A small gift

715 122 2
                                    

ဖခင်​အများစုကသူတို့ရဲ့သားဦးကို ​ယောက်ျား​လေးဖြစ်​​စေလိုကြတယ်​။ဖေ​ဖေဟာလည်းအဲ့အတိုင်းပဲ သား​ယောက်ျား​လေးကိုအလိုရှိခဲ့ပါသတဲ့။
ကျွန်​မရဲ့မျက်​နှာကိုသူမြင်​ရတုန်းက ကျွန်​မရဲ့လိင်​အင်္ဂါဟာသူ့ကိုစိတ်​ပျက်​​စေခဲ့မှာပဲ။ ကျွန်​မကသူလိုချင်​တဲ့သူအားကိုးရမယ့်​ ​သားတစ်​​ယောက်​မဖြစ်​နိုင်​ခဲ့လို့။

သူများသမီးငယ်​​လေး​တွေဆံပင်​ရှည်​ထား ဂါဝန်​ဝတ်
ပြီးဘိုမရုပ်​​လေး​တွေနဲ့ကစား​နေတဲ့​တဲ့အချိန်​မှာ
ကျွန်​မက​တော့ ဆံပင်​တိုတို​ဘောင်းဘီတိုရှပ်​အင်္ကျီဝတ်​ပြီး စစ်​တိုက်​​နေ​လေရဲ့။

ဟိုတစ်​​နေ့က မီးမီးဝတ်​လာတဲ့ ဇာဂါဝန်​အနီရဲရဲ​လေးကသိပ်​လှတယ်​။ ဖိနပ်​​လေးနဲ့​ခေါင်း​ပေါ်ကဘီးကုတ်​​လေးကလည်း အနီ​ရောင်​​လေးပဲ။

ကောင်​မစုတ်​​လေးက​ရွှေပြည်​နန်းလိမ်းပြီးနှုတ်​ခမ်းနီ​တောင်​ဆိုးထား​သေးတာ။

မေ​မေ့မှန်​တင်​ခုံ​ရှေ့ကထိုင်​ခုံမှာ မတ်​တပ်​ရပ်​ပြီး နှုတ်​ခမ်းနီိ​ထောင့်​ကိုအားပါပါဖွင့်​လိုက်​တယ်​။ လက်​မထိန်းနိုင်​လို့ နှုတ်​ခမ်းနီကအဖုံးနဲ့ခြစ်​မိပြီး အ​ပေါ်ပိုင်းပြတ်​ထွက်​သွားတယ်​။ ​မေ​မေဆိုးသလို နှုတ်​ခမ်းနီကိုနှုတ်​ခမ်း​ပေါ်ဖိဆိုးလိုက်​တယ်​။
မ​သေသပ်​တဲ့လက်​ရာ​ကြောင့်​ နှုတ်​ခမ်းတစ်​ခုလုံး​ပေပွပြီး နှုတ်​ခမ်းနီ​ထောင့်​ဟာလည်း ကြမ်းခင်း​ပေါ်ပြတ်​ကျသွားပြန်​တယ်​။

လေး​ထောင့်​ခြင်းထဲမှာ ထည့်​ထားတဲ့အမည်း​ရောင်​အ​ချောင်း​လေးကိုထပ်​ယူတယ်​။ အားစိုက်​ပြီးဖွင့်​ထုတ်​လိုက်​တယ်​။ ဒီတစ်​ခုက​တော့အဆင်​​ပြေတယ်​ ဘာမှမှမဖြစ်​ဘူး။ မျက်​ခုံး​တစ်​ဖက်​တစ်​ချက်​စီ ​ကွေး​ကွေး​လေးဖြစ်​​အောင်​ဆွဲလိုက်​တယ်​။ အနံ့ပြင်းပြင်း မျက်​နှာ​ချေဗူးကို ယူဖွင့်​လိုက်​ပြန်​​တော့ ​ပေါင်​ဒါမုန့်​​တွေက ​ဖွေးခနဲ ဖွာကျလာတယ်​။ ကိစ္စမရှိဘူး ​ဖော့တုံးကိုယူပြီး မျက်​နှာကိုပုတ်​လိုက်​တယ်​။

မမြင်ရသောကံကောင်းခြင်း၏လက်ရာများDonde viven las historias. Descúbrelo ahora