Zawgyi
ဘူဆန်က အပန်းဖြေအိမ်ထဲမှာပဲ ဂျောင်းဂုနဲ့ ထယ်ယောင်းနေကြသည်။ ဟန်းနီးမွန်းကို ရေမြေခြားသို့ ထယ်ယောင်းက ထွက်ချင်ပေမဲ့ နေမကောင်းသေးသော အစ်ကိုဂုကီကြောင့် အခက်တွေ့ရသည်။
" အစ်ကိုဂုကီ ရေချိုးထားလေ ညကျရင် အပြင်ထွက်မယ် "
ပြတင်းပေါက်နားမှာ ထိုင်ကာ စာအုပ်ဖတ်နေတဲ့ အစ်ကိုဂုကီကို ထယ်ယောင်းပြောလိုက်တော့ ခပ်ပြုံးကြုံးလေးနှင့် လှည့်ကြည့်လာသည်။ ပြတင်းပေါက်မှ လေတစ်ချက်အဝှေ့ လွင့်ထွက်သွားတဲ့ လိုက်ကာစအဖြူတွေက အစ်ကိုဂုကီ မျက်နှာကို ကွယ်နေသည်။ တစ်ဖန် လွင့်ထွက်သွားသော လိုက်ကာစ ကြားမှ အစ်ကိုဂုကီရဲ့ ခပ်သေးသေးမျက်နှာကို မြင်နေရသည်။
" ထယ်ယောင်း.. ဟိုလေ... "
အစ်ကို ဂုကီက ထိုင်နေရာမှ ထယ်ယောင်းအနားသို့ ထလာကာ နက်ခ်တိုင်ကို ဖြည်ပေးနေရင်း စကားဆိုလာသည်။
" ပြောလေ.. "
ဆက်မပြောတော့တဲ့ အစ်ကိုဂုကီကြောင့် ထယ်ယောင်းကပဲ စကားထောက်ပေးလိုက်သည်။ အစ်ကိုဂုကီက နက်ခ်တိုင်ကို ဆွဲဖြုတ်ကာ မွေ့ယာပေါ် ဘုန်းခနဲထိုင်ချလိုက်သည်။
" အစ်ကိုဂုကီလို့ခေါ်တာ မကြိုက်ဘူး..ငါဆိုလိုတာကလေ... ငါတို့ကအခု လက်ထပ်ပြီးပြီဆိုတော့ အခေါ်အဝော်တွေ ပြောင်းချင်လို့ "
အစ်ကိုဂုကီ စကားကြောင့် ထယ်ယောင်း ပြုံးလိုက်မိသည်။ ကြည့်စမ်းပါဦး ဘယ်လောက်တောင် ကလေးဆန်သလဲလို့။ မွေ့ယာပေါ်မှာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ အစ်ကိုဂုကီရဲ့ ကိုယ်လုံးသေးသေးကို ဆွဲပွေ့ကာ ပါးဖောင်းဖောင်းနှစ်ဖက်ကို ခပ်ဖွဖွနမ်းမိသည်။
" အသည်းဆိုရင်ရော.. "
ကိုယ်လုံးသေးသေးကို မွေ့ယာပေါ် ပြန်ချကာ ရှပ်အကျီင်္ ကြယ်သီးတို့ကို တစ်လုံးချင်း ဖြေးညှင်းစွာ ဖြုတ်ရင်း ပြောလိုက်သည်။
" ဒါဆို ငါကရော..? ဂုကီလို့ ငါ့ကိုယ်ငါသုံးရင် အရမ်းကလေးဆန်သွားမှာ "
လက်မနှင့် လက်ညှိုးကို အသုံးပြုကာ မေးစေ့ကိ ပွတ်သပ်ရင်း စဉ်းစားဟန် ပြုနေသော အစ်ကိုဂုကီကို အကြင်နာမျက်ဝန်းတို့ဖြင့်သာ စိုက်ကြည့်မိသည်။ ကြယ်သီးဖြုတ်ပြီးသား အကျီင်္ကို ချွတ်ကာ ကြမ်းပြငပေါ် ပစ်ချထားလိုက်သည်။
YOU ARE READING
EXTRAORDINARY YOU
FanfictionZawgyi ၀မ်းနည်းစရာကောင်းတဲ့ စကားတွေကို မပြောပါနဲ့တော့.... အချစ်ဆိုတာ ဒီလိုပဲ ပင်ပန်းရတယ်လေ... Unoicode ၀မ်းနည်းစရာကောင်းတဲ့ စကားတွေကို မပြောပါနဲ့တော့.... အချစ်ဆိုတာ ဒီလိုပဲ ပင်ပန်းရတယ်လေ...