TWO

1.7K 206 23
                                    

[Unicode]

စာရေးစားပွဲခုံကို ကျောထောက်ထားပြီး
လက်ဖြင့်မေးစေ့အားပွတ်ကာ ဂျောင်ကုမှီရပ်နေသည်။ သူ့ပုံသဏ္ဍာန်ကား ရုပ်ရှင်ထဲမှစုံထောက်ဇာတ်ကောင်တစ်ယောက်အလား။ မျက်ရိုးနှစ်ဖက်လုံးကိုကွေးညွတ်ထားသည့်အတွက် ယင်းဇာတ်ကောင်အတိုင်း ပီပြင်လှပါသည်။

သူ့ဘေးရှိ ထိုင်ခုံပေါ်တွင်ထိုင်နေသော ထယ်ယောင်းဖြစ်သူမှာ မွေ့ရာပေါ်တွင် သတိမေ့နေသောကောင်ငယ်လေးကိုသာ စိုက်ကြည့်နေသည်။ စိတ်ထဲဗလာကျဉ်းနေသည်မှာ မျက်နှာပေါ်,ပေါ်သည်။

" အဲ့ဒါဆို သူကအခန်းရှေ့မှာလဲနေတာပေါ့ "

" အင်း "

ကုတင်ပေါ်ရှိကောင်လေးအားမေးငေ့ပြပြီး ဂျောင်ကုသည် ထယ်ယောင်းကိုမေးသည်။ ၎င်းမေးခွန်းတွေချည်းထပ်နေသော်လည်း ဂျောင်ကုရဲ့စူးစမ်းမှုမရပ်သေးပါ။ သူ့ကိုယ်သူ ရှားလော့ဟုမ်းအဖြစ် မုသွင်းထားပုံ။ ဒါပေမယ့် ရှားလော့ဟုမ်းလိုတော့သဲလွန်စတစ်စွန်းတစမျှ မဖော်ထုတ်နိုင်သေး။ ကွာလတီ ပီဘိညံ့လွန်းတယ်။

ဆိုးလ်ရောက်တည်းက တစ်စက်ကလေးမှမအိပ်ရသေးသော ထယ်ယောင်းမှာမူ မျက်ခွံတွေလည်းလေး၊ စိတ်တွေလည်းလေးနေသည်။ စိတ်ဖိစီးတာရော၊ မအိပ်ရသေးတာကိုပါပေါင်းလိုက်ပေမယ့် လူရုပ်ထွက်သေးသည်။ ဒါ နဂိုရှိတော့သိပ်ပြီးစိတ်ပူစရာမလို။

မနက် ၆ ခွဲလောက်ကြီး အထုပ်အပိုးတွေဖြင့် ရောက်ချလာသော ဂျောင်ကုသည် သူ့အားမေးခွန်းတွေ ဒလဟောမေးနေသည်မှာ နာရီဝက်လောက်ရှိနေပြီဖြစ်သည်။ ဖုန်တတ်နေသော မီးဖိုချောင်ပေါ်တွင် ထယ်ယောင်းစားဖို့ရန် ဝယ်လာသော အထုပ်တွေသည် နေရာမရွေ့သေး။

တစ်ခန်းတည်းရှိသောအိပ်ခန်းထဲတွင် စုနေသည့်သူတို့ညီအစ်ကိုနှစ်ယောက်ရယ်၊ သတိမရသေးသော ကောင်လေးရယ်သာ ရှိနေသည်။

" အဲ့တာများ ဆေးရုံပို့လိုက်ပါ့လား? ဟျောင်းမို့လို့ ဒီထဲခေါ်လာရတယ် "

" Jeon JungKook! ခေါင်းလေးဘာလေးစိုက် ဆေးရုံပို့တယ်ပဲထားဦး။ နောက်ဆက်တွဲဖြစ်လာမှာတွေအကုန် ငါ့ခေါင်းပေါ်ကိုပုံကျလာမှာ။ လူနာရှင်ဆိုပြီး ကိုယ်စား၀င်မခံ‌ပေးနိုင်ဘူး! မင်းဒီမေးခွန်းတွေမေးနေတာများပြီ နောက်တစ်ခွန်းထပ်ဟရင် ငါမင်းလျှာကိုဖြတ်ပစ်မယ်။ တကယ်လုပ်ပစ်မှာနော် ဟေ့ကောင် "

EMBRACE ME TIGHTLY || TAEJINWhere stories live. Discover now