* Unicode *
2018ခုနှစ်...
" Hyungတော်တယ် ဒီတစ်ခါ rapအပိုဒ်ကိုမဆိုဘဲ ARMYတွေဘက် မိုက်ခ်ကိုလှည့်ပေးလိုက်တာ တကယ်ကိုမိုက်တယ် ကျွန်တော်တောင်အဲ့ဒီလိုမစဉ်းစားတတ်ခဲ့ဘူး "
Backstageရောက်ရောက်ချင်း Namjoon လှမ်းပြောတဲ့စကားကြောင့် Yoongi ခပ်ရေးရေးသာပြုံးလိုက်သည်။
" ဒါအစပဲရှိသေးတယ် Namjoon "
" ဟမ် "
" ထားတော့ ... ဒါပြီးရင် **** Awardပွဲ တက်ရဦးမယ် မဟုတ်လား "
" အင်း "
" ကျန်တဲ့မန်ဘာတွေရော"
" သူတို့အဆင်သင့်ဖြစ်လောက်ပြီထင်တယ် "
" ဒီတစ်ခါဆုပေးပွဲကို မင်းယုံလား ငါတို့နိုင်မယ်လို့ "
" ယုံတယ် Hyung ကျွန်တော်တို့မှာ ARMYတွေရှိလာပြီလေ "
ချွေးသုတ်ကာ မိုက်ကို ခပ်မြန်မြန်ဖြုတ်ရင်း နောက်တစ်ပွဲတက်ဖို့ အလျင်အမြန်ပြင်နေတဲ့ Namjoonက သူ့ကိုမကြည့်ဘဲ ပြောလာသည်ဆိုရင်ဖြင့် သူခေါင်းညိတ်လိုက်သည်။ အရင်ကလောက် အခြေအနေတွေမဆိုးတော့ပေမဲ့ နောက်ပိုင်း သူတို့အဖွဲ့ဟာ နေရာရလာသည်ဆိုရင်မမှား။ သူ ထင်တာပြောရမယ်ဆိုရင် Blood Sweat Tear MVကနေစပြီး တဖြည်းဖြည်းအရှိန်အဟုန်မြင့်လာတာ Namjoonရဲ့ UN speechအပြီးမှာ ပိုအားကောင်းလာခဲ့သည်။ ဒါပေမဲ့လဲ အတိုက်အခိုက်အခက်အခဲဆိုတာကတော့ရှိစမြဲ။ အခုလဲ lip syncဆိုတဲ့ negative feedback တွေကြောင့် ARMYတွေပါ အပြောခံလာရတာမို့ ဒီပွဲမှာ သူဆိုရမဲ့အပိုင်းတွေကို တမင်သက်သက်မဆိုဘဲ မိုက်ခ်လှည့်ပေးလိုက်ခြင်းပင်။ တခြားသူအမြင်မှာတော့ hatersတွေကို ပြန်ချေပတာလို့ပြောလို့ရပေမဲ့ သူကတော့ ARMYတွေအတွက်လုပ်ခဲ့ခြင်းသာဖြစ်သည်
" မင်းတို့idolကိုယုံကြည်လိုက်စမ်းပါ နာကျင်မှုတွေကလွဲလို့ ကျန်တာမဖုံးကွယ်ထားဘူး " ဆိုတဲ့ပုံစံနဲ့။ ဒါမျိုးဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ပုံစံနဲ့ ။
YOU ARE READING
Seven To Heaven || BTS 【 Completed 】
Short Story【 COMPLETED 】 " 𝗖𝗼𝗻𝘁𝗲𝘀𝘁 𝗪𝗶𝗻𝗻𝗲𝗿 " _ Short Story * For 7th Anniversary * 4th Fiction by Epiphany 𝐀𝐥𝐥 𝐒𝐭𝐫𝐨𝐲𝐥𝐢𝐧𝐞 𝐁𝐲 @𝐄𝐩𝐢𝐩𝐡𝐚𝐧𝐲_𝐉𝐢𝐧𝐚𝐡