Ending ❤

25.2K 1.1K 162
                                    

မှူးပြုံးရင် ကိုယ်ပြုံးမယ်
မှူးငိုရင် ကိုယ်လည်းငိုမယ်
အရာရာ အေးအတူပူအမျှခံစားမယ်
ကိုယ်ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း
ကိုယ့်စိတ်ခံစားချက်အသွယ်သွယ်က
မှူးလေးနဲ့ပဲသက်ဆိုင်တယ်
နောက်တစ်ခု သိထားပါဦးနော်
ကိုယ်အသက်ဆက်နေတာက မှူးစိတ်နဲ့ဆိုတာ

❤❤❤❤❤❤❤❤

ထိုနေ့မှစ၍ မှူးလေးအနားကတဖဝါးမှ မခွာတော့ပါ ။ မှူးလေး အလေးအပေါ့ သွားချိန်ကလွဲ၍ သံမှိုဆွဲကပ်ထားသလို
တွယ်ကပ်နေမိသည် ။ ရေချိုးနေရင်လည်း
ဘေးနားကမှူးလေးပြီးသည်အထိ ထိုင်စောင့်ပြီး တစ်ခါတစ်လေ ကိုယ်တိုင်ဝင်ချိုးပေးဖြစ်သည်။
အမြဲချိုးပေးချင်တာကို ကိုယ်တော်လေးက ဂျစ်တစ်တစ်နဲ့ရယ် ။

အခုရက်ပိုင်း ကျွန်တော့်အနာဂတ်စိတ်ကူး ထဲကအတိုင်း ကျွန်တော်အလုပ်မလုပ်သေးတာက လွဲ၍ ကျန်တာအကုန်တူ၏ ။ မနက်မိုးလင်းလို့
မျက်လုံးပွင့်သည်နှင့် ဦးစွာမှူးလေးကို နမ်းရှိုက်သည် ။ ကျွန်တော့်အနမ်းတွေကြောင့်
မှူးလေးနိုးလာရင် ကိုယ်တိုင်ကိုယ်ကျ မှူးလေး ကိုယ်လက်သန့်စင် မျက်နှာသစ်သွားတိုက်အကုန် ကျွန်တော့်တာဝန် ။ ထိုနောက် မနက်စာကို
မှူးမျက်နှာချိုချိုလေးကြည့်ပြီးစားသည် ။ မြိန်လိုက်တာမှ ပြောပြလို့တောင်မရသည်အထိ ။
ထမင်းတနပ်စားပြီးတိုင်း ဂျစ်တူးလေးကို ဆေးတိုက်ဖို့ကလည်းကျွန်တော့်တာဝန် ။
အဲဒီအလုပ်က အခက်ခဲဆုံးအလုပ်ပါ ။ ဒါပေမယ့်လည်း ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နေပါသည် ။

တစ်နေကုန် မှူးလေးကိုမျက်စိအောက်က အပျောက်မခံပဲ အစစအရာရာမှူးလေး လိုအပ်သမျှဖြည့်ဆည်းပေးရသည်က အမြတ်နိုးဆုံးအလုပ် ။ ညအခါရောက်ရင်လည်း
ဂီတာတစ်လက်ဆွဲကိုင်ကာ နေ့တိုင်းသီချင်းတွေ
ဆိုပြပြီး မှူးလေးကိုအရင်ချော့ကာသိပ်မိသည်။
မှူးလေးအိပ်တာသေချာပြီဆိုမှ ထုံးစံအတိုင်း
မှူးလေးကိုမြတ်နိုးစွာနမ်းရှိုက်ပြီး အိပ်ယာဝင် တတ်သည့် ကျွန်တော် ။

မှူး ❤Where stories live. Discover now