💙4💙(စတင်တွေ့ဆုံမှု)

5.9K 510 15
                                    

မေမေ.... သားကိုပိုက်ဆံပေးပါဦး
ဒီနေ့ဈေးဝယ်စ၇ာ၇ှိလို့

ထမင်းချက်နေသောအမေကို
ပန်းစည်း၇င်လှမ်းပြောတော့

သား ဘာဝယ်စ၇ာ၇ှိလို့လဲ
အမေ၀ယ်လာပေးမယ်လေ

စိတ်ပူစွာပြောလာသောမေမေ...

၇တယ်မေမေ၇ဲ့
သားကိုယ်တိုင်ဝယ်မှဖြစ်မှာမလို့

အမေ့သားလေးကဘာကိုဝယ်မှာမလို့
ဒီလောက်တောင်တက်ကြွနေတာတုန်း

၇ှက်ပြုံးလေးနှင့်ပြန်ဖြေလာသောသားကို
မေးလိုက်တော့ မျက်နှာလေး၇ဲ၇ဲနှင့်

မှုန့်အတွက်ဝယ်ပေးမလို့မေမေ၇ဲ့

ပြန်ဖြေလာသောချစ်မ၀သည့်သားငယ်လေး

ဟင်  မှုန်လေးမွေးနေ့လား

မဟုတ်ဘူးအမေ၇ ဒီတိုင်း
လက်ဆောင်ဝယ်ပေးချင်လို့ ဟီး

မိခင်အမေးကိုမလုံမလဲလေသံလေးနှင့်ဖြေလာသော
နှောင်းငယ်

ငယ်၇ာမှကြီးလာသူ မိခင်အနေနှင့်ဤအ၇ာသည်
အဘယ်အချင်းအ၇ာကြောင့်ဆိုတာ
သိသော်လည်း  သားဖြစ်သူကို
စိတ်ချမ်းသာစေချင်သည်
အချိန်အပိုင်းအခြားတစ်ခုအနေနှင့်ဆိုလျှင်တောင်မှပေါ့...

ဟုတ်ပါပြီ ဟုတ်ပါပြီေ၇ာ့ဒီမှာပိုက်ဆံ
လမ်းထိပ်ကဆို်င်မှာသွာဝယ်မှာမလား

ဟုတ်

မေးလိုက်သောအမေးကိုတက်ကြွစွာဖြေလာသော
သားငယ်လေး

အာ့ဆိုမေမေလိုက်မပို့တော့ဘူးနော်
တုတ်ယူသွားဦး ဘေးကပ်လျှောက်နော်

ဟုတ် မေမေ

မှာစ၇ာ၇ှိတာမှာ၇င်းသားလက်ထဲ
ထည့်ပေးလိုက်သော
ပိုက်ဆံထဲတွင်မိခင်မေတ္တာဟူသော
ဖမ်းဆုပ်မ၇သည့် စိတ္တဇနာမ်လေးတစ်ခုကပ်ပါလျက်သား....

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

မိမိအချစ်ကို မှုန်လက်ခံပေးပြီးထဲက
နေ့၇က်တိုင်းက သကြား၇ည်ထဲပျား၇ည်ဖျော်သလို
အ၇မ်းချိုသည်

အခြေအနေမတူတာမှန်သော်လည်း
မှုန့်မေတ္တာကြောင့်နှောင်းနွေးထွေးခဲ့၇သည်

မြတ်နိုးရပါသော.....နှောင်းငယ်..💜(Complete)Where stories live. Discover now