⭐2⭐

1.5K 176 28
                                    

~Zawgyi~

4:48 Chapters_2

'မင်းနိုးလာပြီလား.. ကိုယ့်အသံကြားရလား?'

'မဟုတ်ဘူး.. မကြောက်ပါနဲ့...ကိုယ်က မင်းထင်သလို ကြောက်စရာ ဖြစ်တည်မှု့မဟုတ်ပါဘူး.. ပြီးတော့ ကိုယ်က သရဲလည်း မဟုတ်ဘူး.. နတ်သမီးလည်း မဟုတ်ဘူး.. မင်းစိတ်ကိုယ်ကွဲ ရောဂါ ဖြစ်နေတာလည်း မဟုတ်ဘူး.. မင်းအိမ်ထဲ ဖောက်ဝင်လာတဲ့ သူခိုးလည်း မဟုတ်ဘူး.. ကိုယ်က.. ကိုယ်က ဒီတိုင်း မင်းစိတ်ထဲမှာ ရှိနေတဲ့ မင်းမဟုတ်တဲ့ ဖြစ်တည်မှု့.. မင်းမဟုတ်တဲ့ မင်းကိုယ်ထဲက ဝိညာဉ်.. '

'မလန့်ပါနဲ့.. မကြောက်သွားပါနဲ့.. ကိုယ်က မင်းကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး..  ကိုယ်က မင်းကို ကယ်ဖို့ လာခဲ့တာပါ'

ဒီရင်းနှီးနေတဲ့ ခံစားချက်...။ ဒါကတကယ် အိမ်မက်မဟုတ်ဘူးလား? ဒါမှမဟုတ် အိမ်မက်ပဲလား? အိပ်မက်ပဲနေမှာ.. မဟုတ်ရင် ဘာလို့ ဒီလို ထူးဆန်းတဲ့ အသံတွေ ကြားနေရမှာလဲ။ စုချင်းယန် က လူ့လက်မောင်းကို ဆွဲဆိတ်လိုက်တယ်။ နာတယ်တော့။ ဘာလား.. တကယ်ကြီး အိမ်မက်မဟုတ်ဘူးလား?? သူ့အသိစိတ်ကလဲ ပုံမှန်ပဲရှိသေးတယ်ဆိုတော့.. သူရူးသွားတာလည်း မဖြစ်နိုင်ပါဘူး.. ။

'မင်းမရူးပါဘူး... မင်းစိတ်က ပုံမှန်အတိုင်းပါပဲ'

ပုံမှန်ပဲ?? ပုံမှန်ဆို ဘာလို့ ဒီအသံကို ကြားနေရတာလဲ!
ဝတ္ထုတွေထဲက ဇာတ်ကွက်တွေက အပြင်မှာ တကယ်ဖြစ်တက်တာတော့ မဟုတ်လောက်ပါဘူးနော်။ ဝတ္ထုတွေထဲမှာလို ဒီကောင် ငါ့ကို ကမ္ဘာကြီးကို ကယ်တင်ဖို့တို့ ဘာတို့ ဘာဘာညာညာတွေ လာခိုင်းမှာ မဟုတ်လောက်ပါဘူးနော်။

"မင်း.. မင်းကဘယ်သူလဲ" ဟုတ်တယ်။ သူဘယ်သူလဲဆိုတာ အရင်သိထားရမယ်။

'ကိုယ့်နာမည်က Zero'

"မင်းဘာလို့ပေါ်လာတာလဲ.. မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ? "

'ကိုယ်လာတာ မင်းကို ကယ်ဖို့.. ကိုယ့်ရဲ့ ရည်ရွယ်ချက်ကလည်း မင်းကို ကယ်ဖို့'

4:48  <<Myanmar Translation>>Where stories live. Discover now