Part - 1

2.5K 201 44
                                    


ကင်မရာမီးတွေဟာ အတင်းတိုးဝှေ့နေကြတဲ့
လူအုပ်ကြီးထဲ တဖျတ်ဖျတ် တောက်ပလို့နေသည်။ ထိုလူအုပ်ကြီးရဲ့ အလယ်က လူသားတစ်ယောက်ကတော့
တစ်စုံတစ်ဦးကိုမှ အလေးမထားသောဟန်ဖြင့် ရပ်နေဆဲ..။
ထိုလူ၏ မျက်နှာပေါ်က အပြုံးတို့ကတော့ စိတ္တဇလူသတ်သမားတို့ရဲ့... လူသတ်လိုစိတ်အရိပ်အယောင်များ ထင်ဟပ်နေသည်။
သို့သော်.. ထိုလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်တော့
မဟုတ်ပေ။

'Vense Corporation ရဲ့ ပိုင်ရှင်
ဖြစ်တဲ့ ကိုရီးယား လူမျိုး Mr.Kim ကို တရားမဝင်
လက်နက်များ တင်ပို့သယ်ဆောင်နေသည်ဟု လန်ဒန်စုံထောက်များက သက်သေနှင့်တကွ ဖမ်းဆီးခဲ့ခြင်း'

လန်ဒန်မြို့ကြီးရဲ့ ရောင်းအားအသွက်ဆုံး သတင်းစာတွေမှာ
ခေါင်းစဉ်ကြီးကြီးနဲ့ ပထမဆုံးစာမျက်နှာတွေထက် နေရာယူထားတာက သူ့သတင်းတွေချည်းပင်။
Channel ပေါင်းစုံကလည်း.. အလုအယက် ကြေငြာနေကြတာကလည်း သူ့အကြောင်းတွေ...။
Top 3 ဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ နောက်ကွယ်က
တရားမဝင်လုပ်ငန်းတွေ ဆိုပြီး အားရပါးရ ဖော်ထုတ်ချပြနေကြသည်က သူတို့ရဲ့ အနာဂတ်ကို
ကိုယ်တိုင် ဆွဲချနေခြင်းဖြစ်ကြောင်း မသိကြလေသလော။

လက်ကောက်ဝတ်ဆီက ငွေရောင်လက်ထိပ်ဟာ
Kim Tae Hyung ဆိုသည့် လူသားနတ်ဘုရားကို
အနည်းငယ်မျှ အရောင်အဝါတွေ ကျမသွားစေနိုင်ပါ။
ရက်စက်ပြီး.. ခန့်ညားသည့် ဂုဏ်ရှိန်တွေက
Tae Hyungကို ပိုပြီး မာနကြီးသည့်
နတ်ဘုရားအသွင်သို့ ဆောင်ကျဉ်းပေး ​နေသည်။

သတင်းထောက်တွေရဲ့ တစ်ဖက်ပိတ်မေးခွန်းတွေနဲ့
အူကြောင်ကြောင်နိုင်လှတဲ့ စွဲချက်တွေကို သူလျစ်လျူရှူထားပြီး
မကြာမီ လုံခြုံရေးရဲတွေဟာ Tae Hyung ကို
သတင်းထောက်တွေရဲ့ တိုးဝှေ့နေခြင်းကနေ ကာကွယ်လိုက်
ကြသည်။ သေချာပေါက် ဒီလူတွေဟာ သူမွေးထားတဲ့
နောက်လိုက်ခွေးတွေပဲပေါ့...။

ဒီလို အဖြစ်အပျက်မျိုးက Tae Hyung ရဲ့ သက်တမ်း
တစ်လျှောက်မှာ ပထမဆုံး အတွေ့အကြုံဖြစ်သည်။
ဒါဟာ လူတစ်ယောက်ကို ယုံကြည်မိလိုက်ခြင်းရဲ့
နောက်ဆက်တွဲတွေပါပဲ။ ဒီလက်နက်တင်သွင်းတဲ့ ကိစ္စလေးနဲ့
သူ့ကို သံတိုင်တွေကြား ပို့နိုင်ဖို့ဆိုတာ အတော်လေး
စိတ်ကူးယဉ်တတ်မှဖြစ်မည်။ ဒါပေမယ့် Tae Hyung
ကတော့ အပျင်းပြေအနေနဲ့ ထောင်ထဲခဏတာနေဖို့ကို
ပျော်ပျော်ကြီး ဆုံးဖြတ်ခဲ့သည်။

Purple Hyacinths Nơi câu chuyện tồn tại. Hãy khám phá bây giờ