တကယ်တမ်း မကြုံတွေ့ရမချင်း အချစ်ဆိုတာ လှောင်ရီစရာ တစ်ခုခုဖြစ်ရင်ဖြစ်နေလိမ့်မယ်....Bloon into You ထဲကလိုပဲ အချစ်ဆိုတာ လူတစ်ယောက်အတွက် ဖြစ်တည်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို တကယ် ချစ်ရတဲ့သူ ကြုံလာတဲ့အခါပဲ နားလည်မှာပါ
ဒီအချစ်ဆိုတဲ့ အရာကို လူတစ်ယောက် နားလည်မိသွားခဲ့ရင်......
Seoul National Univeryရဲ့ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Chaeyoungဆိုတဲ့ သူမဟာ ကျောင်းထဲ လျှောက်သွားလိုက် အပေါင်းသင်းတွေနဲ့ လျှောက်သွားလိုက် လုပ်နေမယ့်အစား လူတစ်ယောက်နောက်ကိုပဲ စွဲစွဲမြဲမဲလိုက်နေမိတယ်
ဘာလို့ဆို သူ့ကိုမှ တစ်ရက်မတွေ့ရရင် မအိပ်နိုင် မစားနိုင်ဖြစ်နေလို့လေ သူမကို ပြန်ပြီး ဂရုစိုက်ပေမယ့်လည်း
"Hey Dutyမရှိဘူးမလား"
ဆေးရုံဝန်းထဲကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက်အနားကို ပြေးသွားရင်းပြောတော့
"ငါ့မှာ Duty ရှိရင် အထဲမှာပဲ ရှိနေဦးမှာပေါ့"
စိတ်မရှည်သလို ခပ်ပြတ်ပြတ်လောက် သူပြောလိုက်ပေမယ့် ဘယ်လိုလုပ်မလဲ အဲ့တာလေးက တအားချစ်စရာကောင်းနေတယ်
Chaeyoungတစ်ယောက် နှုတ်ခမ်းလေးကို ကိုက်ကာ ဘေးကနေ ကုတ်ကုတ် ကုတ်ကုတ်နဲ့လိုက်ရင်းပဲ
"တစ်ခုခုသွားစားကြမလား"
"ငါစားပြီးပြီ မင်းလည်း အိမ်ပြန်တော့"
ခပ်သွက်သွက် လမ်းလျှောက်နေတာမလို့ ခါးလည်လောက်ရှိတဲ့ ဆံပင်လေးတွေက ခပ်ဝဲဝဲ လှုပ်ရှားနေတဲ့အပြင် နှာတံဆင်းဆင်းလေးနဲ့ နှာခေါင်းပေါ်က မှည့်လေးက ရင်ခုန်နေစေဖို့ လုံလောက်စေပါတယ်
ရိုးရိုးရှင်းရှင်းနဲ့ သူ့ရဲ့ မျက်နှာလေးက ဘယ်တော့မှ ကြည့်လို့ မရိုးနိုင်အောင် လှပလွန်းတယ်
"Yah Minari"
သူမရဲ့ နာမည်ကို ခေါ်လိုက်တော့မှ ပဲ လှည့်ကြည့်လိုက်ပြီး
"ငါ့ကို မင်းထက် အငယ်များထင်နေလား မင်းထက် အသက် အများကြီးကြီးတယ်နော် မရိုမသေနဲ့"
YOU ARE READING
You Are My Life
RomanceTWICE MiChaeng: One short & Short Fic collection Minaနဲ့ Chaeyoungရဲ့ ကမ္ဘာငယ်လေး ဖန်ဆီးချင်ရင် ဒီမှာပဲ တင်ပေးပါမယ်😉😘