Rowoon တစ်ယောက် မိန်းမခန္ဓာကိုယ်နဲ့ တိုင်ပတ်နေချိန်တွင် လောက နိဗ္ဗာန် ရောက်နေသူမှာ Kim Yoona ဖြစ်သည်
ထိခိုက်ဒဏ်ရာ သိပ် မရှိတာမို့ ဆေးရုံက ဆင်းခွင့်ရတော့ Hwi နဲ့ Chani က လာခေါ်တယ်
Hwi က လက်မောင်းကနေ တွဲပေးတော့ လူက ဖျားချင်ချင်တောင် ဖြစ်သွားတယ်
အမလေး အိုမားရေ...
အိုမားပြောတော့ နင် တစ်သက်လုံး နင့်ကောင်တွေ အနံ့တောင် ရှူရမှာ မဟုတ်ဘူးဆို...
ခုတော့ အနံ့ရော အထိအတွေ့ရော အမလေး အာရုံငါးပါးကို စုံနေတာပဲ
အိုမား သမီး ကောင်းစားနေတာကို လာကြည့်လှည့်ပါဦး
Chani ကလည်း အဝန်းအရပ်ကြီးနဲ့ ယှဉ်ရင် သေးသေးလေး ပုစိလေး ကလေးလေးတော့
ငါဟဲ့ Rochan shipper... Chani နားကို မသိမသာ ပိုတိုးသွား
Chani က သိများနေလားမသိဘူး သူ့နား တိုးသွားကာမှ သူက ပို ဝေးအောင်ရွှေ့သွား
အဟင့်... စိတ်တောင်မကောင်းဘူး
Apartment ရောက်တော့ အကုန် ထွက်ကြိုနေကြတယ်
အဟွီက ကိုယ့်ကို တွဲထားတော့ Tae က မျက်မှောင်ကြီး ကြုံ့ပြီးကြည့်နေတာ
အမလေး ကြက်သီးတောင် ထတယ်
Hwitae သင်္ဘော မြုပ်လို့ကတော့ ငါ သမိုင်းတရားခံ ဖြစ်နေဦးမယ်
မဖြစ်ဘူး မဖြစ်ဘူး... Hwi နဲ့ ဝေးဝေးနေမှ
အထဲဝင်တော့ Inseong နဲ့ Dawon နဲ့က လက်ကို တစ်ယောက်တစ်ဘက်စီ တွဲကြတာ
အမလေး... အရသာတွေ... အရသာတွေ...
အခန်းထဲထိ လိုက်ပို့ပြီး ပြန်ထွက်သွားကြသည်
အခန်းလေးက နည်းနည်းတော့ ကျဉ်းသား... အဝန်းတစ်ယောက်တည်း နေတာမို့လို့ ဖြစ်မယ်
ကုတင်ပေါ် ထိုင်မလို့ရှိသေး ဘေးနားက ပေါ်လာတာ နတ် ၂ ကောင်
နတ်ကောင်း - မင်း အခု Rowoon အခန်းထဲ မှာနော်
ဘာမှ မဟုတ်တရုတ် လုပ်ဖို့ မစဉ်းစားနဲ့နတ်ဆိုး - SF9 နဲ့ နီးနီးကပ်ကပ် နေရတယ်ဆိုပြီး ဒီ တစ်ပတ် အတွင်း ဘာမှ ကြံဖို့ မစဉ်းစားနဲ့
