက ကြာနေပြီတဲ့
သူလဲ အခု ဒီဆေးရုံးမှာပဲ...မင်းတွေ့ချင်လား"
"ဟင့်အင်း နေပါစေတော့ ကျန်းချန်...
ငါ့ကိုဆေးစစ်ဖို့ လုပ်ပေးပါ.. "
"ဘာ မင်းဘာလုပ်မို့လဲ..ငါထင်သလိုတော့
မဟုတ်ဘူးမလား ဟမ်း..ဟျောင့်"
"အွန်း မင်းထင်သလိုပဲ...ငါ့ကိုမတားပါနဲ့
ကလေးက ငါ့မရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သူကနေချင်သေးတာ ငါကသာ... သူမရှိပဲ မနေနိုင်မှာ
ငါ ကလေးကို လက်လွှတ်ပေးလိုက်တော့မယ်.
သူမျှော်လင့်သလို လွတ်လပ်တော့မဲ့ အချိန်မှ
အသက်ဆက်ခွင့်လေးတော့ ပေးသင့်တယ်မလား.,
ငါ ကလေးအတွက် အရာရာတိုင်းကို ဖြည့်ဆည်းပေး
ချင်တဲ့သူပါကွာ.."
.
"ဆေးစစ်ချက်အရတော့နှလုံးလှူဖို့50%
ကိုက်ညီပါတယ်ဒီနှစ်ရက်အတွင်းမှ တခြားနှလုံးမရခဲ့ရင်
ဒီက အလှူရှင် XZ ရဲ့ နှလုံးကို လက်ခံပါ့မယ်."
"ကျနော် လှူဒါန်းမှုကို လှျိ့ဝှက်ထားပေးပါနော်."
"XZ မင်းအရမ်းမိုက်မဲလွန်းတယ်..."
.
"လူနာ ဝမ်ရိပေါ် နှလုံးအလှူရှင် ရှာတွေ့ပါပြီ.
မနက်ဖြန် မနက် ခွဲစိတ်ခန်းဝင်ရပါမယ်.."
_သူနာပြု ဆရာမလေးရဲ့ စကားအဆုံး ရိပေါ်မိဘ
တေလဲ ဝမ်းသာသွားသလို အောက်စီဂျင်ပိုက်လေးနဲ့
အသက်ရှူနေရတဲ့ ကလေးငယ်ရဲ့ မျက်လူံးလေးတေလဲ
အရောင်လက်သွားခဲ့တယ်
_ကျနော် ခွဲစိတ်ပြီးရင်လေ ကိုကို ခင်ဗျားကျနော့်ကို
လာတွေ့နော် မဟုတ်ရင် ကျနော် လိုက်ရှာမယ်
ပြီးရင် ကိုကို့ကို အဖြစ်မှန်ပြောပြမယ် ....
အရမ်းချစ်တဲ့ အကြောင်းကိုလဲ နားထောင်ပေးနော်
.
ဆေးရုံအခန်းလေးရဲ့ အပြင်ဖက်ကနေ အထဲကို လှမ်း
ကြည့်နေရဲ့ ကောင်လေးရဲ့ မျက်ဝန်းမှာလဲ
မျက်ရည်စလေးတွေ...
အငိုမျက်လုံး အပြုံးမျက်နှာနဲ့....