🍀 Be With You 🍂 (Unicode)

799 53 7
                                    

A/N

(ဒီ fic မှာ OC name မဖော်ပြထားပါ။
OC name မရေးထားလို့ မိမိကိုယ်ကိုခံစားပြီးဖတ်ပေးပါ။)

🎀

...
...
...

DAY_1

*******

နှင်းတစိုစိုဖြင့်ပြောင်လက်နေသော High way လမ်းပေါ်တွင် ဘတ်စ်ကားလေးတစ်စီးက တရွေ့ရွေ့ မောင်းနှင်နေရင်း။ တသိမ့်သိမ့်လှုပ်ရှားမှုနဲ့အတူ တငြိမ့်ငြိမ့်စီးမြောရင်း earphone လေးတပ်ပြီး သီချင်းနားထောင်ရတာ feel တစ်မျိုး။ ကားပေါ်ထိုင်ရင်း ငြိမ်သက်စွာ လိုက်ပါလာသော ကျွန်မ မျက်လုံးစုံမှိတ်ကာ သီချင်းလေးကို စီးမြောနေမိတယ်။ ဖွင့်ထားသော သီချင်းလေးကတော့ စိုစွတ်ငြိမ်းချမ်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်သော အဆွေးသီချင်းလေး တစ်ပုဒ်။ နာမည်ကတော့ Spring Day တဲ့။ သီချင်းလေးထဲက အသံပိုင်ရှင် တစ်ယောက်ကတော့ ကျွန်မရဲ့ နှလုံးသားကို အပိုင်စိုးမိုးထားတဲ့သူ။ Min Yoongi ဆိုတဲ့ ကောင်လေးတစ်ယောက်။ သို့ပေမယ့်လည်း ထိတွေ့ဆုပ်ကိုင်မရတဲ့သူတစ်ဦး။

🎧

눈꽃이 떨어져요
또 조금씩 멀어져요 🎼🎼🎼
보고 싶다 ... Bogoshida 🎶🎶🎶
보고 싶다 ... Bogoshida 🎶🎶🎶

ကားလေးက တဖြည်းဖြည်းနဲ့
ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်လာတော့
ဧရာဝတီ မြစ်လျဉ်ကြောထဲမှာ နေရောင်နဲ့အတူ လက်လက်ထနေတဲ့ ရေစီးကြောင်းငယ်လေးတွေက အလှအပတစ်ခုကို ဖန်တီးပေးစွမ်းနေသယောင်။ မြင်နေရတာ စိတ်ငြိမ်းချမ်းတယ်။ ရသစုံလင်တဲ့ ရုပ်ရှင်တစ်ခုကို ကြည့်ရတာထက် ပိုအဖိုးတန်နေသလို။ ခရီးသွားတဲ့အခါ ခံစားရတဲ့ ပျော်ရွှင်မှုလေးကို ဘာနဲ့မှမလဲနိုင်လောက်အောင် ကျွန်မအတွက်တော့ တကယ်တန်ဖိုးရှိလွန်းပါတယ်။

ကျွန်မတို့ဘတ်စ်ကားလေးဦးတည်နေတဲ့အရပ်ကတော့ ရန်ကုန်မြို့ပါ။ နယ်မှာနေတဲ့ကျွန်မ ရန်ကုန်ကိုလာကျောင်းတက်ရင်း ကျောင်းပိတ်ရက်တွေမှာ မွေးရပ်မြေကိုပြန်လိုက်၊ ကျောင်းတက်ရက်များတွင် ရန်ကုန်ကို ချီတက်လာလိုက်ဖြင့် ကူးကလန်ခတ်နေတာဆိုလည်း မမှားပါဘူး။ လမ်းခရီးတစ်လျှောက် မြင်နေရသမျှတွေ... လယ်ကွင်းတွေ၊ သစ်ပင်ကြီးငယ်မျိုးစုံ နဲ့ နွားလေးတွေ... ထိုအရာတွေအားလုံး မျက်လုံးထဲမှာ ရင်းနှီးနေကျဖြစ်ပေမယ့် ရိုးအီမနေ။ အရာရာအံ့ဖွယ်တွေချည်း။

Be With You [Oneshot]Where stories live. Discover now