* Unicode *
- Seven To Heaven -
* အစ *
တချို့သောသူတွေရဲ့ ပထမဆုံးအစကို အကောင်းဆုံးအရာတွေနဲ့ တန်ဆာဆင်ထားပေမဲ့ ကျွန်တော်တို့ရဲ့ ပထမအစက မပြည့်စုံမှုနဲ့ တန်ဆာဆင်ခဲ့တယ်။ကျွန်တော်တို့ရဲ့ အစမှာ ကျွန်တော်တို့ခုနှစ်ယောက်ကလွဲပြီး ကျန်တာ ဘယ်သူမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့လဲ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း ဒီလမ်းကို ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့ကြတယ်။
*********************
2012ခုနှစ်,
In Big Hit Practice room,
" ကလေးတို့ မင်းတို့အဖြစ်ချင်ဆုံးဆန္ဒကဘာလဲ...Hyungကတော့ အမြန်ဆုံးdebutချင်ပြီ..."
Practice roomထဲခြေပစ်လက်ပစ်ထိုင်ရင်း အမောဖြေနေရာမှ Jin Hyungကထပြောလာသည်ဆိုရင်ဖြင့် သူအပါအဝင် အငယ်တွေအားလုံး Jin hyungကိုကြည့်လိုက်မိကြသည်။
" ကျွန်တော်ကောပဲ...မြန်မြန်debutချင်ပြီ... "
Tae Hyungက လှဲပြီးအမောဖြေနေရာမှ Jin hyungကို ကြည့်ပြီးပြောလိုက်သည်။
" ငါကတော့ ဘာမှ မမျှော်မှန်းထားဘူး "
ဒူးထောင်ပြီးနံရံကိုမှီထားတဲ့ Yoongi Hyung စကားကြောင့် Jiminပါယောင်ယမ်းရင်း ခေါင်းငြိမ့်လိုက်ကာ တုံ့ပြန်လိုက်သည်။
" ကျွန်တော်ရော မမျှော်မှန်းရဲသေးဘူး"
" Namjoon မင်းရော "
Jin Hyungက သူ့ကိုကြည့်ပြီးမေးလာသည်ဆိုရင်ဖြင့် သူပြုံးပြလိုက်သည်။
YOU ARE READING
Seven To Heaven || BTS 【 Completed 】
Historia Corta【 COMPLETED 】 " 𝗖𝗼𝗻𝘁𝗲𝘀𝘁 𝗪𝗶𝗻𝗻𝗲𝗿 " _ Short Story * For 7th Anniversary * 4th Fiction by Epiphany 𝐀𝐥𝐥 𝐒𝐭𝐫𝐨𝐲𝐥𝐢𝐧𝐞 𝐁𝐲 @𝐄𝐩𝐢𝐩𝐡𝐚𝐧𝐲_𝐉𝐢𝐧𝐚𝐡