⭐1⭐

3.1K 167 3
                                    

~Zawgyi~

4:48 Chapter_1

'ဟိတ်.. ဘာမှ မပြောလိုက်ပါနဲ့... '

'မျက်လုံးဖွင့်ပြီး ကိုယ့်ကို လိုက်ရှာလိုက်နေတာလား??  ဘယ်ဘက်ကို ကြည့်လိုက် ၊ ညာဘက်ကို ကြည့်လိုက်၊ အပေါ်မော့ကြည့်လိုက် အောက်ငုံ့ကြည့်လိုက်နဲ့ ရှာနေပေမဲ့ ကိုယ့်ကို မမြင်ရဘူးမလား.. ဒါပေမဲ့ ကိုယ်ကတော့ မင်းကို မြင်ရတယ်.. ပြီးတော့ ကိုယ်မင်းကို စကားပြောချင်တယ် '

'မကြောက်ပါနဲ့.. ကိုယ်က မင်းထင်သလို ကြောက်စရာ ဖြစ်တည်မှု့မျိုး မဟုတ်ပါဘူး.. မင်းက ကိုယ့်အသံပဲ ကြားရတယ်ဆိုပေမဲ့ ကိုယ်မင်းကို ထိခိုက်အောင် မလုပ်ပါဘူး'

"မင်း.. မင်းဘယ်သူလဲ?? " ညလည်ခေါင်ကြီး တရေးနိုးတဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံက စကားလာပြောနေတယ်?

'မလန့်ပါနဲ့.. မင်းပုံစံက အရမ်းကြောက်နေသလိုပဲ.. ကိုယ်မင်းကို အန္တရာယ်ပေးဖို့ လာတာ မဟုတ်ဘူးလို့ ပြောပြီးပြီလေ '

"မင်းက ဘာကောင်လဲ!ပုန်းမနေဘဲ ထွက်ခဲ့စမ်း!! "

'တောင်းပန်ပါတယ်.. ကိုယ်မှာ မင်းရှေ့ထွက်လာစရာ ဒြပ်မရှိဘူး '

ဒြပ်မရှိဘူး?? ဘာလဲ.. ဒါဆို သရဲလား! မဟုတ်တာ.. သရဲက တကယ်မှ မရှိတာ! ဒါဆိုဘာကြီးလဲ! ဘာမှန်းမသိရတာက ပိုကြောက်ဖို့ကောင်းတယ်လို့ စုချင်းယန် ခံစားမိလိုက်တယ်။ သူက စောင်ကို ခေါင်းဖုံးတဲ့အထိ ခြုံလိုက်ပြီး အနည်းငယ် တုန်ရင်နေတဲ့ အသံနဲ့ပြောတယ်။ "မင်း.. မင်းကဘာလဲ... မင်း.. မင်းက.. "

'ကိုယ်က သရဲ မဟုတ်ပါဘူး.. ကိုယ်က မင်းရဲ့ စိတ်ထဲမှာ ရောက်နေတဲ့ ဖြစ်တည်မှု့ မို့ ဒြပ်မရှိတာပါ.. ဘယ်လိုရှင်းပြရမလဲဆိုတော့... ကိုယ်က မင်းရဲ့ စိတ်ထဲမှာ ရောက်နေတဲ့ မင်းစိတ်မဟုတ်တဲ့ နာမ်ဖြစ်တည်မှု့ပေါ့..ဒါမှ မဟုတ်လည်း မင်းရဲ့ ဝိညာဉ်မဟုတ်ဘဲ မင်းကိုယ်ထဲရှိနေတဲ့ ဝိညာဉ်ပေါ့ '

ဘာတွေလဲ။ သူအိမ်မက်မက်နေတာ များလား။ ဘာလို့ ဒီဘို ထူးထူးဆန်းဆန်းတွေနဲ့ လာကြုံနေရတာလဲ?! စုချင်းယန် က သူ့ရဲ့ လက်မောင်းကို အညှာအတာမဲ့စွာ ဆွဲဆိတ်ပစ်လိုက်တယ်။ နာတယ်ဟ။ ကြည့်ရတာ အိမ်မက်မဟုတ်ဘူးနဲ့ တူတယ်။ ဒါဆို ဒီအသံက ဘယ်သူလဲ? ဒါကတကယ်ပဲ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ ဖြစ်တည်မှု့ဆိုရင် သူ့ကို သူ့စိတ်ထဲကနေ နှစ်ယောက် ပြောဆို ဆက်သွယ်လို့ ရမှာလား။ စုချင်းယန် တစ်ခဏ တိတ်ဆိတ်သွားတယ်။ သူ့ရဲ့ ဦးနှောက်ကတော့ တစ်စုံတစ်ခု အဖြေထွက်လာဖို့ ကြိုးစားနေတယ်။

4:48  <<Myanmar Translation>>Where stories live. Discover now