2012ခုနှစ်
နှင်းနှင်းဆိုသော ကောင်မလေးတယောက်ရန်ကုန်သိုကျောင်းပြောင်းလာခ့ဲတယ် သူ့အဖေဆုံးတော့သူမအမေကလည်း သူ့ခင်ပွန်းခေါင်းချတ့ဲနေရာမှာမနေချင်တော့တာရော အမျိုးတွေန့ဲအဆင်မပြေတာရောကြောင့် သူတို့သားမိနှစ်ယောက်ရန်ကုန်ကအဘွားအိမ်မှာလာနေကြတယ်
အ့ဲအချိန်မှာ သူမက၅တန်းပဲရှိသေးတယ်
သူ့ကိုအိမ်န့ဲနီးတ့ဲအလယ်တန်းကျောင်းလေးမှာဘဲထားခ့ဲတယ်
ကျောင်းစတတ်တ့ဲနေ့မှာသူမကောင်မလေးတယောက်ကိုတွေ့လိုက်တယ် ဆုဆုတ့ဲ သူန့ဲအခန်းတူတူပဲ
သူတွေးမိတာက "ချောလိုက်တာ ချစ်စရာလေး အားကျလိုက်တာ ငါန့ဲများတခြားစီ"
သူမကအသားညိုညို အရပ်က ဂလန်ဂလား
အ့ဲကောင်မလေးကတော့ဖြူဖြူ
သူအ့ဲကောင်မလေးန့ဲခင်ချင်သွားတယ် ဒါပေမယ်သူမပြောရဲဘူး
နောက်ကြာလာတော့ခင်သွားကြပါတယ်
သူမစိတ်ထဲမှာအ့ဲကောင်မလေးကိုမြင်ရရင်လေ အေးချမ်းသွားသလိုပဲ
နောင်နှစ်တေရောက်တော့လည်းသူန့ဲအခန်းတူပြန်တယ်
၇တန်းနှစ်မှာသူမသိလိုက်ရတာက
သူမကဆုဆုကိုကြိုက်နေခ့ဲတယ်ဆိုတာပါပဲ
သူမအသက်ငယ်သေးပေမယ့် သူမဆုဆုကိုတကယ်ကြိုက်ခ့ဲတယ်
သူမကိုဆိုအမြဲအလျှော့ပေးချင်မိတယ် သူငယ်ချင်းအချင်းချင်းဆိုပေမယ့် ကိုယ့်ဘက်ကသဘောမရိုးခ့ဲတော့ သူမလက်ကလေးကိုတောင်မကို်င်ခ့ဲဖူးဘူး
သူမကိုသဘောကျတာတွေကလည်းတနှစ်ထက်တနှစ်တိုးလာပြန်တယ် သူမကကိုယ့်ထက်အဆင့်ကောင်းပြီးကိုယ်ကသူမထက်အဆင့်မကောင်းရင်တောင်မှဘဲနှင်းနှင်းဆိုသောကျမက သူမအတွက်ပျော်နေမိတယ်
သူမခံစားချက်တေကိုဖုံးထားခ့ဲတယ် ဆုဆုမသိအောင်ပေါ့
သူမရ့ဲအခင်ဆုံးသူငယ်ချင်းအေးမြကိုပဲပြောပြဖြစ်ခဲ့တယ်
၉တန်းရောက်တော့အိမ်ကprivateကျောင်းကိုပြောင်းပေးခ့ဲတယ် သူမတအားကိုပဲဝမ်းနည်းခ့ဲတယ် ဆုဆုကိုခွဲရပြီလေ
ဒါပေမယ့် ကံကြမ္မာက သူမဘက်ပါတယ်ထင်ပါရ့ဲ
ဆုဆုလည်း သူတက်တ့ဲprivateကျောင်းကိုပဲပြောင်းလာခ့ဲတယ်
ဆုဆုသာမသိတာ ကျောင်းအသစ်ကလူတွေတောင်
ကိုယ့်ခံစားချက်ကိုရိပ်မိကြတယ် တချို့ကလည်းမေးတယ် နှင်းနှင်းတ့ဲ နင်ဆုဆုကိုကြိုက်နေတာမလားတ့ဲ
သူမဘာမှပြန်မဖြေပဲရီပဲရီပြခ့ဲတယ်
နောက်မကြာပါဘူး ဆုဆုကသိသွားခ့ဲတယ်
သူ့ခံစားချက်တွေကို သူမကိုလည်းဆုဆုကရှောင်လာတယ်
သူမလည်းဝမ်းနည်းခ့ဲတယ် တလလောက် ဆုဆုန့ဲစကားမပြောပဲနေခ့ဲတယ်
ကိုယ််ကလည်းမနေနိုင်သူကြီးဆိုတော့ ကိုယ့်ဘက်ကပဲစကားစခ့ဲရတယ်
"ဆုဆု နင်သိသွားတယ်ဆို"
"ဘာကိုလဲ"
"ငါနင့်ကိုကြိုက်နေတယ်ဆိုတာ"
"အေး"
"နင်အနေခက်လား ငါန့ဲနေရတာ"
"မခက်ပါဘူး သူများတွေလိုက်စနေတာကိုပဲအနေခက်တာ"
"ငါလေcrushအသစ်တွေ့နေပီ နင့်ကိုမကြိုက်တော့ဘူးနော်"ဆိုပြီးသူမညာခ့ဲရတယ်
ဆုဆုအနေမခက်ရအောင်
စနေတ့ဲသူတွေကိုလည်းသွားပြောခ့ဲတယ်
နင်တို့မစန့ဲတော့ငါသူ့ကိုမကြိုက်ဖူးလို့လေ
နောက်တော့ကောင်မလေးတစ်ယောကကကိုယ့်ကိုကြိုက်တယ်လိူ့ပြောခ့ဲတယ် သူမငြင်းခ့ဲပါတယ်
"မိုးငါနင့်ကိုမကြိုက်ဘူး ငါမိန်းကလေးတိုင်းကိုမကြိုက်ဘူး"
"နင်ဆုဆုကိုတော့ကြိုက်ပြီးတော့နှင်းရယ်အာ့ဆိုနင်ကဘာလဲ နင် lesbian လိုလိုbisexualလိုလိုန့ဲနင်ကဘာလဲ"
"နင်ထင်ချင်သလိုထင် ငါမိန်းကလေးမကြိုက်ဘူး"
"အာ့ဆိုဆုဆုကဘာလဲ သူလည်းမိန်းကလေးပဲလေ"
"အေးဟုတ်တယ်ဆုဆုကမိန်းကလေး pတော့နင်သိလားငါသူ့ကိုပဲချစ်တာ ငါတခြားဘယ်မိန်းကလေးကိုမှမကြိုက်ဘူး ကြိုက်လို့လဲမရခ့ဲဘူး ငါထင်တာငါဆုဆုကိုကြိုက်တော့ငါကိုယ်ငါဘာလဲဆိုတာသိချင်လို့အဖြေရှာခ့ဲ တယ် ငါlesbianလည်းမဟုတ်ဘူး bisexualလည်းမဟုတ်ခ့ဲဘူး ငါသိခ့ဲတာ ငါကဆုဆုဆိုတ့ဲတယောက်ကလွဲရင်ဘယ်သူ့ကိုမှမချစ်ခ့ဲဘူးဆိုတာပဲ"သူမအ့ဲကောင်မလေးကိုသေချာရှင်းပြပြီးတော့ငြင်းလိုက်ပါတယိ
ဆုဆုရှေ့ရောက်ရင်တော့သူမမှာဟန်ဆောင်pပြောရတာအမော "ဆုဆုရေ ဟိုကောင်လေးချောတယ်နော် ဟိုကောင်မလေးချောတယ်နော်ဆိုပြီး"ပြောသာပြောရပါတယ်ဆုဆုလောက်တောင်ချစ်ဖို့မကောင်းကြဘူး
ဆုဆုကအ့ဲလိုချောpချစ်ဖို့ကောင်းနေတော့ သူမစိတ်မချဘူး
ဆုဆုကိုကြိုက်တယ့်သူကခပ်များများရယ် ဒီလိုန့ဲပဲကျောင်းတွေပြီးသွားတယ် ဆုဆုထင်ခ့ဲတာတော့ကသူမကသူ့ကိုမကြိုက်တော့ဘူးလို့ပဲလေ
တကယ်ကအ့ဲလိုမဟုတ်ခ့ဲဘူး သူမဆုဆုကိုချစ်ခ့ဲပါတယ်
နောက်တက္ကသိုလ်တွေတက် ဘွဲ့တွေရပြီးအလုပ်ဝင်တ့ဲအချိန်ထိသူမဆုဆုဆီကအဆက်အသွယ်မရခ့ဲဘူး
နောက်ပြန်တွေ့တ့ဲအချိန်မှာ သူမကအိမ်ထောင်တောင်ကျသွားpတ့ဲလေ သူကတောင်မေးသေးတယ် နှင်းနှင်းနင်ရော ချစ်ရတ့ဲသူရှိနေပီလားတ့ဲ
ဪ သူဘယ်လိုတောင်မေးရက်တာလဲနော်
အ့ဲနေ့ကစပြီးနောက်ပိုင်းဆုဆုန့ဲပြန်တွေ့ခ့ဲတယ်
သူမဘေးမှာပဲသူငယ်ချင်းကောင်းတယောက်အနေန့ဲပဲပေါ့
သူမကတော့အမြဲတမ်းမေးတယ် "နှင်းနှင်းရေ နင်အပျိုကြီးပဲလုပ်ေနေတော့မှာလားတ့ဲ"
ပြန်ဖြေလိုက်ပါတယ်"အရမ်းချစ်ရတ့ဲသူရှိတာမို့
အပျိုကြီးလုပ်ရလည်းဖြစ်တယ်လို့"
နှစ်တွေကြာလာတယ် သူမကတော့သားသမီးတွေန့ဲ ကျမကတော့တယောက်တည်းပဲ
ကျမပြောလိုက်ချင်ပါတယ် ဆုဆုရယ်ငါနင့်ကိုတအားချစ်တာပဲလို
ပွင့်ပွင့်လင်းလင်းပြောလိုက်ချင်ပေမယ့်လေ
ကျမရ့ဲငတုံးမလေးကလည်း ခုထက်ထိမသိသလို
ရိပ်လည်းမရိပ်မိခ့ဲပါဘူး
ကျမကတော့ကျန်ရစ်ကြီးဖြစ်ရင်းန့ဲပဲ.......
YOU ARE READING
သူမ မသိခဲ့သော
Historia Cortaone shotလေးပါ ခုမှစရေးတာမို့အမှားရှိရင်ထောက်ပြပေးပါ ဂိုမားဆွန်းမီးသား😅😅