Her

1.2K 72 15
                                    

တကယ်​တော့ တစ်ဖက်သက်ချစ်တယ်ဆိုတာ ထီလက်မှတ်တစ်ဆောင် ဝယ်ပြီး ကံစမ်းရသလိုပဲ...

စိတ်ကူးတွေထဲက ခင်ဗျားတို့ Romentic ဇာတ်လမ်းလေးကို လက်တွေ့မှာ အကောင်ထည်ဖော်လာနိုင်ချေ 1 Percent ပဲ ရှိတယ်။ အဲ့ဒီ့ 1Persentကိုရဖို့လည်း ခင်ဗျားတို့ စွန့်စားရဲဖို့လည်း လိုသေး အဲ့လို စွန်စားရဲဖို့က​လည်း စွန့်စားဖြစ်ဖို့ အခြေနေဖြစ်လာဖို့ကလိုပါသေးတယ်....

Son Chaeyoung...

ကျောင်းထဲမှ Cherryပင်အောက်က ခုံတန်းလျားလေးကို သူမ သဘောကျတယ်။

လေလေးတဖြူးဖြူးနဲ့ နွေဦးမှာ ကြွေကျတဲ့ ပွင့်ချပ်လေးများနှင့်အတူ ထိုအရှေ့မှ ဖြတ်သွားနေကျ မိန်းကလေးတစ်ဦး။ ထိုမြင်ကွင်းက သူမအတွက် ကြည်နူးစရာကောင်းလွန်းလို့ ထိုခုံကို သူမအပိုင်သိမ်းပြီး အမြဲတမ်း ဦးထားဖြစ်နေမိတာ တစ်ကိုယ်ကောင်းဆန်ရာများကျမလား

သူမတို့ကျောင်းက စီနီယာတစ်ဦးဖြစ်တဲ့ Myoui Mina သူမအလှက ကျောင်းမှာ တအား ကျော်ကြားသလို အားကစားမှာ ထူးချွန်တာကြောင့် ကျောင်းရဲ့ ရတနာလေးပေါ့။ ဒီလိုရတနာလေးကို မြတ်နိုးနေတဲ့ Son Chaeyoungဆိုတဲ့ သူမအတွက် တိတ်တဆိတ်ငေးကြည့်နေရုံကလွဲရင် ဘာမှ မလုပ်နိုင်ပါဘူး။ သူမရဲ့ ig accရဲ့ အမြဲတမ်း ပင်တိုင် heartပေးနေကျ ကောင်မလေးတစ်ယောက်ကို သူ့ဘက်က သိလာနိုင်ချေဆိုတာလည်း မရှိဘူးလေ

ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး။ လက်တွေ့မှာ ဘယ်လောက်ပဲ သူမတို့ အခြေနေ ဆိုးရွားနေပါစေ။ စိတ်ကူးထဲက တည်ဆောက်ထားတဲ့ သူမရဲ့ ကမ္ဘာလေးကလှပလွန်းတယ်။

သူမကို တအားချစ်ပြီး ဂရုစိုက်လွန်းတဲ့ ထိုကောင်မလေးကြောင့် သူငယ်ချင်းတွေတောင်မနာလိုနေလို့ သူမစိတ်ရှုပ်ရတာမျိုး
...

အူတိုလွန်းတဲ့ ထိုမိန်းကလေးကြောင့် စာတောင်မလုပ်နိုင်ဘဲ သူမကို ထိုင်ကြည့်နေရတဲ့ အခြေနေမျိုး....

သူ့ရင်ခွင်ထဲဝင်ချွဲပြီး ဆိုးနေရတဲ့ အခြေနေမျိုး...

ဒီလိုအခြေနေတွေ စိတ်ကူးယဥ်ရုံသက်သက်ပဲဆိုပေမယ့် ဒီအခြေနေက ဘယ်လောက်ထိ ကြည်နူးစရာကောင်းလဲဆိုတာ သူမကိုယ်တိုင်ပဲသိတယ်။ သူမအနားရောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာထက် စိတ်ကူးနဲ့ပဲ ပျော်ပါးနေတဲ့ သူမကမ္ဘာကို ဖျက်ဆီးပြီး မီးလောင် တိုက်သွင်းသူကတော့

You Are My LifeWhere stories live. Discover now