"ရေ... ရေပေးပါ..."
သူ သတိရလာတော့ ပထမဆုံး တောင့်တမိတာ ရေဖြစ်သည်
ရေငတ်လွန်းလို့ သေမတတ်ပါပဲ
ဒါပေမယ့် အသံက တစ်မျိုး ဖြစ်နေသလိုပဲ
"ဟယ် Yoona သတိရလာပြီ... nurse တွေ doctor တွေကို သွားခေါ်ကြပါဟဲ့...
Yoona... Yoona... နင် အဆင်ပြေရဲ့လား "ဟင်.... ဘယ်က ကောင်မလေးတုန်း...
သူ့ကိုလည်း တစ်ကိုယ်လုံးကို ကိုင်ဆောင့်တော့မတတ် လှုပ်ခါနေတာ
Manager တွေ security တွေ ဘယ်ရောက် ကုန်ပြီတုန်း
ဒီလောက် သူ့ကို Sassenge fan တွေ ဝိုင်းနေတာ ဘာမှ မလုပ်ကြတော့ဘူးလား
သူ့ကို ဒီလောက် ပယ်ပယ်နယ်နယ် ကိုင်နေတာ
အပေါ်မော့ကြည့်တော့ မျက်နှာကျက်က ဖြူဖွေးလို့
သူ့လက်တွေ နှာခေါင်းတွေမှာလည်း ပိုက်တွေနဲ့
ဒါ... ဒါ... သူ... ဆေးရုံ ရောက်နေတာပေါ့
"ဟေ့..."
ဟင်.... မိန်းမသံကြီး... ဘာတွေ ဖြစ်ကုန်တာတုန်း
"ဘာလဲ ဘာလဲ ဘာလိုလို့လဲ"
စောက ကောင်မလေးကပဲ လာမေးနေပြန်သည်
သူနဲ့ ရွယ်တူလောက်ရှိမယ့် ကောင်မလေးတွေ အခန်းထဲမှာ အများကြီး
"အမလေး Kim Yoona ရယ်... နင် မသေတာ ကံကောင်း.... ငါ့သူငယ်ချင်းလေး "
နောက် ကောင်မလေးတစ်ယောက်က သူ့လက်ကို လာဆွဲပြီး ပြောပြန်သည်
သူ့လက်သူ ကြည့်လိုက်တော့ ပုပုတိုတိုလေး...
သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့.... အမလေး... မိန်းမ ခန္ဓာကိုယ် ကြီး...
ငါ... ငါ... မိန်းမ ဖြစ်သွားတာလား.....
"ငါတို့ ဆရာဝန် သွားခေါ်လိုက်မယ်... နင် ခဏနေခဲ့နော်"
သူ့ကိုယ်သူ ခေါင်ညိမ့်ပြလိုက်လား ခေါင်းခါပြလိုက်လားတောင် မသဲကွဲ
အူကြောင်ကြောင်နဲ့ ကျန်ခဲ့သည်
"ဖွတ်...."
အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဟင်... Inseong Hyung....
"Hello... ငါက Sepgu စောင့် နတ်ပါ"
