မိုးမာန် ရုံးခန်းအပြင်ဘက်ကမှန်တွေကို အငြိုးကြီးစွာရိုက်ခတ်နေတဲ့မိုးစက်တွေကို ကြည့်နေတယ်၊ တချက် တချက်ပေါက်ကွဲထွက်လာတဲ့ မိုးခြိမ်းသံတွေကို နားထောင်ရင်းစိတ်ထဲမှာ အလိုမကျဖြစ်နေတယ်။
မိုးခြိမ်းသံတွေကိုကြောက်လို့ အားကိုးတကြီးနဲ့ သူ့ကိုဖက်တွယ်ဖူးတဲ့ ကောင်မလေးတစ်ယောက်၊ သူ မဟုတ်တဲ့ တခြားတယောက်ကို ဖက်တွယ်မိမှာစိုးလို့ သူမ ရှိတဲ့အရပ်မှာ ရာသီဥထုသာယာဖို့ အဖြူရောင်အတ္တ နဲ့ ဆုတောင်းပေးလိုက်တယ်။
ပိုးပန်းချီ အခန်းထဲဝင်လာတော့ သည်းနေတဲ့မိုးရေတွေကိုကြည့်နေတဲ့ သူ့ချစ်သူ ၊ မိုးခြိမ်းသံကြားလိုက်တိုင်း အလိုမကျလို့ထင်တယ် မျက်ခုံးတွေက တချက်၊ တချက် မျက်မှောင်ကြုတ်သွားတယ်၊ မျက်လုံးတွေထဲမှာ အလွမ်းအငွေ့အသက်တေတွေ့တော့ ဘယ်သူ့ကိုသတိရနေလဲဆိုတာ မေးနေစရာတောင်မလိုဘူး၊
အလွမ်းတွေကို အပြုံးတွေနဲ့ အစားထိုးဖို့သူမ ကြိုးစားကြည့်လိုက်တယ်။
"ကို မိုးအေးနေလို့ ၊ ကော်ဖီဖျော်လာခဲ့တယ်"
"အော် ၊ ကျေးဇူးဘဲ ပန်းချီ"
သူမကို ကျေးဇူးတင်စကားပြောရင်း ဆိုဖာခုံမှာဝင်ထိုင်ရင်း ကော်ဖီခွက်ကို သောက်ဖို့ကိုင်လိုက်တယ်။"မိုးက သည်းလိုက်တာနော်၊ ကော်ဖီသောက်ရင်းနဲ့ ကို့ သူငယ်ချင်းအကြောင်းမပြောပြချင်ဘူးလား"
မိုးမာန် ကော်ဖီခွက်ကို သောက်ဖို့ပြင်နေတုန်း ခပ်တွေတွေလေးဖြစ်သွားတယ်၊ စက္ကန့်အနည်းငယ်ကြာတော့ ကော်ဖီခွက်ကို ပြန်ချလိုက်ရင်း........
"ပြောပြရမလား "
"အင်း "
ကောင်လေးတစ်ယောက် သူ့အတွေးတွေကို ကုန်လွန်ခဲ့တဲ့နှစ်တွေဆီ အပြေးလေးနှင်လိုက်တယ်၊
မိုးမာန် ခြံထဲမှာ ကိုကို နဲ့ဆော့ နေရင်း သူတို့အရှေ့ခြံကို ကားအကြီးကြီးတွေရပ်လိုက်ပြီး ပစ္စည်းတွေရွှေ့နေတာကြောင့် ကစားတာကို ရပ်လိုက်ရင်း ခြံဝမှာရပ်ကြည့်နေလိုက်တယ်။ နောက်တော့ ကားအနက်ကြီးတစ်စီးရပ်လာပြီး ကားပေါ်ကနေ မိသားစုတစ်စု ဆင်းလာတယ်။ သူ့လိုအရွယ် ကောင်မလေးတစ်ယောက်လည်းပါတယ် ၊ ကောင်မလေးက ကားပေါ်ကဆင်းလာတော့ သူ့ကိုမြင်ပြီး ပြုံးပြတယ်။

ESTÁS LEYENDO
:နင်ဟာ ငါမပိုင်တဲ့ သူစိမ်းလေး☁️☁️: zawgyi/ unicode
Romanceတစုံတယောက်ကို ချစ်ဖူးလား!!! ဘယ်လောက်ထိချစ်ဖူးလဲ မိုးမာန် ငါကထွက်သွားပေးမှာမို့လို့ နင်ကတော့ဒီအတိုင်းလေးနေပေးပါ ငါသတိရရင်ပြေးတွေ့နိုင်တဲ့ အနေအထားလေးအတိုင်း ဒုတိယအကြိမ်ငါ့အနားကထွက်မသွားပါနဲ့ ဘာလို့လဲဆိုတော့ " ယွန်း နင်ကငါ့ရဲ့ အရာရာပါ" ...