(10)💟

195 7 0
                                    

လအနည်းငယ်ခန့်ကြာသော်.. Drချင်းဖုန်းနဲ့အတူ ဝမ်ရိပေါ်ပါ ဘန်ကောက်သို့ရောက်နေကြသည်။ အကြောင်းမှာ ရှောင်းရဲ့ နှလုံးအစားထိုးကုသမှုအတွက်ပင်ဖြစ်သည်။

ရိပေါ်မှာတော့ စိုးရိမ်မှုအပေါင်းနှင့်သာ အကြိမ်ကြိမ် လဲပြိုနေရသူဖြစ်တယ်။

'ကိုကို
တောင့်ခံနိုင်ပါ့မလား...ခံနိုင်ရည် မရှိရင်
နာကြင်နေမှာ..ကျွန်တော်  သူ့ကို စိတ်မချနိုင်ဘူး။'

ခုလိုဖြစ်ရတာ..ရိ​ေပါ်ရဲ့ မမကြောင့်
အမှတ်မထင် supermarket မှာ ကိုကိုနဲ့မမ ဆုံခဲ့ကြတယ်။ မမက ရိပေါ်အိမ်ကထွက်သွားတာကို မလိုလားခဲ့ဘူး။ ကိုကိုကြောင့်
ပဲလို့ အပြစ်မြင်ခဲ့တာ။ ကိုကိုမရှိမှ ရိပေါ်အိမ်ပြန်လာမှာဆိုပြီး..ကိုကို့ကို ရင့်သီးတဲ့စကားတွေနဲ့ရန်ထောင်ခဲ့တာ။ ဝမ်က အသိနဲ့
အလုပ်ကိစ္စဆွေးနွေးနေတုန်းမို့ မသိလိုက်ဘူးလေ။ ပြသနာက အဲ့မှာစတတ်တာပဲ
အသိရဲ့ သားလေးက ကိုကိုနဲ့ပါသွားပေလို့ပေါ့ မဟုတ်ရင် ကိုကိုတခုခုဖြစ်ရင်တောင်
သူသိလိုက်ရမှာမဟုတ်ဘူး။

ရှောင်းကျန့် ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတုန်း ရိပေါ်ရဲ့ မမ ဝမ်ချင်းအပါအဝင် သူငယ်ချင်းတစ်စုနဲ့ပါတိုးပါလေရော။ အဲ့ချိန်မှာ ဝမ့်မိတ်ဆွေရဲ့ သားလေးက ဆိုင်ပြန်ချင်တယ်ပြောလို့..သူပြန်ပို့ဖို့ အထ သူ့တို့ထိုင်နေတဲ့စားပွဲကို အမှတ်တမဲ့ တိုက်မိသွားတာကြောင့် ရန်ဖြစ်ကြတာပဲ။

''တောင်းပန်ပါတယ်ဗျာ..  အမှတ်တမဲ့မို့
အားလုံးကို အားနာပါတယ်။..စိတ်မရှိကြပါနဲ့နော် ကလေးက လောကြီးနေလို့ခုလိုဖြစ်သွားရတာပါ။ အနူးအညွှတ်တောင်းပန်ပါတယ်။''

''ချင်း ကတော့ခွင့်မလွှတ်နိုင်ဘူး
ရှင့်ကိုလို့'' လက်ညှိုးလေး တထိုးထိုးနဲ့ ရန်စကားစပြောလေတယ်။

''ကျွန်တော် တောင်းပန်ပါတယ်ဗျာ။''

''အော် ဘယ်သူများမှတ်တယ်  ရှင်ကိုး'' မဲ့ရွဲ့တဲ့စကားသံက သြရှရှမို့ ရှောင်းကျန့် လန့်သွားမိတယ်။

''အားလုံးပဲမသိရင် ကြည့်ထား မှတ်ထားကြ သူကလေ
ငါ့မောင်လေးကို အတင်းခိုးသွားတဲ့ ပိုင်းလုံးကောင်ပဲ။''

To the last love🥂(Completed)Where stories live. Discover now