Room Service

16.6K 134 0
                                    

Room Service
(စ/ဆုံး)

သီပေါမြို့လေးက ရှမ်းပြည်ပီသစွာ‌အေးစက်မှုန်ရီနေ၏။ ဇန်နဝါရီလကုန်ခါနီးမို့ အချမ်းပိုသယောင်ရှိနေသလို ခြေအိတ်၊ လက်အိတ်တွေစွပ်ရုံသာမက ခေါင်းမှာသိုးမွေးဦးထုပ်ဆောင်းထားတာတောင် အအေးကမလျော့ချင်။ ကျနော်အရင်က တည်းခဲ့ဖူးတဲ့ဟိုတယ်က bookingမရတာမို့ မြို့မဈေးနားလေးက ဟိုတယ်အသစ်တစ်လုံးမှာ အခန်းကြိုယူထားခဲ့လိုက်၏။ ဒါပါနဲ့ဆို သီပေါကိုရောက်တာ တတိယအကြိမ်ပါပဲ။ ကျနော်သီပေါကိုရောက်တော့ ညနေ4နာရီထိုးလုလု။ ဟိုတယ်ကGateကို light trackကားနဲ့လာကြိုပေးတာမို့ ကျနော်ကျေနပ်သွားသည်။ ဟိုတယ်ကအသစ်ပေမဲ့ Serviceက အတော်ကောင်း၏။

Hotelရောက်တော့ ကိုယ့်အခန်းထဲကိုအရင်ဝင်ပြီး ကိုယ်လက်သန့်စင်လိုက်၏။ ကျနော်က ငြီးစီစီကြီးဖြစ်နေလျှင်မနေတတ်သောကြောင့် ဝတ်လာတဲ့အဝတ်အစားတွေကိုပါလဲပစ်လိုက်မှ စိတ်ကြည်သွား၏။ အခ်ိန္က 5ခြဲလျုပီ။ ကျနော်ဗိုက်လဲဆာသလိုလိုရှိတာမို့ အပြင်ထွက်ဖို့စိတ်ကူးကာ ဧည့်ကြိုငှာနမှာTaxiစုံစမ်းလိုက်၏။

"အကို ညီက ဒီဟိုတယ်ဝန်ထမ်းပါဗျ၊ အခုဂျုတီပီးလို့ပြန်တော့မှာဆိုတော့ အကိုတစ်ခါထဲလိုက်ခဲ့လို့ရပါတယ်၊ ကျနော့်မှာဆိုင်ကယ်ပါပါတယ်၊ အကို့ကို သိမ်တောင်လဲခေါ်သွားပေးမယ်၊ ပီးရင်စားကောင်းမဲ့ဆိုင်ကိုလဲ လိုက်ပို့ပေးပါ့မယ်၊ အပြန်လဲဟိုတယ်ထိပြန်ပို့ပါ့မယ်၊ ဈေးက အကိုအဆင်ပြသလိုပဲပေးပါဗျ၊" ရှမ်းအသံဝဲတဲ‌တဲလေးနဲ့ အသားဖြူဖြူ အရပ်ရှည်ရှည်ကောင်လေးကို ကျနော်ပြုံးပီးကြည့်နေမိသည်။ လူငယ်ပေမဲ့ အရမ်းသွက်၊ အရမ်းအကွက်မြင်မဲ့ပုံပါပဲ။ ကျနော့်ကိုဆိုက်ကယ်ငှားဖို့ မဲဆွယ်နေတာကိုပဲကြည့်လေ။ သူ့ဆံပင်တွေက ဂုတ်ထိအောင်ရှည်နေပြီး ဆံစတွေက နှဖူးကိုဖုံးကာ မျက်ခုံးမွေးနားအထိ ဝဲကျနေ၏။ လူကတော့ မပိန် မပြည့်၊ အ‌နေတော်လေးပါပဲ။ T shirtအဖြူလေးနဲ့ ရှမ်းဘောင်းဘီအဝါလေးက သူ့ကိုယ်ပေါ်မှာ ပနံတင့်စွာ ကြည့်လို့ကောင်းနေပြီး အကုန်ချုံပြောရရင် သီပေါသား ရှမ်းလူငယ်ချောချောလေးတစ်ယောက်ပေါ့။

ကျနော်သူ့ကို 5000ပေးဖို့သဘောတူကာ သူ့ဆိုင်ကယ်နောက်မှာခွထိုင်လိုက်၏။ "အကို ဦးထုပ်ဆောင်းပါခင်မျ" ပြောလဲပြောရင်း လက်ကလဲ ကျနော့်ခေါင်းပေါ်ကိုဦးထုတ်စွပ်ပေးနေရင်း မေးသိုင်းကြိုးကိုပါ တွယ်ပေး၏။ "အကို အားမနာနဲ့နော်၊ ကျနော့်ကိုကိုင်ထားလို့ရတယ်၊ သိမ်တောင်က လမ်းနည်းနည်းမတ်လို့ပါဗျ" သွားတက်ကလေးပေါ်အောင်ပြုံးရင်းပြောပြနေသည်။ အင်း သူ့ကြည့်ရတာ ကျနော့်ကို သီပေါအခုမှရောက်ဖူးတယ်မှတ်နေလားမသိ။ ကျနော်ပြုံးမိသွားသည်။ သူဆိုင်ကယ်စမောင်းလိုက်တာနဲ့ သူ့ကိုယ်နံ့လေးကို လေတိုးတာ‌ကတစ်ဆင့်ရှုရှိုက်မိ၏။ ရေမွေးလိုအနံ့လေးထဲမှာမှ ညနေပိုင်းထိအလုပ်လုပ်လို့ ပင်ပန်းထားတဲ့ ယောက်ျားအနံ့လေးတစ်မျိုးကပါရောထွေးနေတာမို့ ကျနော်သဘောကျမိသည့်အနံ့ပါပဲ။ သူ့ဆံပင်တွေကတော့ အတော်မွှေးတယ်။ လေတိုးတိုင်းဝေ့နေတာများ ကျနော့်မျက်နှာတောင်တချက်တချက်ဆို သူ့ဆံပင်တွေက လာထိမိနေ၏။

မသိဘူး ဘုမယ်​ Where stories live. Discover now