အောက် ထပ်က ဗီရို ပေါ်မှာ ရှိတယ်....
Li ပြောလိုက်သည်နဲ့ jen အောက်ကို အပြေးလေးဆင်းလာ
လိုက်သည်....
Li papa တောင်ပြန်ရောက်လာပြီပဲ...
ဒါမယ့် အလုပ်ရှပ်နေပုံပေါက်သည်....
သမီးလေး ဘာဖြစ်လို့လဲ....
Lili နေမကောင်းလိုပါအန်ကယ်..
သမီး ဆေးအိတ်လိုက်ရှာနေတာ....
ဆေးအိတ်ကဒီမှာရော့.....အန်ကယ်က ယူပေးသည်
သားကနေမကောင်းဘူးလား...
ဆရာ ဝန်ခေါ်ပေးရမလားသမီး...
ဖြစ်မှာပေါ့ဒီခလေး မနက်ကခေါင်းလျှော်ပြီး ခြောက်အောင်သုတ် ပါဆိုတာကို..
အလျင်လိုတလိုနဲ့ ပြောမရဘူး..
အန်ကယ် လဲ company ပြန်သွားရမှာ မို့သမီးလေးရေ
သားကို ဂရိုက်ပေးပါဦးကွာ...နော်
မိုးမချုပ်ခင်တော့ ပြန်လာမှာပါ..
ဟုတ်... အန်ကယ်..
jen lili ဆေးမသောက်ခင်စားရန် မုန့်လေးအနဲငယ်နဲ့
ဆေးအိတ်ကိုဆွဲကာ တက်လာလိုက်သည်...
ခလေး..ထလိုက်အုံးနော်...
မုန့်လေးစားလိုက်အုံး...ပြီးရင်ဆေးသောက်ရအောင်..
Lili မုန့်လေးကို အားမရှိစွာယူစားလိုက်သည်...
ရော့ ပြီးရင် ဆေးသောက်လိုက်နော်....
jen ဖန်ခွက်လေးကို ကိုင်ရင်းဆေးကိုလက်ထဲထည့်ကာ
ပြောလိုက်သည်...
" မ" သား အဲ့ဆေးတွေမသောက်ချင်ဘူး...
( lili ကငယ်ငယ်တည်းကဆေးထိုးတာမကြောက်သော်လည်း
ဆေးခါးတွေသူမသောက်ချင်)
ခလေး ကကွာ..မဆိုးရဘုးလေ...
ဆေးသောက်မှ အဖျားကပျောက်မှာပေါ့...
မပျောက်ချင်တော့ဘူး..မရဲ့ ဂရုစိုက်မှုတွေ liliသဘောကျလို့....
Lili နေကောင်းလဲ ဂရုစိုက်ပါ့မယ် ခလေးရယ်..
ဆေးလေးတော့သောက်လိုက်နော်....
( နေမကောင်းတော့လဲ jen မှာချော့ပြောနေရသည်)
ဆေးသောက်ရင်မ ကဘာပေးမှာလဲ...
( ဆေးသောက်တာတောင်အပေးအယူနဲ့)
ခလေး ကြိုက်တာပြော...
တကယ်လား.....
အင်း...
Ok အဆို ပေး...
Lili ဆေး ကိုကြိတ်မှိတ်ပြီးသောက်လိုက်သည်...
ရပြီ...ပေးတော့..
ဘာပေးရမှာလဲ...
Lili ပါးကို ထိုးပြကာ...kiss...
Jenရှက်နေသည်...
သူ့ကတိသူ ဆိုတော့မတတ်နိုင်...
jen ကုတင်ရှေ့နားတိုးပြီး lili ပါးနားကပ်လိုက်ခ်ျန်...
Lili ကဒီဘက်ကိုလှည့်လိုက်တာကြောင့် နှုတ်ခမ်းချင်းထိကပ်သွားသည်....
( jen ရင်တွေခုန်နေပါပြီ )
မျက်နှာ ကလဲရဲနေလောက်ပြီ....
နှုတ်ခမ်းချင်း ထိရတာ အားမရ၍ lili
jen ကိုယ်လုံးလေးကို ကုတင်ပေါ်ရောက်အောင် လက်ကို ဆွဲချလိုက်သည်....
" မ " သားကို ချစ်လားဟင်...
Jen ကို စိုက်ကြည့်ကာမေးလာသည်...
မချစ်ဘဲ နဲ့ စိတ်ပူပြီးဒီလောက်ထိလုပ်ပေးပါ့မလားခလေးရယ်
ဟင်...ဒါဆို မ ကlili ကိုချစ်တယ်ပေါ့...
Jen ရှက်ပြုံးလေးပြုံးကာ ခေါင်းညိတ်ပြလိုက်သည်.
Yay! မ က lili ကိုချစ်တယ်တဲ့.....
အား......ပျော်လိုက်တာ.....