မှူး 22

11.7K 1K 241
                                    

မြန်မာနိုင်ငံတဲ့လား မောင်ရယ်
ထောင်ချောက်မိမှာစိုးလို့ ထွက်ပြေးကာမှ
မောင်က စက်ကွင်းထဲကိုဝင်ချင်နေလေရဲ့ ။
ချစ်ရသူရဲ့ ပထမဆုံးတောင်းဆိုမှုလေးကိုလည်း
မငြင်းပယ်ရက် ။ ဘယ်တတ်နိုင်မည်လဲ ။
မောင်သွားချင်တဲ့ မြန်မာနိုင်ငံကိုအတူတူ သွားကြတာပေါ့ ။

အခိုင်အမာဆုံးဖြတ်ချက်ချပြီး မောင်နှင့်အတူ
မြန်မာနိုင်ငံကို မနက်ရောက်တော့ ထွက်လာခဲ့ ကြသည် ။ မထွက်လာသေးမီကပင် ညကတည်းက မြန်မာနိုင်ငံရှိ ကုမ္ပဏီခွဲဆီ အကြောင်းကြားပြီး မောင့်မိသားစုအကြောင်းကို စုံစမ်းခိုင်းသေးသည် ။ ဘယ်မြို့မှာ နေသည်တို့ တခြားဘာတို့ညာတို့ပေါ့ ။ စုံစမ်းသိရတော့ မောင်တို့မိသားစုလည်း ရန်ကုန်မှာနေတာတဲ့ ။ ကုမ္ပဏီခွဲမြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့သည်ကို ပထမဆုံးနောင်တရခြင်းပင် ။ သို့ပေမယ့်လည်း
မောင့်မိဘအိမ်နှင့်ကုမ္ပဏီခွဲရှိရာအရပ်က တောင်နှင့်မြောက် ။ မောင်သာဘယ်မှ မထွက်ပဲ
အိမ်ထဲမှာပဲနားနေလျှင် သို့မဟုတ် လုံခြုံရေး သေသေချာချာဖြင့်ထားလျှင် တွေ့နိုင်မည်မဟုတ်။
အကြာကြီးလည်းနေမှာမဟုတ် တစ်ပတ်ဆယ်ရက်
လောက်နေပြီးလျှင် တခြားနိုင်ငံကိုဆက်ကူးမည်။
အခုလောလောဆယ် ဒီနိုင်ငံကထွက်သွားဖို့သာ
အရေးကြီးသည်မို့ ကျန်တာဆက်မတွေးတော့ပဲ
မြန်မာနိုင်ငံသို့သာ လာခဲ့လိုက်သည် ။

စိတ်တွေထဲ မည်မျှပင်ပူနေပါစေ မောင်ကတော့ ခါတိုင်းနှင့်မတူပြုံးပျော်လို့ တက်ကြွနေသည် ။ ကျေးဇူးပါ မောင်ရယ် ။ ဒီလို နူးညံ့တဲ့ အပြုံးလေးကို မြင်ခွင့်ပေးလို့ ။

အချိန်အားဖြင့် နှစ်နာရီခန့်လောက် လေယာဉ်စီးပြီး မြန်မာနိုင်ငံသို့ရောက်ရှိသည်။
ထိုနောက် အသင့်လာကြိုနေသော ကားဆီ
တက်လာခဲ့ပြီး နေနေကျ စံအိမ်ကိုသာ
ဦးတည်ခဲ့တော့သည် ။

စံအိမ်ရောက်သည်နှင့် အဆင်သင့် ပြင်ပေးထားသည့် မောင့်အခန်းထဲကို
မောင့်ကိုလိုက်ပို့ရင်း

"မောင် နားဦး​နော်​ "

"ဧကရီ ဒီအိမ်မှာလည်း ကျွန်တော်နေခဲ့ဖူးတယ်ပေါ့ "

မှူး ❤Where stories live. Discover now