Part - 2

1.1K 157 17
                                    

Jungkook ကော်ရစ်ဒါတစ်လျှောက်
သန့်ရှင်းရေးလုပ်နေရင်း မလှမ်းမကမ်းက ထိုင်နေတဲ့
Tae Hyung ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
စတွေ့တဲ့နေ့ကတည်းက... သူ့ဆီစကားတစ်ခွန်းတောင်
လာမပြောပေမယ့် တောက်လျှောက် သူဘာလုပ်လုပ်,
ဘယ်နားသွားနေနေ Tae Hyung က အမြဲလိုလို
ရှိနေတတ်သည်။ ပုံမှန်စိတ်နဲ့ဆို သူကောင်းကောင်း
ရိုက်လိုက်မှာဖြစ်ပေမယ့် Tae Hyung က အာဏာရှိတဲ့
လူဖြစ်တာမို့ ထောင်ပိုင်တွေ,ထောင်မှူးတွေကအစ
သူ့လူတွေချည်းမို့ Jungkook ငြိမ်နေရသည် ။

" Hey... ကောင်လေး "

ခေါ်သံက နောက်ကျောကဖြစ်တာမို့ လှည့်ကြည့်လိုက်တော့
ဟိုတစ်လောက ရန်စထားတဲ့ လူတွေဖြစ်နေသည်။
Jungkook လုပ်လက်စကို ရပ်ထားလိုက်ကာ ထိုလူတွေရဲ့
မျက်နှာကို ခပ်တည်တည် စိုက်ကြည့်နေမိ၏။
ထိုလူတွေအနားရောက်လာတာနဲ့ ပါးပြင်တစ်ဖက်ဟာ
ပူထူသွားကာ မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်လဲကျသွားတော့
ကော်လံတွေကို ဆွဲယူကာ သူ့ကိုပြန်ထစေသည်။

" မင်းကို အခွင့်အရေး နှစ်ခုပေးမယ် ငါတို့ခေါင်းဆောင်ရဲ့
လက်အောက်မှာနေမလား ဒီအထဲမှာပဲ သေမလား
ကြိုက်တာရွေး "

" နှစ်ခုလုံး မရွေးဘူး ဆိုရင်ရော "

Jungkook မျက်ခုံးပင့်ကာမေးမိတော့ ဝမ်းဗိုက်ဆီ
ပစ်ဝင်လာတဲ့ လက်သီးချက်ကြောင့် မျက်လုံးတွေပင်
ပြာတက်သွားရသည်။ ကြမ်းပြင်ပေါ် အားပျော့စွာ လှဲနေရရင်း
Tae Hyung ရှိနေ့တဲ့နေရာကို အကူအညီ
ရလိုရငြား ကြည့်မိတော့ ဘယ်သူမှ ရှိမနေတော့တဲ့
နေရာလွတ်ဟာ လှောင်ပြောင်နေသယောင်။ တစ်ယောက်ယောက်ရဲ့ နောက်လိုက်ခွေးလုပ်မယ့်အစား
သေလိုက်တာက ပိုကောင်းမယ်ထင်သည် ။

ဒါပေမယ့် မျက်လုံးထဲ ဝင်လာတဲ့ သူမရဲ့ပုံရိပ်။
သူပြန်လာမယ့်အချိန်ကို မျှော်နေမယ့် မျက်နှာလေးကို
မြင်ယောင်နေရုံနဲ့တင် နှလုံးသားဟာ နာကျင်လာရသည်။
Jungkook အားယူပြီး ထကာ ပြန်တိုက်ဖို့ လက်ရွယ်ရုံတင်
ရှိသေးသည်။ အဆက်မပြတ်ကျရောက်လာတဲ့
ရိုက်ချက်တွေ။ နာကျင်လွန်း၍ အမြင်အာရုံပင်သဲသဲကွဲကွဲ
မမြင်ရတော့ပေ။ ထောင်မှူးတွေ ရောက်လာဖို့ အားကိုးတကြီး
မျှော်လင့်ခဲ့ပေမယ့်... ဟာသတစ်ပုဒ်လို သူ့အဖြစ်ဟာ
ပြန်မကိုက်နိုင်တဲ့ခွေးလေးတစ်ကောင်အလား မြေပြင်ပေါ်
ဝပ်တွားနေရသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Sep 21, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Purple Hyacinths Tempat cerita menjadi hidup. Temukan sekarang