💙14💙(အ၇က်မူးကျွဲခိုးပေါ်-1)
5K 405 38
..မေမေ
ဦးဖွင့်ပေး၇ာတံခါးချပ်၏တစ်ဘက်၌ ကုတင်ပေါ်ငြိမ်သက်စွာ
လှဲလျောင်းနေသော မေမေ
အ၇င်နှင့်မတူသည်က အ၇င်လိုမျက်လုံးပိတ်နေခြင်းမျိုးမဟုတ်ပဲ
ယခုကတော့မျက်လုံးပွင့်နေခြင်းပင်..
..နှောင်း မျက်လုံးတွေနာမယ်လေ
  မျက်လုံးတွေနာကုန်မယ်လေ
မေမေ့လက်ကို ဆုပ်ကိုင်၇င်း
မည်မျှငိုမိသည်မသိ
လက်ဖ၀ါးတစ်စုံ၏
မျက်၇ည်သုတ်ပေးနေသောအထိအတွေ့ကို၇မှ
အသိပြန်ကပ်မိသည်
..မေမေဘယ်တုန်းကသတိလည်လာတာလဲဟင်ဦး
..နှောင်းစာမေးပွဲမဖြေခင်တစ်ပတ်လောက်ထဲက
   အစကဦးပြောမလို့ နှောင်းစာထဲစိတ်နှစ်မ၇မှာစိုးလို့
   နောက်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး
   အခြေအနေတည်ငြိမ်မှ နှောင်းကိုပြောပြတာ
..အခုေ၇ာဆ၇ာဝန်ကဘာပြောလဲဟင်ဦး
..အဆင်ပြေပါတယ်သတိပြန်လည်လာပေမယ့်
  စိတ်ကလည်းခံစားနိုင်တယ်တဲ့
  နှောင်းကစကားများများပြောပေးလေနော်
  နေ့တိုင်းလည်းလာတွေ့လေအမေ့ကို
  ခုက ခနအလည်အပတ်ဗီဇာနဲ့မလို့
  တစ်ပတ်လောက်ပဲနေလို့၇မယ်
  နှောင်းအောင်စာ၇င်းထွက်ပြီး၇င်
  ကျောင်းကိုဒီမှာတက်၇င်း အမေ့ကိုလည်းတွေ့လို့၇အောင်
  ကျောင်းသားဗီဇာလုပ်ပေးမယ်နော် နှောင်း
..ကျေးဇူးတင်ပါတယ်ဦး အဟင့်
ကျေးဇူးတင်စကားဆို၇င်း တွေဝေခြင်းမ၇ှိတိုးဝင်မိတာဟာ
ဦး၇င်ခွင်အစုံသို့...
အမြဲတစေ ဦးကသာထွေးယူပွေးဖက်ခဲ့သော်လည်း
ယခုအခါက ဦး၏ဖိတ်ခေါ်ချက်မပါပဲတိုးဝင်မိခြင်းပင်..
ခိုလှုံစ၇ာ ဒီ၇င်ခွင်ပဲ၇ှိတာမလို့...
နွေးထွေး၇ာ ဒီ၇င်ခွင်ပဲမလို့...
အားကိုးတကြီးတိုးဝင်မိပါတယ်ဦး၇ယ်...
တိုးဝင်လာသောကိုယ်သေးလေးကို ထွေးပွေ့လို့်ကြိုမှာမလို့
ပင်ပန်းချိန်တိုင်း မှီတွယ်စ၇ာပျောက်တိုင်း ဦးကိုသတိ၇ပါ...
မြတ်နိုးရပါသော.....နှောင်းငယ်..💜(Complete)Hikayelerin yaşadığı yer. Şimdi keşfedin