shh....we gotta be quite...
🍬
"ငါတို့ တော်သင့်ပြီ ထင်တယ်"
"ဂျီမင်း...ငါ့ကိုတော့ မလုပ်ပါနဲ့..."
စိတ်ပျက်လိုက်တာ အဲ့ဒါတွေ။ လမ်းခွဲတာလောက်ကို ဖြစ်ပျက်နေတာ။ နောက်တစ်ယောက် ရှာရင် တစ်ပတ်တောင် ကြာမှာမဟုတ်ဘဲ။
"ငါ အစကတည်းက ပြောခဲ့ပြီးပြီမလား...ငါ ပျင်းလာပြီ"
"ဂျီမင်း..ငါ..ငါ ဘာလုပ်ပေးရမလဲ မင်းကြိုက်တာ ပြောပါ"
"မင်း ဘာမှလုပ်ပေးစရာ မလိုတော့ဘူး"
သူ့လူကြီးကို မျက်လုံးထဲ မြင်ယောင်မိရင်း ခပ်ရိပ်ရိပ် ပြုံးလိုက်မိသေးတယ်။ သေချာတာပေါ့ အဲ့လူကြီးက သူတွဲဖူးသမျှ လူတွေထက် သာတယ်ဆိုတာ။ ချမ်းလည်းချမ်းသာတယ် ချောလည်း ချောတယ် ပြီးတော့...daddy....အဟိ
"ဂျီမင်း ကိုယ်ပြောနေတယ်လေကွာ"
"အာ မသိဘူး မင်းနဲ့ငါနဲ့ဇာတ်လမ်း ဒီမှာ ပြတ်ပြီဘဲ။ မင်းဆီက ယူထားမိတာလည်း တပြားမှ မရှိဘူးနော်။ ငါ အေးအေးဆေးဆေး သွားလို့ရတယ်မလား"
"ဘာလို့လဲကွာ...နောက်တစ်ယောက် ရှာတွေ့လို့မလား ဟင်!? ကိုယ်မေးနေတာ ဖြေလေ"
"အင်း အကြားအမြင်ရနေတာတော့ မဟုတ်ပါဘူးနော်"
"တောက်! ဘယ်ကောင်လည်း! အဲ့ကောင်က ကိုယ့်ထက် ဘာတွေများ သာနေလို့လည်း!"
"အကုန်လုံး"
"ဘာ?"
"သွားမယ်ကွာ စိတ်ရှုပ်လာပြီ။ နောက် ငါ့ကို လာမရှာနဲ့တော့"
"ဂျီမင်း! ခဏလေးနေပါဦး!"
တားနေတဲ့ အသံကို ဥပက္ခာပြပြစ်ခဲ့ပြီး ထယ်ယောင်းစောင့်နေတဲ့ ကားဆီကိုဘဲ ဦးတည်ခဲ့တော့တယ်။ အရူးတွေလို့ ပြောရင်လည်း နာဦးမယ်။ အရင်ကတည်း သူက အဲ့လိုဆိုတာ သိရဲ့သားနဲ့ မရမက လိုက်ပြီး လမ်းခွဲရင် ကိုယ်ကဘဲ လူယုတ်မာကြီး ကျနေရော။ သူတို့ဆီက ခြူစားထားတာတွေလည်း မရှိပါဘဲနဲ့။
"ဘယ်လိုလည်း"
"ဒီလိုပါဘဲ"
ပန်းရောင် ခပ်ဖျော့ဖျော့ ဆံပင်ကို အသာလှန်တင်ရင်း ဒီနေ့ တစ်နေ့တာ အစီအစဉ်ကို ထယ်ယောင်းကို ပြောနေမိတယ်။ ထယ်ယောင်းဘဲသူ့ဘေးနားမှာ ကြာကြာနေနိုင်တာမလား။ နှစ်ယောက်သား မူးရူးပြီး တစ်ယောက်နဲ့တစ်ယောက်ထိန်းပြီး အိမ်ပြန်ရတာလည်း မနည်းဘူး။ ဆယ်နှစ်တာ ကြာရှည်လာတဲ့ သံယောဇဉ်လေ။