#unicode#
"အဘိုး"
"Jeon jungkookမင်း လူသားတွေနဲ့ပတ်သတ်နေပြန်ပြီလားကွ ဟမ်"
"အဘိုး ကျနော်က..."
"မင်းပါးစပ်ပိတ်ထား ငါနဲ့အခုချက်ချင်းလိုက်ခဲ့''
ပြောရင်းဆိုရင်းဂျောင်ဂု
အဘိုးကVampireလက္ခဏာ
ပြောင်းသွားသည့်အတွက်
တစ်ယောက်vampireလက္ခဏာတွေ
ထုတ်ရတော့သည်ဂျောင်ဂုသည်
ငယ်ရွယ်သည်ဟုလည်းမဆိုနိုင်
အသက်2000သက်တမ်းသည် သူ့အတွက်
လူပျိုပေါက်အရွယ်သာရှိသေးသည်
ဂျောင်ဂု၏vampireလက္ခဏာများ
ပေါ်လာသည်နှင့်တပြိုင်နက်
ဖွေးနေသောအစွယ်နှစ်ချောင်းက
ယုန်သွားလေးနှစ်ချောင်း၏
ဘေးတွင်ပေါ်လာသည်
မျက်နှာဟာခက်ထန်စွာဖြင့်"မြေး"
"ပြော အဘိုး"
"အဲ့လူသားတွေနဲ့ မင်းဘာလို့နေချင်ရတာလဲ''
"ကျနော်.."
"အဲ့လူသားတွေက မင်းမိဘတွေကိုသတ်ပစ်ခဲ့တဲ့ပုံရိပ်တွေ မင်းမေ့ကုန်ပြီလား"
Flash back
"အမေ!!!!!"
"သားငယ်ဂျောင်ဂု.. သား.. မလာနဲ့.ဆော့ဂျင်
မင်းညီကိုဆွဲထား''"အမေ!!! ဘာလို့အဲ့လူတွေကအမေနဲ့
အဖေ့ ကိုခေါ်သွားရတာလဲ ကိုကြီး!!! ပြောလေ""Hyg..hygလည်းမသိဘူး"
"သားကြီး..မင်းညီလေးတွေကိုဂရုစိုက်ပါ"
"အမေ!!!!!!!!!!!!!!!!!!!!!!!!"
"အဖေ!!!!!!!!!!!!"
တောတွင်းတစ်နေရာကနေ ငယ်သံပါအောင်
အော်ဟစ်နေကြတဲ့ကလေးငယ်များ..."လာ ဂျီမင်း... ဂျောင်ဂု မကြည့်နဲ့ မကြည့်နဲ့
ကိုကို့ကိုဖက်ထားမကြည့်ကြနဲ့"အသက်100(ကျော်အရွယ်သာရှိသေးသည့်
Seok jinလေးခမျာ မိဘနှစ်ပါးသေဆုံးသည့်အဖြစ်ကို
ညီလေးများအားမမြင်စေရန် သူ့ရင်ထဲ၌သာထွေးပွေ့ထား၏ရက်စက်ကြမ်းကြုတ်သောလူများက
မိခင်ဖြစ်သူ၏နှလုံးသားတည့်တည့်ကိုငွေဓားဖြင့်
ထိုးစိုက်လိုက်ကာ မီးမြိုက်ပစ်သည်
ဖခင်ကိုတော့ ငွေဓားဖြင့်ရင်ကိုထိုးကာ
အငွေ့များသာကျန်တော့သည်အထိ ရက်စက်စွာသတ်ပစ်ကြသည်
ထိုအချိန်တွင် ဂျီမင်းလေးမှာ အသက်70
ဂျောင်ဂု လေးမှာတော့အသက်50သာရှိသေးသည့်
ကလေးစိတ်မကုန်သေးသော ကလေးနှစ်ယောက်
![](https://img.wattpad.com/cover/215166643-288-k259637.jpg)
VOCÊ ESTÁ LENDO
Vampire's husband (Complete)
VampiroTaekook Writing with both Zawgyi and Unicode I also write in Eng version #KV_LOVES