မနက်ခင်းနေခြည်နုနုမှာ အပြေးလေ့ကျင့်နေတဲ့ လူတစ်ယောက်၊ ကောင်လေးတစ်ယောက်ပေါ့ အပြင်းအထန်ပြေးနေလို့ ချွေးတအားထွက်ပြီး မောဟိုက်နေတာတောင် သူ့ရဲ့ချောမောနေမှုက အခန့်သား ၊ အသားဖြူဖြူ အရပ်က၆ ပေကျော် ၊ လေ့ကျင့်ခန်းလုပ်ထားလို့ ကျစ်လစ်တဲ့ ခန္ဒာကိုယ်နဲ့ မိန်းကလေးတိုင်းရဲ့ အိမ်မက်မင်းသားလေးက တော့ မိုးမာန် ၊ တောက်ပတဲ့ မျက်လုံးတွေရှိပေမယ့် အပြုံးအရယ်မရှိဘဲ ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတွေကြောင့် သူ့ပတ်ဝန်းကျင်မှာ မာနမင်းသားလေးလို့နာမည်ကြီးတယ်။
ကျွန်တော်နာမည်က မိုးမာန် ၊ အသက်က ၂၂ နှစ်
ကျွန်တော် မိဘတွေက ဦး မင်းအောင် ဒေါ်သီတာ၊ ဖေဖေက Shine Star Group ရဲ့CEO၊ မြန်မာနိုင်ငံမှာတော့ Top 10 Group ထဲမှာပါတယ်၊ ကျွန်တော့်မှာ အစ်ကိုတယောက်ရှိတယ်၊ သူ့နာမည်က ကိုလင်းသစ် ၊ ပြီးတော့ ကျွန်တော့မှာ ချစ်သူ အဲ ဘယ်လိုပြောရမလဲ ၊ မေမေတို့ သဘောကျရွေးပေးထားတဲ့ အိမ်ထောင်ဖက်ရှိတယ်၊တွေးနေရင်းနဲ့ပြေးလာတာ အိမ်ရှေ့တောင်ရောက်ပြီ၊ အိမ်ရှေ့ဆိုလို့ ကျွန်တော့အိမ်ရှေ့မဟုတ်ဘူးနော်၊ အော် ရှုပ်သွားလား ၊ နောက်တော့ ရှင်းသွားမှာပါ။
အိမ်ရှင်တေမရှိတဲ့ သော့ခတ်ထားတဲ့ အိမ်ရှေ့မှာ တနေ့ကို မိနစ်အနည်းငယ်လောက်မနေလိုက်ရရင် ကျွန်တော့မနက်ခင်းတေက အဓိပ္ပာယ်မရှိသလိုဘဲ၊ ကျွန်တော့ ဒီအိမ်ရှေ့မှာ စိတ်ကျေနပ်လောက်အောင်ထိုင်ပြီးမှ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကျွန်တော့ရဲ့ စံအိမ်ကိုကူးလာခဲ့တယ်။
ကျွန်တော်ကျောင်းပြီးကတည်းက အကိုနဲ့အတူ ဖေဖေ အလုပ်မှာ အတူတူလုပ်နေတာ ၊ ပြီးတော့ ကျွန်တော့ မှာ စီးပွားရေးလုပ်ငန်းတခုရှိသေးတယ်၊ အဲ့တာကတော့ သတို့သမီး ဝတ်စုံဆိုင်နဲ့ တွဲလျက်ပန်းဆိုင်လေး ဖွင့်ထားတာ ၊ သူငယ်ချင်းတေကတော့ ပြောတယ် မင်းယူထားတဲ့ဘွဲ့နဲ့ဘာမှမဆိုင်ဘဲ အဲ့ဒီလုပ်ငန်းကိုဘာလို့လုပ်တာလဲတဲ့ ၊ အဲ့လုပ်ငန်းအတွက်နားလည်တဲ့ သူတစ်ယောက်ကို မန်နဂျာခန့်ပြီး ဝန်ထမ်းတွေနဲ့လည်ပတ်ခိုင်းထားတယ်၊ ကျွနိတော့ ဝါသနာမဟုတ်ပေမယ့် သူမရဲ့ဝါသနာဆိုတာတော့ ဒီကောင်တေကိုရှင်းပြနေစရာမလိုဘူး၊ သူမဆိုတာကတော့ ငါပြန်လာခဲ့မယ်ဆိုတဲ့ စကားတခွန်းနဲ့ အကြောင်းပြချက်မရှိ အဆက်အသွယ်ပါဖြတ်ပြီး ထားခဲ့တဲ့ ကျွန်တော့သူငယ်ချင်းမလေးပေါ့။
أنت تقرأ
:နင်ဟာ ငါမပိုင်တဲ့ သူစိမ်းလေး☁️☁️: zawgyi/ unicode
عاطفيةတစုံတယောက်ကို ချစ်ဖူးလား!!! ဘယ်လောက်ထိချစ်ဖူးလဲ မိုးမာန် ငါကထွက်သွားပေးမှာမို့လို့ နင်ကတော့ဒီအတိုင်းလေးနေပေးပါ ငါသတိရရင်ပြေးတွေ့နိုင်တဲ့ အနေအထားလေးအတိုင်း ဒုတိယအကြိမ်ငါ့အနားကထွက်မသွားပါနဲ့ ဘာလို့လဲဆိုတော့ " ယွန်း နင်ကငါ့ရဲ့ အရာရာပါ" ...