"အော်...ဘယ်သူများလို့....ဘေဘီကိုး"
"ဖြီး!!"
သောက်လက်စတွေ အကုန် နှာခေါင်းထဲက ပြန်ထွက်ကုန်သလို ထယ်ယောင်းမှာလည်း မနည်း ဟန်မပျက်အောင် ထိန်းထားရတဲ့ပုံ။ ဘယ်လိုပုံနဲ့ ထွက်လာတာတုန်း! ဧည့်သည်တွေရှေ့မှာ အင်္ကျီလေးတော့ ဝတ်ပါဦး! အာ...တကယ်ဘဲ သဘက်ကို တကယ် ဖုံးရုံလောက်လေး ပတ်လာတာဘဲ..
တုန်တုန်ရီရီနဲ့ သူ့ လက်မောင်းကို ကိုင်ပြီး ထယ်ယောင်းက ထစ်ငေါ့စွာ တစ်ခွန်းတည်းပြောပြီး လစ်တော့သည်။
"ငါ..ငါပြန်တော့မယ် ဂျီမင်း..."
"ထယ်...ထယ်ယောင်း!"
ကားစက်နှိုးသံပါ ကြားရတာမလို့ သူ စိတ်ထဲကနေ ကျိန်ဆဲပစ်လိုကိသည်။ မထူးဘူးကွာ ဒီအထိ ရောက်လာပြီးမှတော့...
"ပါးပါး ပေးခိုင်းလိုက်တာ ရှိလို့ ရော့"
ဆူဆူအောင့်အောင့်နဲ့ အထုတ်တွေကို လက်ထဲ ထိုးထည့်ပေးသော ကောင်လေးကို ကြည့်ပြီး သူ ခနဲ့ပြုံးလိုင်သည်။ သေချာတာကတော့ ဒီဂျစ်တူးလေးဟာ mr.park ရဲ့သား ပက်ခ်ဂျီမင်းပင် ဖြစ်ရမည်။ ပက်ခ်ဂျီမင်းက အဲ့လောက်တောင်လှတာလား?
"အေးဆေးပေါ့ကွာ မနေ့က အဲ့လို မျက်နှာမျိုးမဟုတ်ပါဘူး"
"မနေ့က ကိစ္စ မနေ့မှာဘဲထားခဲ့ပြီ"
"ဟေ့ အဲ့လိုတော့ ဘယ်ရမလဲကွာ"
"ကဲပါ ယူမှာသာယူစမ်းပါ လက်ညောင်းနေပြီ"
ဘာမှ ပြောစရာ မလိုဘဲ အလိုက်တသိနဲ့ သူ့လက်ထဲကအထုပ်တွေကို ယူသွားသော အလုပ်သမား နှစ်ယောက်။ နည်းနည်းတော့ မထင်ကြီးမိပေမယ့် စိတ်တင်းထားရမယ်လေ။
"အဲ့ဒါဆို ပြန်ပြီ"
"ဟေး နေပါဦး စကားလေးတော့ ပြောပါဦး"
တံခါးမကြီးကို ပိတ်ခိုင်းပြီး သူ့ကို မေးထောက်ကာ စိန်ပြေနပြေ ကြည့်နေပြန်ပြီ။ ဗလာကျင်းနေတဲ့ အပေါ်ပိုင်းကို မကြည့်ရဲသော်လည်း ရှုံးမှာစိုးလို့ ပြန်ပြီး ကြည့်ပေးလိုက်သည်။
"မနေ့ကနဲ့ မတူပါ့လားကွာ"
"မနေ့က အကြောင်းဘဲ ခင်များပြောနေတော့မှာလား"