kook&?

1.1K 27 5
                                    

(kookလေးဘက်ကိုပြန်သွားမယ်)

ဝမ်းမနာသား တစ်ယောက်မွေးရတာလွယ်တယ်တော့မဟုတ်ဖူး
မတော်တဆမှုကြောင့် လှုပ်လို့ မရတော့တဲ့ ခြေထောက်တွေကြောင့်
လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးကုန်ပြီ
စီးပွားရေးလောကမှာအောင်မြင်ခဲ့တဲ့လူက
မမျော်လင့်တဲ့အဖြစ်ဆိုးကြီးကြောင့်
လူကြားထဲထွက်ဖို့ တောင်

အားအင်မရှိခဲ့
တစ်နှစ်ဆိုတဲ့ အချိန်ဟာ
RMအတွက် မေ့နိုင်ဖို့ မလုံလောက်ပေ

အဲဒီနေ့ 
ကလေးလေးတစ်ယောက်ကောက်ရခဲ့တယ်
အဲ့ကလေးကယုန်သွားလေးနဲ့
ချစ်စရာ ယုန်ပေါက်ကလေးတစ်ကောင်ပေါ့

သေမလိုဖြစ်နေတဲ့ BODYလေးကို
သက်တော်စောင့်နှစ်ယောက်ကိုဆယ်ယူစေခဲ့တယ်

ပန်းချီဆွဲရတာ နှစ်သက်တဲ့လူက
သန်ခေါင်ယံအချိန်
အစောင့်နှစ်ယောက်နဲ့ ကန်ဘောင်မှာလေညှင်းခံရင်း
ပန်းချီဆွဲရင်း ရောက်ချလာတယ်လေ

ကားရပ်ထားတဲ့ နေရာကနေ ဝှီးချဲနဲ့ ကိုယ်ကိုတွန်းသွားရင်း
လမ်းမီးတိုင်တွေနဲ့ မိန်ပြပြအလင်းရောင်ထဲမှာ
ဒီကောင်လေးရဲ့လုပ်ရပ်တိုင်းကိုအစအဆုံးမြင်လိုက်လေးရဲ့

တငိုငိုတရီရီနဲ့ကောင်လေးဟာ
ရေပြင်ကျယ်ကို တရွေ့ရွေ့သွားနေတာ

"Boss ကျွန်တော်ကယ်လိုက်ရမလား"

အမိနိ့ကိုနာခံရန်အသင့်စောင့်နေတဲ့ ကျွန်တော့်သက်တော်စောင့်ကို လက်ကာပြလိုက်ရင်း

"ခဏလေး
သေပြီဆိုတဲ့ ခံစားချက်ကို
သူခံစားပါစေဦး"

ကြည့်နေတဲ့အရိပ်လေးကွယ်ပျောက်သွားခါမှ
အမိန့်ပေးလိုက်တော့
ဘေးနားကအရိပ်နှစ်ခု ရေကန်ထဲကိုဆင်းသွားလေသည်

ပုခုံးပေါ်ကိုတင်ထားရင်း ကောင်လေးပါးစပ်ထဲကရေတွေ
တဝေါ်ဝေါ်စီးကြနေသည်

RMအသေအချာကြည့်နေလေသည်

ဒီကောင်လေးကို သူ့မွေးစားလိုက်ရင်ကောင်းမလား(မွေးပြီးစားမှာပါ)

ရေမွန်းသွားတဲ့ကောင်လေးကတော့ ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်သွားလျှက်

ဦးလေးကြီးကိုချစ်တယ်(completed)Rated -MWhere stories live. Discover now