part 1

23 0 0
                                    

ရွှယ်ဟွာ ..... ဖေးရန်ရဲ့ ပန်းချီပြပွဲသွားမှာမှတ်လား

အင်း.... သွားကြမယ်လေ ငါလည်းအဲ့လိုပွဲတွေ တခါမှမသွားဖူးဘူးဟ နင်ရော

ငါလည်းသွားချင်တယ် ဒါမဲ့ မသေချာသေးပါဘူးဟယ် အဲ့နေ့ အတန်းကရှိသေး‌တယ်

အေးပါ သွားရင်ဖုန်းဆက်လိုက်လေ အဲ့မှာဆုံကြတာပေါ့ ငါအတန်းသွားတော့မယ် တာ့တာ နောက်မှတွေ့တာပေါ့

.........။..........

***ပေကျင်းပန်းချီပြပွဲတခုတွင်***

‌ဖေးရန် congratulations ရော့ နင့်အတွက်ပန်းစည်း

ရှဲရှဲ ရွှယ်ဟွာ
နင်မလာသေးလို့စောင့်နေတာ

ဆောရီးဟာ လမ်းမှာ ကားပိတ်နေလို့ဟ

ရပါတယ် ရွှယ်ဟွာရယ်
အခုလိုလာပေးတာပဲကျေးဇူးတင်ပါတယ်
လာ ငါပန်းချီကားတွေလိုက်ပြမယ်

အင်း ငါလည်း ပန်းချီဆရာမကြီးရဲ့လက်ရာလှလှတွေကြည့်ချင်နေပါပြီ

ကဲပါ မြှောက်မနေနဲ့တော့
ဒါငါဆွဲထားတဲ့ပုံတွေဟ ဘယ်လိုလဲ

ဝါး..... မိုက်တယ်ဟ တကယ်လှတယ်
လက်ရာတော်တော်ကောင်းတာပဲ

ဟားဟား နင်က ပန်းချီအကြောင်းနားလည်လို့လား လက်ရာကောင်းတယ်ပြောရအောင်

ဟီး မသိတော့မသိဘူးလေ ဒါမဲ့ကြည့်ရတာတော့တော်တော်လှတယ်
နင်ဆွဲတကယ်တော်တယ် မြှောက်ပြောတာမဟုတ်ဘူး ငါဆို ဝလုံးတောင် ဝိုင်းအောင်မဆွဲတတ်ဘူး

ဖေးရန်...... တစ်ဖက်မှ လှမ်းခေါ်သံ

ငါ့ကိုခေါ်နေလို့ ခနနော် နင်လိုက်ကြည့်ထားလိုက်

ရတယ်ဖေးရန် နင်လုပ်စရာရှိတာလုပ် ငါဘာသာလိုက်ကြည့်နေမယ်

အိုကေ ရွှယ်ဟွာ ငါသွားလိုက်အုံးမယ်

ရွှယ်ဟွာတစ်ယောက် ပန်းချီပြခန်းကို လျှောက်ကြည့်ရင်း
ပန်းချီကားတစ်ချပ်ရှေ့၌ ရပ်ကြည့်နေမိသည်။

သူ့နှင့်အတူ ထိုပန်းချီကားကို ရပ်ကြည့်နေမိသူ ဦးထုတ်ကိုငိုက်ဆောင်းထားတဲ့ အရပ်ရှည်ရှည်နဲ့ ကောင်လေးတစ်ဦး ရှိနေသည်ကို သတိမထားမိ...။

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 15, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Another Love of Love (ချစ်ခြင်း၏နောက်ထပ်ချစ်ခြင်းမေတ္တာ)Donde viven las historias. Descúbrelo ahora