{Arc-1}အပိုင်း ၇/အပိုငျး ၇

7.1K 232 8
                                    

(Zawgyi Version)

သူမ မနက်​ခင်း​နေ​ရောင်​နှင့်​အတူ နိုးထလာခဲ့​လေသည်​။

သူမဟာ ထလာတာနှင့်​ကျက်​သ​ရေရှိ​သောစကားအား​ပြောလိုက်​​လေသည်​။
"​ဘောပဲ​ဟေ....."

'ငါ့ရဲ့​ကောင်းမွန်​​နေတဲ့အိမ်​မက်​ကို ဖျက်​လိုဖျက်​ဆီးလုပ်​တဲ့ ​သောက်​​နေမင်းကြီး!!!....'Bom Miဟာ ပြန်​အိပ်​ဖို့ရာကုတင်​​ပေါ်လှဲချလိုက်​​သော်​လည်း အိပ်​၍မ​ပျော်​​တော့ပါ​ချေ။

ထို့​ကြောင့်​ မျက်​နှာသစ်​ဖို့ရန်​ အခန်းလိုက်​ရှာ​လေသည်​။သူမ​ ယခု​နေ​နေသည့်​အခန်းမှာ သူမ​နေခဲ့သည့်​တိုက်​ခန်းနီးပါးကျယ်​​လေသည်​။

ထို့​နောက်​တွင်​​တော့ သူမဟာ​ရေချိုးခန်းအားရှာ​တွေ့သွား​တော့သည်​။ရေချိုးခန်းအပြင်​အဆင်​မှာ သူမ၏အိမ်​ထက်​ပင်​လှပ​ပေသည်​။နောက်ဆုံး​​ပေါ်အဆင့်​မြင့်​​ပစ္စည်းများကိုသာ သုံးထားသည်​ဖြစ်​၍ ဇာတ်​လိုက်​Zhang Yi Fan၏ကြွယ်​ဝချမ်းသာမှုမှာ အလွန်​သိသာ​လေသည်​။

'ဇာတ်​လိုက်​မက တစ်​ကယ့်​ကို​ခြေသလုံးကြီးကြီးကိုဖက်​နိုင်​ခဲ့တာပဲ.....'

သူမဟာ​ရေချိုးခန်းထဲဝင်​လိုက်​ပြီး​နောက်​မှာ​တော့ သူမကိုယ်​နှစ်​ဆကြီးမားသည့်​မှန်​၏​ရှေ့၌ရပ်​လိုက်​​လေသည်​။ထို့​နောက်​မှန်​ထဲမှသူမ၏ပုံရိပ်​အားကြည့်​ကာ.....'WTF!!.....​ချောလိုက်​တာ....ဒါ....ဒါ...ငါလား....'

မက်​မွန်းသီး​နှင့်​နို့​ရေ​ရောစပ်​ထားသည့်​အသားအ​ရေဟာကြည်​လင်​ပြီးထိရက်​စရာပင်​မရှိ​ပေ။သွယ်​လျပြီးအချိုးအစားလှပသည့်​ခန္ဓာကိုယ်​ဟာ လူတိုင်းကိုဆွဲ​ဆောင်​နိုင်​​လောက်​​ပေမည်​။ဒီလို ပြီးပြည့်​စုံ​နေသည့်​မိန်းမပျို​လေး၏မျက်​နှာဟာလည်း အလွန်​တရာလှပ​နေ​ပေသည်​။

"ဒီလိုလှပပြီးဆွဲ​ဆောင်​မှုရှိလို့လည်း....ဇာတ်​လိုက်​ကကြိုက်​တာ​ပေါ့...."Bom Mi၏မျက်​နှာမှာ ​စကားများဖြင့်ေ​ဖာ်​ပြလို့ပင်​မရ​လောက်​တဲ့အထိ​ပျော်​ရွင်​မှု​တွေဖြစ်​​ပေါ်​နေ​ပေသည်​။

'ဆန်​လုံး​လေး​ရေ....'

'ဟုတ်​ကဲ့....'

'ငါ​လေ....ဒီလိုလှပတဲ့မျက်​နှာကိုငှါးသုံး​နေရတာဆို​တော့ အလဟာသ​တော့မဖြစ်​​စေချင်​ဘူး.....သိလား'

Cupid System💘 (Z+U) ⚠️ Discontinue ⚠️Where stories live. Discover now