{Arc-1}အပိုင်း ၈/အပိုငျး ၈

2.3K 198 1
                                    

(Zawgyi version)

သူမရဲ့missionကိုစဖို့ရန်​ ပြင်​ဆင်​လိုက်​​လေသည်​....။

'ဒုဇာတ်​လိုက်​က Zhang Yi Fanရဲ့ညီဆို​တော့ဒီအိမ်​မှာပဲ​နေမှာပဲ...ဒီ​တော့သူ့ကိုအရင်​ဆုံးရင်းနှီး​အောင်​လုပ်​ရမယ်​။'သူမဟာ ​သေ​သေချာချာဆုံးဖြတ်​ချက်​ချပြီးတာနှင့်​အခန်းထဲက​နေထွက်​လာလိုက်​သည်​။

သူမအခန်းပြင်​ကိုထွက်​လာသည်​နှင့်​ ဇာတ်​လိုက်​ဖြင့်​ ပတ်​ပင်းတိုး​လေ​တော့သည်​။

"Qian Er....မင်းနိုးပြီလား....ညကအိပ်​လို့​ပျော်​ရဲ့လား"

"ဟုတ်​ကဲ့....အိပ်​လို့​ပျော်​ပါတယ်​ အကိုYi Fan"

အကိုYi Fanဟု​ခေါ်လိုက်​​လေတာ​ကြောင့်​ ဇာတ်​လိုက်​ဟာပိုမို ပြုံး​ပျော်​​နေ​ပေသည်​။

သူမတို့နှစ်​​ယောက်​သား ​လှေကားမှဆင်းလာပြီး​နောက်​ ထမင်းစားခန်းထဲ၌ဒုဇာတ်​လိုက်​အား​တွေ့လိုက်​ရ​လေသည်​။

"Qian Er....မင်းကို မိတ်​ဆက်​​ပေးရဦးမယ်​....ဒါကိုယ့်​ရဲ့ညီ​လေ....Zhang Mo Zhiတဲ့"

"မင်္ဂလာပါ......ဒါနဲ့ စီနီယာ...စီနီယာက ပန်းချီ​မေဂျာ​နောက်​ဆုံးနှစ်​က ပါရမီရှင်​စီနီယာZhangမဟုတ်​လား..."

Zhang Mo Zhiဟာ ပန်​ချီ​မေဂျာတွင်​​ ​ပေါ်ပြူလာဖြစ်​သူတစ်​ဦးဖြစ်​ကာ မူလQian Shen၏အနည်းငယ်​​သောIdol​တွေထဲမှတစ်​​ယောက်​ဖြစ်​​လေသည်​။ထို့​ကြောင့်​Bom Miဟာ
မိမိ၏Idolတစ်​​ယောက်​အား​တွေ့လိုက်​ရ၍ အံ့​ဩသင့်​​ဟန်​​ဆောင်​လိုက်​ခြင်းဖြစ်​​လေသည်​။

အမှန်​တစ်​ကယ်​ သူမ၏စိတ်​ထဲမှာ​တော့....'ဒုဇာ​တ်​လိုက်​လို့မ​ပြောရဘူး....ဇာတ်​လိုက်​နီးနီး​ချောတာပဲ....'

"ဟုတ်​ပါတယ်​.....မင်းက တတိယနှစ်​ဂျူနီယာ​လေး Li Qian Shan....မင်းက ငါတို့စီနီယာ​​တွေကြားမှာ​ နာမည်​ကြီး​​နေတဲ့နတ်​သမီး​လေးပဲ"

"အို....စီနီယာက​တော့​မြှောက်​​နေပြန်​ပါပြီရှင်​"သူမဟာ ရှက်​ပြုံး​လေးပြုံးကာ တစ်​ခခ်​ခခ်​ရယ်​​မော​နေ​လေသည်​။

ထိုအချိန်​တွင်​ ဇာတ်​လိုက်​က သူမရဲ့​ခေါင်းအားပုတ်​​ပေးရင်း သူမအားကြည့်​ကာချိုချိုသာသာ​ပြောလာ​လေသည်​။

Cupid System💘 (Z+U) ⚠️ Discontinue ⚠️Where stories live. Discover now