(1)💟

2.4K 56 0
                                    

ကျောင်းဆင်းချိန် မဟူရာမိုးသားများ
မာန်ဟုန်ပြင်းလျက်ပင်.. တခဏတွင်း(မျက်စိတစ်မှိတ်အတွင်း) ရွာသွန်းနေပြီ...လာကြိုသူမဲ့တဲ့ လမ်းမထက်မှာ
တစ်ကိုယ်တည်း ထီးမပါ သူတစ်ယောက်တည်း အသက်မပါတဲ့ခြေလှမ်းတွေနဲ့ အားတင်းပြီးတော့
လမ်းကိုဆက်ရှောက်နေမိတယ်။
သူဆိုတဲ့လူကတော့..ခပ်သွယ်သွယ်လေးနဲ့ချစ်ဖို့ကောင်းတဲ့ ရှောင်းကျန့်ဆိုတဲ့ကောင်လေးပါ။

သူ့ရဲ့ရင်ထဲမှာတော့ မွန်းကြပ်မှု့တွေနဲ့ပေါ့။ သူ့မိသားစုရဲ့အကြောင်းတွေကို ရွာသွန်း​နေတဲ့ မိုးရေ​ေတွနဲ့အတူဆေးကြောပစ်ချင်သည်အထိ
သူဟာစိတ်ဓာတ်ကျနေခဲ့တယ်။

'မဟုတ်ဘူး... မားကဒီလိုမလုပ်လောက်ဘူး
ငါယုံတယ်။'

ထိုဝမ်းနည်းရိပ်တို့ကို တခြားသူမမြင်အောင်သူကွယ်ဝှက်ပြီး သူ့ကိုယ်သူအားပေးနှစ်သိမ့်လျှက်ရှိတယ်။

အတွေးနယ်လွန်နေဆဲ ရုတ်တရက် တစုံတယောက် နောက်ကနေ ထီးမိုးပေး လာခဲ့သည်။

သူ့အထင်မိုးတိတ်သွားတာ​ေပါ့ ဒါပေမဲ့
မမျှော်လင့်ထားပဲသူ့ခြေလှမ်းများငြိမ်သွားပြီး
ပြန်လှည့်ကြည့်ခိုက်..သူနဲ့ရန်အမြဲဖြစ်တတ်တဲ့သူ့ကို
အမြဲတမ်းအနိုင်ကျင့်တတ်တဲ့သူဝမ်ရိပေါ် ဖြစ်နေသည်မို့ အလန့်တကြားနဲ့ မေးမိလာတယ်။

''မင်း..မင်းဝမ်ရိပေါ်..''

"မင်း ဘာကြောင့်ငါ့နောက်လိုက်လာတာလဲ ဝမ်ရိပေါ် .ဘာပြသနာထပ်ပြီး ရှာအုံးမလို့လဲ..''

''ငါ့ကိုဘယ်အထိ နှိပ်စက်ရမှ ကျေနပ်မှာလဲ
ပြောလေ။မင်းအတွက်ငါက ''
ပေါက်ကွဲလျှက်သူ

ေးလာခဲ့တယ် ''အရုပ်တစ်ရုပ်လား''

ထိုစကားအားတုန့်​ပြန်လိုက်သည့်စကားက..

"ငါလိုက်လာရတာက.
မင်းကို စိတ်မချလို့.."

သူ မျက်လုံးအပြူးသားနှင့် မှင်သက်လျှက် ''ဘာအတွက်လဲ ဖြေလေကွာ။''

''ငါ့ကိုစိတ်မချရအောင် ငါက ခလေးလေး မဟုတ်​ေတာ့ဘူး.. အရွယ်ရောက်တဲ့ လူငယ်တစ်ယောက်ဖြစ်နေပြီလေ..အရူးကောင်ဗိုလ်သရဲရ..''

To the last love🥂(Completed)Where stories live. Discover now