Beginning:Met U

290 10 3
                                    

Zawgyi
Dark Blade : Met U
Beginning 🌹

သူ့ကိုစတွေ့ တဲ့အချိန်ကို အခုထိမှတ်မိနေတုန်းပဲ။

သူ့ရဲ့လက်တွေတုန်ရီနေသည်။အေးစက်မှောင်မိုက်နေတဲ့ကြမ်းပြင် ပေါ်မှာ သူလဲလှောင်းနေခဲ့သည်။

တစ်ကိုယ်လုံးအပြည့် သွေးစရဲရဲတွေ နှင့်။

အဖြူရောင်ဂန္ဓ၀င် ပွင့်ဖက်လို လှပပါ၏ ဆိုသည့် သူ့ရဲ့ မျက်နှာလေး ကခုတော့ ကြောက်ရွံတုန်လှုပ်မှုတွေ နဲ့ပြည့်နှက်နေသည်။

သိုည က ပြန့်ကျဲနေသော မဟူရာဆံနွယ်တွေ က မြေအောက်ငရဲစခန်း တစ်ခုလုံး လွှမ်းခြုံလို့ထား ခဲ့သည်။

----

ကောင်လေးသည် သူ့ရှေ့မှာ ရပ်ပြီး စိုက်ကြည့်နေသည့်သေခြင်းတရားကို ပြန်ရပ်ကြည့်နေ လိုက်သည်။ တစ်ပိုင်းတစ်စ ပြဲနေတဲ့ ၀တ်ရုံရှည်ကို ခါးစည်းထားပြီး စစ်ဝတ်ရုံအမဲနှင့် ကောင်လေးဟာ သူရဲ့ နှုတ်ခမ်းတွေကို တွန့်ချိုးပြီး မဆိုစလောက်လေးပြုံးနေလိုက်သည်။အချိနိအတနိ ကြာသွားသည် အထိ သူ့၏ မျက်လုံးစိမ်း တွေက မလှုပ်မယှက် စိုက်ကြည့်နေလာခဲ့သည်။

"ကောင်းပြီ လုပ်ကြံကောင်လေး ဒီလောက်အကြာကြီး ကြမိးပြင်နဲ့ ဖင်ကို မထိပင် ရပ်နေနိုင်တာ အံ့ ဩပါတယ်။"

ကောင်လေးက နှာတစ်ချက် ရှုံလိုက်ပြီး သေမင်းကို ချက်ချင်းအကြည့်လွှဲလိုက်သည်။

သူ့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုသာ မနာကျငိနေရင် သေမင်းရဲ့ အရိုးတွေ ချိုးပစ်လို့ရနေဦးမည်။

အခုတော့ဒီအတိုင်း ဟားတိုက်ခံရရုံမျှသာ

"မင်းဘယ်သူလဲ၊ဘယ်လိုကောင်လဲ"
ကောင်လေးက နာနေတဲ့လက်မောင်းတစ်ဖက်ကို ဖိကာ အံ့ ကြိတ်ရင်းမေးလိုက်သည်။

သေမင်း၏ ငေါငေါထွက်နေသည့်လက်ချောင်းများသည် ပိုးသားရောင်တစ်ချောင်းထဲကျစ်ထားသည့် ဆံပင်အချောင်းများကို အနောက်ကျောဘက်မှ ပုတ်ထုတ်လိုက်ဆွဲဆောင့်လိုက်ဖြင့် ဆော့ကစားနေသည်။ ကောင်လေး၏မေးစေ့အား ပန်းပွင့်တစ်ပွင့်အား ဆွတ်ခူးသလို အသာအယာဆွဲယူလိုက်ပြီး သူ၏ ရင်ခွင်နှင့်အနီးဆုံး ဖြစ်အောင်ဖန်တီးပစ်လိုက်သည်။

Dark BladeWhere stories live. Discover now