ဝေးခဲ့ရသောအိမ်ပြန်ချိန် (Unicode)

237 12 0
                                    

ဝေးခဲ့ရသောအိမ်ပြန်ချိန်

ငါယာထဲမှာနေရတာ စပါးငါးခါပေါ်ချိန်
တောင်ရှိခဲ့ပြီလေ။
ငါနဲ့လာတဲ့အဖော်တွေ အိမ်ပြန်ကုန်ကြပြီ။
ငါဘာလို့ပြန်ခွင့်မရှိတာလဲ သခင်ကပြောတယ်။
မင်းသခင်ဟောင်းရဲ့အကြွေးကိုအကြေဆပ်ရမယ်
တဲ့။

ငါ့ကျောပေါ်မှာ လေးလံလှတဲ့ ထွန်တုံးကြီးကို
ထမ်းထားရတာတစ်နေ့တောင်ကုန်တော့မယ်။
ရွံ့နွံတွေကနင်းရခက်လို့သွားရတာပင်ပန်းလိုက်
တာ။
မောလို့နားရင်လည်း ကြိမ်စိမ်းကကျောပေါ်ကို
ကျသေးတယ်။
ငါကလည်း ထွန်ယက်ပေးရတယ် ငါမောလို့တန့်
နေတဲ့အခါ သခင်က ငါ့ကိုဆဲဆိုပြန်တယ်။

တောင်စွယ်မှာနေကွယ်လုပြီ။ပြန်ဖို့အတွက်အချိန်တန်ပြီ။
နေပါဦး ။
စောပါသေးတယ်။
နေကျမှပြန်ကြတာပေါ့။
လွမ်းလိုက်တာ ဘယ်အချိန်မှ အိမ်ကိုပြန်ရမှာလဲ?
အော်...ဟိုမှာ အလုပ်ရှင်အချက်ပေးနေပြီ။
ငါအိမ်ပြန်ရတော့မယ်။
ဟာ.....ဒါပေမယ့် သိပ်မှောင်နေပြီ။
သွားပြီ... ဒီညလည်း ငါ အိမ်ပြန်ရတော့မှာ
မဟုတ်ဘူး။
လယ်ရိုးမှာဖျင်ထိုးရင်း ချက်ပြုတ်စားသောက်နေကြတဲ့ လူတစ်ချိူ့က
ငါ့ကိုဖြုတ်တွေခြင်တွေ အကိုက်သက်သာအောင်
မီးထည့်ပေးထားကြတယ်။

အာလားလား!!! များလိုက်တဲ့ဖြုတ်တွေပါလား
မွှားတွေကလည်း ယားပါဘိ။ အမြှီးနဲ့ဟိုရမ်းဒီရမ်း လုပ်နေပေမယ့် မရပါဘူး။
ခဏကြာတော့ သခင်ရောက်လာတယ်
ငါ့ကျောကိုပွတ်သပ်ပေးပြီး မွှားတွေကို
ရှာပေးတယ်။

အိုး....ပေါ့သွားတာပဲ။ သခင်ရယ်...မီးနဲနဲထပ်ထည့်ပေးပါအုန်း။
ဒီမှာ ကောက်ရိုးတွေလည်းကုန်တော့မယ်။

ငါနဲ့အတူထွန်ယက်တဲ့ကောင်ကအငယ်လေးရယ်
ဒီကောင်ကူလို့လည်း ငါနည်းနည်းသက်သာတာ။
နို့မို့ဆို တစ်ယောက်ထဲနဲ့ မလွယ်ဘူး။

သူ့ကိုစကားနည်းနည်းတောင်မပြောရသေးဘူး။

"ဟေ့ ချာတိတ်"

ငါလှမ်းခေါ်လိုက်တော့ သူခေါင်းထောင်လာတယ်။
အလို! သနားစရာမျက်ရည်တွေဝဲလို့ပါလား။
သူ့ကြည့်ရတာ၄၊၅ နှစ်သားပဲရှိပုံရတယ်။
ဒါပေမယ့်သူ့ကိုယ်ထည်ကအတော်ထွားသဗျ။
အင်းလေ ဒါကြောင့်လည်း စောစောစီးစီးလယ်
ထွန်ရရှာတာပေါ့။

"ဟေ့ ချာတိတ် မင်းအသက်ဘယ်လောက်ရှိပြီလဲ"

ထိုနွားငယ်ကပြန်မော့ကြည့်ရင်းဖြေရှာသည်။

"ကျွန်တော့်အသက် ဒီနှစ်စပါးပေါ်ချိန်ဆို ၆ နှစ်
ရှိပါပြီ။"

အံမယ်..မဆိုးဘူး ငါခန့်မှန်းတော်သားပဲ။
နောက်ပြီး ဒီကောင်ကသေချာကြည့်တော့ချော
သဟ။ငါငယ်ငယ်တုန်းကအတိုင်းပဲ။

"အိမ်ကိုသိပ်လွမ်းနေသလားချာတိတ်ရ။"

"ဟုတ်ကဲ့ ။အခုရွာမှာဆိုနွားအလှပြိုင်ပွဲလည်းလုပ်နေ
လောက်ပြီ။"

အင်း....ဒီအချိန်ဆို တို့ရွာမှာလည်းနွားအလှပြိုင်
ပွဲကျင်းပနေလောက်ပြီပဲ။

"နောက်ပြီး ကျွန်တော့်အမေ့ကိုလည်းလွမ်းတယ်ဗျာ။"

"အော်...သနားစရာပါလား။ ဒါနဲ့မင်းအမေက
ဘာအရောင်တုန်း။"

"အဖြူညိုကွက်ကြားပါ ကိုယ်ထည်ကဖြူ ပြီး တင်
တစ်ခြမ်းကညိုတယ်။ကျွန်တော်အဖေ့ကိုတော့
မတွေ့ဖူးဘူးဗျာ။"

ကျူပ်ရင်ထဲ နင့်ကတည်းခံစားလိုက်ရတယ်။ဒီ
နွားငယ်နဲ့ကျူပ်ကြားမှာမမြင်နိုင်တဲ့ကြိုးတွေရှိနေ
သလိုလိုပဲ။

"ဟင်!!!ဒါဆိုမင်းကငါ့သားလားပဲ။မှန်းစမ်း မင်း
ရဲ့ညာဖက်နားရွက်နားမှာ အညိုကွက်ရှိလား။"

"ဟာ..ဟုတ်လိုက်လေခြင်း ဝမ်းသာလိုက်တာ
သားရာ။အဖေအလွမ်းပြေရပါပြီ။မင်းအမေကော
ဘယ်လို​လဲ။"

သားငယ်မှာ မျက်ရည်စက်လက်နှင့်
ကျွနိုပ်နဲ့လည်ကိုယှက်ရင်း...

"ကောင်းပါတယ်အဖေ။သူအခုဆိုညီမလေးတစ်
ကောင်တောင်မွေးထားပြီးပြီဗျ။"

"အော်...သူ့တောင်အသစ်တွေ့သွားပြီကိုး။"

ဇရာအိုတဲ့ ငါနွားအိုမှာတော့ ဟော့သည်
ယာခင်းထဲမှာ ဘယ်နှနှစ်ထိ ကျွန်ခံရအုန်းမလဲ
နော်?

အို.... မိဖြူရေ မင်းပျော်နေမယ်ဆိုရင်
ကိုယ်ကျေနပ်ပါပြီကွာ။

"ကဲသားရေ..မင်းဒီကိုဘယ်လိုရောက်လာတာ
လဲ ရှင်းပြပါအုန်း"

"ကျွန်တော်သိတာကတော့ ယာခင်းပိုင်ရှင်ဟာ
သခင့်ကို အပြာစက္ကူ ၁၀အုပ်ပေးပြီး ကျွန်တော့်ကို ဒီခေါ်လာခဲ့တာပဲ အဖေရေ..."

"အော်....ငါ့သား မင်းနဲ့ငါ အခုဘဝတူတွေပါလား။"

"ကဲသားရေ..မင်းဒီကိုရောက်လာမှတော့ ဝဋ်ရှိ
လို့ ခံရတယ်သာမှတ်လိုက်ပါ။ အဖေကတော့
အိမ်ပြန်ချိန်ရောက်မလာတာကို သဘောပေါက်သွားပါပြီကွာ.....။"

ပြီး

24012014-01091016-21032020

I was still a child when I wrote this.
Now I feel like I'm that cow:")

မမြင်ရသောကံကောင်းခြင်း၏လက်ရာများWo Geschichten leben. Entdecke jetzt